Tuesday, January 26, 2010

“ငှက်ကလေးအတွက် ”

“အဖေါ်ဆိုတာ
တချို. ခရီးတွေမှာ မလိုအပ်ပါဘူး” တဲ.

ဒီစကားလေး ပြောပြီး
နင် ပျံသန်းနေခဲ.တာ

ငှက်ကလေးရေ ........ နင်ပြန်လာခဲ.ပါ
နင် ဖြစ်ချင်တာတွေ ဖြစ်ခွင်. ပေးပြီး
နင် လုပ်ချင်တာတွေ လုပ်ခွင်. ပေးပါ့မယ်

နင် ရောက်ရှိရာ အရပ်မှာ
ငါ့ နှလုံးသားလေး အိပ်စက်ပြီး
နင် လဲလျောင်းရာ အရပ်မှာ
ငါ့မေတ္တာနဲ.ကျောခင်းပေးမယ်

နင်. ဆန္ဒနဲ. နင် ရှိနေပေမယ်.
“ နင်. ပင်လယ်မှာ မုန်တိုင်းစဲတဲ.နေ.ရော ရှိသေးရဲ.လား ” ဟာ

ဒီလိုဆိုရင် နင်ကပြောမယ်
“မုန်းတိုင်းမှာ ပျော်တဲ. ငှက် မုန်တိုင်းနဲ.ပဲ အသက်ဆက်ရှင်မယ်” ဆိုပြီး

ငှက်ကလေးရေ .......... နင်ပြန်လာခဲ.ပါ

“ငါ နင်.အတွက် စိတ်ပူနေတယ်”
အဲဒီလိုလေး ပြောချင်ပေမယ်.
အဲဒီလိုလေး ပြောမထွက်ခဲ.ပါဘူး ဟာ
ငါ. ရင်ထဲက စကားတွေ
နင် သိနိုင်ပါစေ နင် နားလည်နိုင်ပါစေ ။ ။

No comments:

Post a Comment