ွှအိမ်မက်ထဲမှာ...
ကောင်းကင်ကြီးကပြောတယ်...
ကောင်မလေးရေ...
အချစ်ကိုရှာတွေ့တဲ့အခါ
အလွမ်းကိုပုန်းကွယ်ဖို့ဆိုတာ
သိပ်ခက်လိမ့်မယ်တဲ့...
အိမ်မက်ထဲမှာ...
လမင်းကြီးကပြောတယ်
ကောင်မလေးရေ...
ကြည်နူးခြင်းရဲ့နောက်ကွယ်မှာ
ကြေကွဲခြင်းဆိုတာလဲရှိတယ်တဲ့...
အိမ်မက်ထဲမှာ...
ကြယ်ပွင့်လေးကပြောတယ်
ကောင်မလေးရေ...
ကောင်လေးတစ်ယောက်ရဲ့အချစ်ဟာ
ပင်လယ်လိုပဲ
မာယာများတယ်တဲ့...
အိမ်မက်ထဲမှာ
ကောင်လေးကပြောတယ်
ကောင်မလေးရေ...
နင့်ကိုငါချစ်တယ်
ငါ့နှလုံးသားထဲလာခဲ့ပါ
ကြိုနေမယ်တဲ့
ငါလေ...
မျက်စိကိုစုံမှိတ်
တိတ်တဆိတ်ရေရွတ်မိတယ်
'ကောင်လေးရေ နင့်ကိုငါချစ်တယ်'လို့
အဲဒီအခါ
ကောင်းကင်ကြီးကမျက်မှောင်ကုပ်
လမင်းကြီးကမဲ့ပြုံးပြုံး
ကြယ်ပွင့်လေးကတော့လှောင်ရယ်နေရင်း
ငါ့ကို...သနားသလိုငုံ့ကြည့်နေကြတယ်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment