Thursday, January 21, 2010

ပြဇာတ်

နံရိုး တစ်ချောင်းနဲ့ 
သမိုင်းကြောင်းကို ပြန်ပေါင်းမထုတ်ချင်ဘူး
ဘယ်လောက်ပဲ ဇတ်နာနာ
မျက်ရည်မကျတတ်အောင်လည်း
လေ့ ကျင့် ထားခဲ့ တယ်..............................။ ။
တစ်ခါတစ်လေမှာလဲ
ရုပ်ရှင်ထဲက ဇတ်လိုက်လို
ဆု့ မတောင်းရဘဲ
သူ၇ဲကောင်းဖြစ်ချင်မိရဲ့ ..............................။ ။
တကယ်ဆို ငါ က
တိမ်တွေကိုပဲ
မော့ ကြည့် နေမိတာ
နှင်းတွေကျလာတော့ မှ
ဆောင်း ရောက်ပြီမှန်း သိလိုက်ရတယ်.......။ ။
ဒါပါပဲ....အားလုံးပြီးသွားတော့ မှ
လွမ်းလက်စ ငါ့ နှလုံးသားကို
မင်းလာမဲ့ လမ်းမှာခင်းထားခဲ့ တယ်။။

No comments:

Post a Comment