အဆောင် အယောင်မရှိပါဘူး
ဒါပေမယ့် အခမ်းနားဆုံးပါ..
ပြဿဒ် မရှိပါဘူး
ဒါပေမယ့် အဝေးက မြင်နိုင်ပါတယ်…
တံတိုင်းတွေ မရှိပါဘူး
ဒါပေမယ့် အလုံခြုံဆုံးပါ…..
မြကမ္ဗလာခင်း ရွှေအဆင်းတွေမရှိပေမယ့်
ကြင်နာခြင်း က အနူးညံ့ဆုံးဖြစ်မှာပါ…
စင်္ကြ၀လာ အားလုံးထဲ
အသိမ်မွေ့ဆုံး ချစ်ခြင်းနဲ့
ဖန်ဆင်း ထားတဲ့
တစ်ယောက်တည်းသာ
ပိုင်ဆိုင်ခွင့်ရှိတဲ့ နေရာလေးပါ
နှလုံးသားနဲ့ ကြည့်ပါ ချစ်သူ….
မင်းအတွက်
အနွေးထွေး ဆုံးသော
ရင်ခွင် ..ဇရပ်လေး တစ်ခုပါကွယ် ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment