Thursday, January 21, 2010

မောင်..

မောင်
မြစ်တစ်စင်းလိုအလှနဲ့
နင့် ကိုငါမသိမ်းသွင်းနိုင်ခဲ့ပေမယ့်
ငါ့ ရင်ထဲချစ်ခြင်း
ဖြူစင်တာနင်သိပါလို့ ....မဆိုလိုပါဘူး
မောင်
ကောင်မလေးတွေလို U တွေ I တွေနဲ့ 
ငါမပြောတတ်ခဲ့ပေမယ့်
ငါ့ ရင်ထဲချစ်ခြင်း
သူတို့ မမှီပါဘူး
မောင်
နင်ဘယ်လောက်ဆိုးဆိုး
ခွင့်လွှတ်တတ်ခဲ့တဲ့ ငါ့ ကို
နင့်ရင်ထဲကချစ်ပါလို့လည်း
ငါမတောင်းဆိုဘူး
ဘာကြောင့်လဲဆိုတော့
ငါ့ ချစ်တာဖြူစင်ခဲ့လို့ပါပဲ.....
မောင်..
နင်ကဘယ်လောက်ဆိုးဆိုး
ငါကအရမ်းချစ်တာ
နင်ကငါ့ ရဲ့
အချစ်ဆုံးမို့ပါ။

No comments:

Post a Comment