ရက်စက်တယ် ချစ်သူရယ်
လွှင့်ပစ်ခဲ့တဲ့ နှလုံးသား တစ်ခုအတွက်
နှုတ်ဆက် လက်ပြသွားခဲ့ပေမယ့်
ပြုတ်ကျခဲ့ရတဲ့ နှလုံးသားကို
ပြန်လည် ထိန်းချုပ်ရင်း
ငါ့ အလွမ်းတွေ
ခင်းကျင်းထားလိုက်တယ်။
စာနာပေးပါ ချစ်သူရယ်.......
ဒဏ္ဍာရီဆန်ဆန်
ဇာတ်လမ်း တစ်ပုဒ်နှင့်
ကြည်နူးခြင်း ဇာတ်ဝင်ခန်း တစ်ခုကို
ခဏတာ ကပြပေးခဲ့တဲ့ အတွက်
နှလုံးသားတွေ
စတေးခဲ့ရပေမယ့်လည်း
အရှုံးများစွာကို
ပွေ့ပိုက် သိမ်းဆည်း
နာကြည်းခြင်းတွေ
ဘယ်ရောက်နေသလဲကွယ်။
တကယ်ပါ.......
အချစ်ဆိုတာ
ရယူခြင်းလို့ ခံယူခဲ့ပေမယ့်
တစ်ဝက်တစ်ပျက်
ရပ်ဆိုင်းသွားတဲ့ အချစ် တစ်ချို့နှင့်
စွန်းလွှတ်ခြင်းကို လက်ခံခဲ့ရတဲ့
ပစ္စုပ္ပန် အခြေအနေတစ်ခု
ဒါပေမယ့်
အချစ်တွေ အခုထိ ဝေနေဆဲပါ
ထင်သလို ပြောင်းလဲမလာနိင်တဲ့ ဘ၀မှာ
ကံကြမ္မာကိုလည်း
ဆုမတောင်းတော့ပါဘူး
မာယာအောက်မှာ
ကြွေကျသွားခဲ့ရတဲ့
ပန်းတစ်ပွင့်အတွက်
သစ္စာတရားတွေ လွှမ်းခြုံထားတဲ့ ချစ်သူကို
စွန့်ခွာသွားတဲ့အတွက်
တစ်ချိန်ချိန်မှာ
အချစ်ဆိုတာ
ခံစားတတ်ခဲ့ရင်
ဝဋ်ကြွေးတော့ ဆပ်ထားခဲ့ပါကွယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment