Thursday, January 21, 2010

အလွမ်းမှတ်စု

ဘ၀က ခဏဆိုပေမယ့်
တွယ်ငြိမိတဲ့ မျက်ဝန်းတစ်စုံက
ခဏ အားလုံးကို ပိုင်စိုးတယ်။
စက္ကန့် မိနစ် နာရီတွေဖွဲ့
လွမ်းခဲ့မိတာ မဟုတ်ပေမယ့်
ရာသီဆိုတဲ့ အချိန် စက်ဝိုင်း
လည်နေသလို
မသိလိုက် မသိဘာသာနှင့်
အလွမ်းတာရှည်ခဲ့မိတာပါ။
မမြဲ သဘောနှင့်
တည်နေတဲ့ ဘ၀မှာ
ခဏတာပဲ ဖြစ်ဖြစ်
အပိုင် လိုချင်ခဲ့တာ
အဲဒီစိတ်ကို က
မှားနေခဲ့တာပေါ့။
အရားအားလုံး တိုင်တည်ပါတယ်
နောက်ဆုံးထွက်သက် တည်သည်အထိ
တစ်နေ့ တစ်ရက် တစ်စက္ကန့်မှ
သူ့ကို မေ့မရသော သူသာ
ဖြစ်ရပါလို၏ လို့လေ။
အဲဒီလို ပုံအော
သွန်းလောင်း လွမ်းချလိုက်တာတောင်မှ
ရေစက်ကုန်သွားလို့ ထင်ရဲ့
သူနဲ့ မတွေ့ရတော့ဘူးလေ။
ရင်ဘတ်ထဲက အလွမ်းတွေကတော့
ဆုတောင်းတွေ အတိုင်း
တစ်နေ့ တစ်ခြား ပွားလို့ များလို့ပေါ့။

No comments:

Post a Comment