နားလည်ပေးပေါ့ဟာ
နင်ပဲဖြစ်ဖြစ်၊ ငါပဲ ဖြစ်ဖြစ်
အချစ်ဆိုတာတော့
မပြစ်ပယ်နိုင်ပါဘူး။ ။
တမ်းတခြင်းအသီးတွေ
အဆုပ်လိုက် …. အခိုင်လိုက်ပွင့်နေလည်း
ဘဝကို
အချစ်ရေလို့မခေါ်နိုင်သေးဘူး။
လိုအပ်ချက်ကိုပြုပြင်ဖို့ရာ
မတည်မြဲတဲ့စိတ်နဲ့ တည်မြဲတဲ့အရာ
ဒါတွေပဲ…ရှိတယ်။ ။
အဲဒီတော့
ဘာမှလည်း မရေရာဘူး၊
လွမ်းနေရတာပဲ၊ သေချာတယ်
ကြယ်ကြွေသလို
ကြွေခဲ့မယ်ဆိုရင်တောင်
ငါ… ကြွေသလိုတော့
နင်လည်း……..
မကြွေနိုင်ပါဘူး။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment