Wednesday, January 27, 2010

ကျွန်း

သက်တန်.ဆိုတာ
အပေါ်စွန်းထုတ်ပြတဲ.
စက်ဝိုင်းတစ်ခုမျှသာ.......
..................................

ကျန်ရှိတဲ. စက်ဝန်းပြတ်
ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
ကွယ်ဝှက်တတ်တဲ. သဘောက
လောကရဲ. သဘာဝ ဆိုပါတော.ကွယ်...

မေတ္တာ ..... ဆိုတဲ. သက်တန်.ရဲ.
ထိမ်ချန်တဲ. စက်ဝန်းတစ်ပိုင်း
ငါ.ရင်ထဲမှာ သူ.အတိုင်း ကျန်သေးတယ်
ဖယ်ရှား ပေါင်းထည်.ခြင်း မလုပ်မိအောင်
အရှိအတိုင်း ထားလိုက်ချင်ပေမယ်.
နင် မြင်သင်.သလား တွေးမိလို.ပါ........
မီးကျိုးမောင်းပျက် စိတ်ကူးနဲ.
သံယောဇဉ်ကို ခူးချင်တဲ.စိတ်
အရိပ် တကြည်.ကြည်. ဆပ်ပြားပူဖောင်းလေးကို
ပုဆိန်နဲ. ခုတ်ပစ်တယ် ဆိုမှာလား
ငါ.အမှားပဲ ထားပါလေ..............

မသိစိတ်က လှုပ်နှိုး
မေးခွန်းမျက်ဝန်းလေး လှမ်းအခိုးမှာ
ငါရိုရိုကျိုးကျိုး မြတ်နိုးမိသွားခဲ.တာ
ကြယ်မှုန်မှုန် အတွေးတွေ တိုင်းမှာ
သက်တန်. တစ်ပိုင်းလို ကိုင်းညွတ်အုပ်မိုး
ငါဖြူစင်အောင် ... နင် ..... ပျိုးခဲ.ဖူးတယ်...........

ပိုင်ဆိုင်ဖို.ထက် မြတ်နိုးဖို.ကို
ငါ.........ပိုလို. အလေးထားရင်း
ကိုးကွယ်ခြင်းနဲ. တပိုင်းသေနေတဲ.
အိပ်မက်ရှည် တွေလေ
နင်.ကြောင်. အရွက်အခက်ဝေခဲ.တယ်

အဲဒီလို
ရိုးရိုးသားသား အံကိုကြိတ်
ကောင်းကင်ကို တိတ်တဆိတ်မော. ကြည်.
တိမ်တွေကို စကားပြောမိခဲ.
လူရှင်းတဲ. လမ်းပေါ်မှာ
နာမည်လေးတစ်ခုကို တိုးတိုးခေါ်ရင်း
သက်ပြင်းတွေချဖူးခဲံ.ပြီ

အတည်အတံ ငါ.ရင်ခွင်ဟာ
နင်မြင်တာထက် ပိုသိပ်သည်းခဲ.တယ်
မြိုသိပ် တဲ. အနက်ရှိုင်း ကို
နင်သိအောင် သမိုင်းမတင်ခဲ. တာဟာ
တိမ်လွှာပေါ်က သဏ္ဍာန်ရုပ်ကို
နင် ....... သက်သေလုပ်မယ် မထင်လို.ပါ........

အကြည်.ထက်မပိုတဲ. မေတ္တာတရား
နင်ဘယ်လို နားလည်မှာလည်း
တောကြီးမျက်မည်းထဲက သစ်ရွက်တစ်စ
တစ်တောလုံးရဲ. သဘာဝ မဟုတ်ဘူး
ရည်စူးသမျှတွေ ခင်းကျင်း
ငါတစ်ဘ၀လုံး လင်းခဲ.တာတောင်
နင်သိအောင် မပြခဲ.ဘူးလေ..........

စိတ်ကူုးကိုယ်တူ ဝေးခဲ.တာ မဟုတ်တော.
အတွေးတွေဖြန်.ကာ အုပ်မိုးတဲ.ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ. လန်.နိုး
သူစိမ်းဆငန်တာ ဆိုးတယ်ကွယ်

ငါ.ရဲ.ရာဇ၀င် စပယ်ဦးလေးရေ
ဥပက္ခော အစိမ်းတွေရင်မှာ စူးလောက်အောင်
ဘယ်အမှား အယွင်း ကိုမှ မခူးမိပါလားကွယ်
...............................................

နင်မယုံကြည်နိုင်ခဲ.တဲ.မေတ္တာ
ငါမဖေါ်ပြသာတဲ. သံယောဇဉ်
နင်မမြင်နိုင်ခဲ.တဲ. နာမဓါတ်တွေနဲ.
နင်.ကိုနင် ကန်.သတ်ထားပါ

ခေါင်းငုံအံကြိတ်
ကိုယ်ဒဏ္ဍာရီ ကိုယ်ပြန်ပိတ်ခဲ.ရ
တစ်ဘ၀စာ မိုးသည်း
ယုံကြည်ခြင်းတွေ အိမ်ယာ အပြောင်း မှာ
ကောင်းကင် နဲ. ငါတောင်ပံလွဲခဲ.ပြီ

အကြည်. တွေ တနွယ်ငင် စိမ်းလဲ.ကြ
ဘာေ ကြာင်.များ ယုံကြည်မပေးသလဲ
ရင်ထဲမှာ နင်.နင်.သက်သက်
ပတ်ဝန်းကျင် ချည်တဲ.ကြိုးက
မိုးမလင်းခင် ပွဲဖျက်တယ်..................

တစ်လမ်းမောင်း ပန်းပွင်.လေးကိုမှ
ခဏခဏ မိုင်းတိုက်
ငါက
သူရဲကောင်းဆန်ဆန် မမိုက်ရဲ.လို.
တိုက်ပွဲမှာ ကျသူပါ........

အထီးကျန်ရထားလေးက
ဥသြသံ ဖြူလျော်လျော်တောင် မပေးဘဲ
အဝေးကို အပြေးတပိုင်း ထွက်ခွာ
နာကျင်ခြင်း ကုန်အပြည်.တင်ဆောင်
ငါနင်.ကို .............ရှောင်ပါ.မယ်...........

သူကိုသိပ်ချစ်လို.
တစ်ဘ၀လုံး ပြန်သစ်ချင်ပေမယ်.
ဘယ်ဖြစ်နိုင်ပါ.မလည်းကွယ်
ကိုယ်ရင်ထဲ ကိုယ်ပြန်ပုန်းပြိး
မျက်ရည်နဲ. ငါရုံးမယ်

ယုံကြည်မှုကို ပေးအပ်ဖို.က
ခြေတစ်လှမ်းမက နောက်ကျ ခဲ.ပြီ
ဒိရေပြာပြာ အိပ်မက်တွေက
အတိတ်လပြည်. ညတိုင်း တတ်တယ်........

အမြတ်တနိုးလေးရေ
ဝေးကွာခြင်းတွေ တနံတလျားနဲ.
ကာလများ အလွှာလွှာ အထပ်ထပ် မှာ
တယိုင်တရွဲ. ရပ်တည်ခဲ့ရတယ်
ခဏငယ်တိုင်းမှာ ပျံဆွတ်
မျှော်လင်.ခြင်းပန်းခိုင်
မနိုင်တနိုင် .................. ယိုင်ညွတ်တယ်

ကံနည်းသူတွေ လျှောက်တဲ.လမ်းပေါ်
မျှော်လင်.ခွင်. ကို ဆုတ်ကို
ဘယ်အချိန်မှာ ပြန်တိုက်ဆိုင်မလဲ
မရဲ တရဲ ပင်လယ်သစ်လေးမှာ
ကျွန်းဖြစ်လာပါကွယ်.............

No comments:

Post a Comment