Sunday, January 24, 2010

နောက်ဆုံးအခွင့်အရေး

သေသည့်တိုင်အောင်ချစ်နေမယ် ................
အသက်လောက်ချစ်တယ် .. ဆိုတဲ့စကားတွေကို
အရင်က ငါလှောင်ခဲ့ဖူးတာပေါ့ ...........
အခုတော့ ကိုယ်တိုင်ခံစားနေရမှ နားလည်ခဲ့ပြီလေ ......။
ဘယ်လိုရေစက်ကြောင့်ရယ်လို့ မသိ ...။
မင်းကို သေလောက်အောင် ချစ်ခဲ့ရတာ .......
.ရူးမတတ်ခံစားခဲ့ရတာတွေ မင်း မသိခဲ့ပါဘူး ......။
မင်းကို အကြွင်းမဲ့ယုံကြည်ခဲ့တာပါ ချစ်သူရယ် ...။
“ချစ်သူ”တဲ့ ... စကားလေးနှစ်လုံးကို ရင်းလို့
လက်တလုံးခြား လှည့်စားခဲ့တဲ့
မင်းရဲ့ “အချစ်”ဆိုတာကို .....
ငါ ဘယ်လိုများ နားလည်ရမလဲ...။
အတူပျော်ခဲ့ရတဲ့ နေ့ရက်လေးတွေကို ...........
ပြန်တမ်းတမိရုံကလွဲလို့ ......
ငါ့မှာ ဘာအခွင့်အရေးများ ရှိနိုင်ဦးမှာလဲ........။
“မင်းကို ငါ့ရင်ထဲအနက်ရှိုင်းဆုံးတစ်နေရာက. ...
တကယ်ချစ်ခဲ့ရတဲ့အတွက် ........
ငါ့လောက်ပြန်မချစ်နိုင်တော့ရင်တောင် .........
ငါ့ကို မုန်းမသွားပါနဲ့ဦး လို့ ...နောက်ဆုံးအနေနဲ့
ပြောဖို့ အခွင့်အရေးလေးတော့ ပေးခဲ့ပါဦး ချစ်သူရယ် .........။

No comments:

Post a Comment