Thursday, January 28, 2010

စိမ်းကားတတ်သူသို့

ချစ်သူ...
မင်းရင်ထဲကို
ငါမမြင်နိုင်ပါဘူး
ဒါကြောင့်...
မင်းငါ့ကို
လိမ်ချင်သလောက်လိမ်ပါ
ညာချင်သလောက်ညာပါ
ဒါပေမဲ့.....
ငါ့ကိုတော့ မမုန်းလိုက်ပါနဲ့ .....။
ချစ်သူ...
မင်းကြည့်တဲ့အကြည့်နဲ့ 
မင်းမျက်ဝန်းကဘာသာစကားတွေကို
မဖော်ထုတ်ပါရစေနဲ့ 
ဒါကြောင့်...
မင်းရှုပ်ချင်သလောက်ရှုပ်ပါ
တွဲချင်သလောက်တွဲပါ
ဒါပေမဲ့.....
ငါ့ကိုတော့ မမေ့လိုက်ပါနဲ့ .....။
မင်းကိုဒီလောက်ပေးဆပ်ခဲ့တာ
မင်းနားလည်သင့်တရ်
ဒါပေမဲ့.....
ငါ့ဘက်ကပဲပေးဆပ်နေရတာ
တစ်ခါတစ်လေမှာတော့
မင်းဘက်ကနွေးထွေးတဲ့
တုန့် ပြန်မှုလေးတွေတော့
လိုချင်ခဲ့တာ အမှန်ပါပဲ...
မင်းဘက်ကနွေးထွေးတဲ့
တုန့် ပြန်မှုမရရင်နေပါစေ
စိမ်းကားမှုတွေတော့
မပေးလိုက်ပါနဲ့ နော်.....။

No comments:

Post a Comment