နှောင်ကြိုးတည်း မြားတစ်စင်း
အားနဲ့ခွင်းလို့ ချယ့် ရင်ကိုလာစိုက်
တလှိုက်လှိုက်နဲ့
အသည်းကို ခြစား
အက်ဆစ်များထဲမှာ ပျော်ဝင်
ဦးနှောက်တွေ တံခါးပိတ်သွား
နှလုံးသားအချက်ပြ မီးတွေ လင်းလက်လာ
နာရီသံမမှန်တော့
မြစ်ရေစီးသံပြောင်းလဲ
ဒီလိုနဲ့ပဲ
တဖြည်းဖြည်း...........
လှုပ်ရှားမှုတိုင်းဟာ အသက်ရှင်လာ
ချိုချိုသာ ငြိမ့်ညောင်း
ကောင်းကင်ကို ကျေနပ်
ကြယ်စင်တွေဆီ ပါးအပ်လိုက်တဲ့အခါ
အလို.........
ငါ့ ရင်ထဲမှာ
မီးရထားတစ်စင်း
အရှိန်ပြင်းပြင်းနဲ့
ခုတ်မောင်းနေပါပေါ့လား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment