Tuesday, January 26, 2010

မာယာကြိုးဝိုင်း

အရာအားလုံးဟာ
လှလှပပလေးပဲ
ပြီးဆုံးသွားခဲ့တာပါ
အထူးတလည်လဲမုန်းမနေတော့ပါဘူး

ဒါနဲ့စကားမစပ်
နင်ပြုံးတာတော့တော်တော်လေးလှတယ်နော်
အဲဒါကရောနင်သုံးနေကျ မာယာတစ်မျိုးပဲလား

တကယ်တော့ငါဟာ
ပြိုင်ပွဲဝင်တစ်ယောက်မဖြစ်သင့်ဘူးဆိုတာ
နင်လဲသိခဲ့မှာပါ

အရည်အချင်းစစ်လိုက်ကတည်းက
ငါက၀င်ခွင့်ပြုတ်ခြဲ့ပီးသား
ဘယ်လိုလုပ်ပြီး
ကြိုးဝိုင်းထဲရောက်လာလဲဆိုတာတော့.......

နှုတ်မဆက်တော့ဘူးနော်
ငါအလိုက်တသိထွက်ပေးလိုက်မယ်
ဒီပွဲရဲ့အရှုံးအနိုင်
ဒိုင်လူကြီးတောင်မျက်စိလည်သွားနိုင်လို့

No comments:

Post a Comment