Sunday, January 31, 2010

I don't know where you are

လေထဲမှာ အသက်ရှုရင်း
ရေမွန်းနေတဲ့ လူတစ်ယောက်လိုမျိုး
ငါ လေမွန်းနေတယ်
နေရတာ မွန်းကျပ်ကျပ်နဲ့
အသက်ရှုမ၀တဲ့
ငါ့ဘ၀က ဘာလဲ
ဘာလဲဘာလဲ နဲ့ အဖြေရှာရင်း
ဒီလိုနဲ့ပြီးဆုံး
အပြုံးတစ်ပွင့်တောင်ပန်ဖို့ခက်
လာပြီ
ကြုံရာရေး ကျရာဘာသာဆိုတဲ့
စာအုပ်တစ်အုပ်လိုမျိုး
ငါ့ဘ၀က ကြုံရာမှာနေ ကျရာမှာက
ဘ၀လှပေမဲ့ ဘ၀မဲ့ခဲ့ပြီလား
နှလုံးသားရဲ့တောင်းဆိုချက်က
ဦးဏှောက်ရဲ့ တွက်ချက်မှု့အောက်မှာ
ပျောက်ပျက်ခဲ့ပြီလား
ထုတ်မပြောဖြစ်ခဲ့တဲ့ စကားလုံးများစွာက
ထုတ်ပြောမပြတတ်အောင်
ရင်ထဲမှာ သိပ်သည်းသွားခဲ့ပြီလား
လား..လား..လား..လားပေါင်းများစွာနဲ့
အဓိပ်ပါယ်မဲ့ ဘ၀ကိုရှင်သန်နေရပြီလား
ဒီတွေးတောချက်က
ရင်ထဲမှာ ပိုမောစေခဲ့တယ်
ရေထဲမှာ မဟုတ်ပေမဲ့
လေထဲမှာ အသက်ရူကျပ်ရင်း
လေမွန်းနေခဲ့တယ်
ဘယ်မှာလဲကွယ်
ဟိုအရင်က လက်ဆက်တဲ့အပြုံးတွေ
ဘယ်မှာလဲ ငါရဲ့ ရယ်မောခြင်းတွေ
ဟိုအရင်က ငါ့ရဲ့ ပျော်ရွှင်ခြင်းတွေ
ပြန်ရှာလို့ မရတော့ဘူးတဲ့လား
အတူပျော်ခဲ့ဖူးသူရေ
နင်ပြန်မလာတော့ဘူးတဲ့လား
အမှားမလုပ်မိသေးပေမဲ့
အမှားနွံထဲ ကျွံတော့မဲ့အချိန်
တားမြစ်မဲ့ နင် ဘယ်မှာလဲ
အတွေးအဆုံးမှာ
နင့်အမုန်းတွေကျေစေချင်ရဲ့
နင်မရှိတဲ့ငါ
ဘ၀မှာ အခါခါကျရှုံး
အပြုံးမဲ့နေပြီမှန်း သိခဲ့ရင်
ချစ်သူ နင်ပြန်လာမှာလား…

No comments:

Post a Comment