Tuesday, January 26, 2010

- = + % သခ်ျာလိုအချစ် - + = %

မင်းရဲ့ကာရန်မညီတဲ့အချစ်တွေနဲ့

ဟာမိုနီ မဖြစ်တော့တဲ့ ငါ



( KEY )လွတ်နေတဲ့ မင်းခံစားချက်က

ကြိုးပြတ်နေတာ မင်းတကယ် မသိခဲ့တာလား

အဖြေတွက်ခက်ပုစ္ဆာလို့တော့ မင်းမပြောနဲ့မှားနေလို့ပါ


သီအိုရီဆိုတာအဖြေရှိတယ်


အတွက်ခက်တယ်လို့ပြောရအောင်

မင်းငါ့ကိုချစ်ခဲ့ဖူးတဲ့ “ အချစ် ”ဆိုတာတွေက

သင်္ချာဂဏန်းတွေ ဖြစ်နေခဲ့သလား


ရင်နာနာနဲ့ ( မင်းလို ) သင်္ချာမပါဘဲ ငါမေးပါရစေတော့


စီးပွားရေးဈေးကွက်တင်အချစ်ကိုသင်္ချာလုပ်ပြီး

ငါ့မေတ္တာအစစ်ကိုပုစ္ဆာအဖြစ်

တွက်ချက်ခဲ့တာ

တစ်ကယ်ဆို မင်းမှားနေတာကို ပြန်စဉ်းစား


မင်းက ကိန်းဂဏန်းလို့ ထင်နေခဲ့တဲ့

ငါ့အချစ်က မင်းတွက် ဈေးကွက်တစ်ခုလား


မင်း နှင့် ငါ စတွေ့တုန်းက

“ အချစ်ဆိုတာဆန်းကြယ်တယ် . . လေးနက်ကြီးမြတ်တဲ့အရာဆို ”

( မင်းပြောခဲ့တဲ့ . . . စကားတစ်ခွန်းလေ )


အ ခု မှ န ကန်း တစ် လုံး နား မလည်

ကဗျာ စာပေ မသိဘူး အတွက်ခက်တဲ့ ပုစ္ဆာရယ်လို့ ထွက်ဆိုခဲ့တဲ့ အဖြစ်


မင်းရဲ့ လက်သုံးစကား

ငါလိုက်မမှီတော့လို့နောက်ဆုံးမေးပါရစေ


အခု နေ့ညမပြတ် ထိုင်လွမ်းနေခဲ့ပါတယ် ဆိုတဲ့

အလွမ်းများစွာ ကရော

ဘာပေတံတွေနဲ့ တိုင်းထွာခဲ့တာတဲ့လဲ


အင်ဂျင်နီယာလိုစိတ်ကြိုက်ပုံစံဆွဲ

အချစ်ကိုကန်ထရိုက်ဆောက်

အလွမ်းကိုလေလံပေးမယ့်မင်းအချစ်လား


ငါ့ ကိုတော့ မင်းက

ငါး တစ်ကောင်လို မျှားပြီး

ရေမရှိတဲ့ ကမ်းစပ်မှာ

အကြိမ်ကြိမ်

နှစ်တမ်း

ကစားခဲ့လို့

မင်းအပေါ်မှာ

ငါ့ချစ်ခဲ့ဖူးတဲ့

အချစ်တွေအားလုံး

ရေမွှန်းသေတာကြာလှပေါ့


. . . သြော် . . .

ငါယုံကြည်မိခဲ့တဲ့

မင်းအချစ်ဆိုတာတွေက

ရန်ကုန်မြို့လယ်တစ်နေရာက

ပန်းဆိုးတန်းလမ်းမဘေးတစ်လျှောက်


ဘေးဘီဝဲယာမှာအပလီချို

စကားတွေနှင့်

ဈေးထိုင်ရောင်းနေတဲ့

ချိန်ခွင်အလေးမပြည့် ငါးသည်မလိုပါပဲလား

No comments:

Post a Comment