အသစ်စက်စက်မဟုတ်တဲ့
မင်းရဲ့.......မာယာပစ်မှတ်ထဲကို
ငါဟာအခုမှရောက်လာတဲ့
ချစ်တတ်သူ၁ယောက်ပါ
တိမ်တွေလိုအရောင်ေ ပြာင်းတဲ့
နှလုံးသာပိုင်ရှင်ကိုမှ
ရူးလောက်အောင်ချစ်ခဲ့ရ.........ငါ့အချစ်တွေကို
အလွမ်းဓါတ်တွေပေးပြီးလမ်းတ၀က်မှာထားခဲ့တယ်
ထာဝရလို့ရည်ရွယ်လိုက်တဲ့ငါ
လွမ်းရတဲ့အသဲပေးလိုက်ရတယ်
ခေါင်းစဉ်တပ်မှားတဲ့ဇာတ်လမ်း၁ပုဒ်မှာ
တယောက်ကရင်နဲ့ရင်းခဲ့လဲ
တယောက်ကခြေနဲ့နင်းသွားတယ်
ဒိလိုနဲ့
ရာသီပေါင်းများစွာမှာ
နှလုံးသားဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့
စိတ်ဓါတ်တွေချောက်ခြား
ရုန်းထွက်ဖို့မလွယ်တော့တဲ့
မာယာရဲ့ကြား
ရင်ပေါက်မတတ်ချစ်ခဲ့ရတဲ့ငါ့အချစ်တွေ
အတွက်
ပြန်လည်ပေးဆပ်ပါအုံးလား
ဘာ့လို့များ
အဲလောက်အစွမ်းထက်တဲ့ ............မာယာမျိုး
မင်း........ရင်မှာပျိုးခဲ့ရတာလဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment