Tuesday, January 26, 2010

ဒီကြမ္မာ

စာရေးလည်းမထူး
ကဗျာရေးလည်းမထူး
ထူးပြီးလည်းကောင်းမလာ
ဒီကြမ္မာကို ဘယ်လိုပြောင်းမလဲ

ဝေဒနာကြောင့်အထီးကျန်ခြင်းလား
အထီးကျန်ခြင်းကဝေဒနာလား
ထူးပြီးလည်းကောင်းမလာ
ဒီကြမ္မာကို ဘယ်လိုပြောင်းမလဲ

စိတ်ပျော့လို့အားငယ်တာလား
အားငယ်တတ်လို့စိတ်မခိုင်တာလား
ထူးပြီးလည်းကောင်းမလာ
ဒီကြမ္မာကို ဘယ်လိုပြောင်းမလဲ

အိပ်မပျော်လို့ညတာရှည်တာလား
ညတာရှည်နေလို့ပဲ အိပ်မရတာလား
ထူးပြီးလည်းကောင်းမလာ
ဒီကြမ္မာကို ဘယ်လိုပြောင်းမလဲ

ရှေ့ဆက်လို့ ဒီကြမ္မာ
ဘယ်ပုံကိုပြောင်းအုန်းမှာလဲ
ကောင်းအုန်းမှာလား ဆိုးအုန်းမှာလား
ပြောရတော့ခက်သား။

No comments:

Post a Comment