Thursday, January 21, 2010

ပန်းစကား

ရွက်စိမ်းပင်ကြား
လျှောက်သွားတိုးဝှေ့
ပျော်မွေ့ငြိမ်းအေး
လေပြည်လေးရယ်...........
မင်းနဲ့အတူ
ဆောင်ယူလို့သွား
စကားအလွမ်း
ပန်းပွင့်များစွာ
သူ့အား ပေးလိုက်ပါနော်.......
ငါ့မှာတော့လေ........
သံယောဇဉ်ကြိုး
နှောင်မိုးတွယ်ငင်
ဖြတ်ချင်မရ
ဒီဘ၀ထဲ
မင်းကိုပဲ တမ်းတ နေရပါတယ်လို့

No comments:

Post a Comment