ငါ..
သတိလက်လွတ် အချစ်မေ့နေချိန်
အရှိုက်ကိုချိန် မြှားနတ်မောင်က
မညှာမတာ ဒီဖူးစာကိုဆင်ပေးခဲ့တယ်လေ။ ။
လွမ်းဆွတ်မှုနဲ့ ဇာတ်မသိမ်းလို လို့
တက်နိုင်စွမ်းကုန် တို့လမ်းဆုံအောင်
အိမ်မက်တွေစတေး ငါအကုန်ပေးခဲ့တာလေ။ ။
မြတ်နိုးရသူ
ကြုံလာသမျှ ဘယ်သို့ဘယ်ပုံရင်ဆိုင်ရှင်းလင်းဖို့
ငါလက်ကိုနင် တင်းတင်းဆုပ် အသည်းလှုပ်အောင်
အားပေးစကားဆို နင်ခိုဝင်ခဲ့ဖူးတယ်နော်။
စောင်ခဲ့ချိန်ကို ငါကဆိုတော့
သုံးနှစ်တောင်ဟာ မင်းစွန့်ပစ်ခဲ့တာ
အချိန်တွေဆွေး ကမ္ဘာတွေဝေးပေါ့တဲ့
ငါစစ်ခင်းခဲ့တယ် အဲ့ဒီအပြစ်ဖို့တဲ့သူတွေနဲ့။
သူတို့အားလုံးမှားနေကြတယ်
နင်ကထာဝရလို့ပြောခဲ့တာပဲ
ငါပိုသိတာပေါ့။
ဒီနေ့…..
သူတို့ ပြောခဲ့သမျှတွေ ကြိမ်ဖန်ခါများ
ငါ့နားထဲပြန်ကြားလာတယ်
သေသေချာချာ တစ်ခါပြန်အဆုံး
ပြန်တွေးကြည့်ပါဦး ဆိုတာတွေကိုပေါ့။
ငါ့အထင်တော့.. ငါပဲ အ ခဲ့တာပါ
သူတို့ငါထက်ပိုသိခဲ့တာပဲ…။
ဘာပဲဖြစ်ဖြစ်ပါ
နင်ကတစ်ဘဝတာ ထာဝရပါလို့ ပြောခဲ့တာလေ
ငါ့ရင်ထဲမှာရှိနေသေးတယ်။
တစ်ခုပဲရှိတာက
ဒါတွေကို ဘယ်သူမှမသိ အဖြေလည်းရှိနိုင်မယ်
မထင်တော့ပါဘူး။
မြတ်နိုးရသူ
နင့်ကတိတွေ ဘယ်သူမှမသိနိုင်ဘူး။
ဘယ်သူမှ မသိနိုင်ပါဘူး
မသိနိုင်တော့ပါဘူး………..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment