Friday, January 29, 2010

အဆုံးသတ် မှတ်တိုင်

နေ၀င်ခြင်းရဲ့ နောက်ကွယ်မှာ
နေ့သစ်များစွာရှိနေသေးတယ်
အမှောင်ထုရဲ့ နောက်ကွယ်မှာ
အလင်းတန်းတချို့ ရှိနေသေးတယ်
လွမ်းမောခြင်းတို့ နောက်ကွယ်မှာ
နစ်မျောမူ တို့ရှိနေတယ်
ငါ နှလုံးသားရဲ့ နောက်ကွယ်မှာတော့
နာကျင်မူ တွေရှိနေခဲ့တယ်ချစ်သူ

လနဲ့နေ တထပ်တည်းကျတဲ့နေ့
မိုးနဲ့မြေ တထပ်တည်းနီးကပ်တဲ့နေ့
စိုထိုင်းမူတွေကွယ်ပျောက်
ခြောက်သွေ့မူတွေ ကြီးစိုးလာမဲ့နေ့
အေးမြမူရဲ့ တွေ ကွယ်ပျောက်
ပူလောင်မူတွေ ဖြန့်ကျက်လာမယ့်နေ့
ပင်အိုတွေ ကျဆုံး ပင်ပျိုတွေ လွန့်ထွက်လာမယ့်နေ့
ငါ့ ရင်ထဲကအချစ်ရဲ့ ပင်ပျိုထက်က
သစ်ရွက်လေးကြွေကျသွားတဲ့နေ့
မထင်မှတ်ပဲ ရောက်လာခဲ့ပြီလားကွယ် .........

ပျော်ရွင်မူတွေပျောက်ဆုံး
နာကျင်မူတွေ ကိုထွေးပိုက်ရင်း
ကြင်နာမူတွေ ပျောက်ဆုံး
စိမ်းကားမူတွေနဲ့ ပြည့်နှက်နေခဲ့တဲ့
ဒီလမ်းလေးပေါ်မှာ ဘယ်လိုလူမျိုးက
ငါ့ နာကျင်စရာဇာတ်လမ်းလေးကို
အသိအမှတ်ပြုမှာလဲဆို မသေချာတော့ဘူးနော် .....

အပြုံးတပွင့်ကို သယ်ဆောင်ရင်း
အမုန်းတခုကို ထိန်ချန်ခဲ့မိ သူ
ကြည်နူးမူတွေနဲ့ ပေးဆပ်ရင်း
မျက်ရည်စတို့ကို မေ့ဖျောက်ခဲ့မိသူ
ယုံကြည်မူတို့ကို ကိုးကွယ်ရင်း
လွပ်လပ်မူတို့နဲ့ ဖြေဆည်းပေးခဲ့ မိသူ
ငါ့အတွက် ဒီနေ့တရက်ဟာ
သေရာပါ အနာတခုဖြစ်ခဲ့ပါပြီ
မမျှော်လင့်ခဲ့တဲ့ နေ့ရက်တခုကို ရောက်ခဲ့ပြီလားကွယ် ...............
ဒီရင်မှာ နာကျင်ခဲ့ပြီပေါ့ကွယ် ........

No comments:

Post a Comment