Friday, January 22, 2010

သိရဲ့လား ကောင်လေးရေ လွမ်းတယ်

လွမ်းတယ်ကောင်လေးရေ
အလိုမကျတာတွေနဲ့စုစည်းထားတဲ့ဘဝတွေထဲမှာ
မင်းနဲ့ကိုယ်ဆုံခဲ့တယ်။

မင်းကလဲဝေးဝေးမှာ
ကိုယ်ကလဲဝေးဝေးမှာ
အချစ်ဆိုတာက
ရင်ဆိုင်ခွန်အားတွေ
ကိုယ်တို့ကိုပေးခဲ့တယ်
ချစ်တာတစ်ခုထဲအားကိုးနဲ့
ကိုယ်တို့တွေချစ်ခဲ့ကြတယ်။

အဲသည်အချစ်ကပဲလေ
ကိုယ်တို့ကို
လွမ်းစေပါလားကောင်လေးရေ။

No comments:

Post a Comment