Saturday, February 27, 2010

မထိုးနှက်ကြပါနဲ့ 

ချင် ငံ ချိုစပ် ခါးသက်သက်နဲ့ 

၇ပ်တည်နေတဲ့  ၇ုပ်ကြွင်း တခုကို

အမှားအမှန် များစွာ ကြိုပြောထားမယ်

မထိုးနှက်ကြပါနဲ့ 

လွတ်နေတဲ့  နေ၇ာတစ်နေ၇ာစာက

ခံနိင်၇ည် မ၇ှိလို့ ပါ

မထိုးနှက်ကြပါနဲ့ ......

အချစ်သင်္ဘောလေး

စွန့်ခွာခြင်း

ကုန်တွေကို သယ်ဆောင်ပြီး

ဘ၀ ပင်လယ်ပြင်ကို ရွက်လွင့်သွားတဲ့

အချစ် သင်္ဘောလေးရေ

မင်းဟာ

ငါ့ရင်ခွင်

မျှော်လင့်ခြင်း ဆိပ်ကမ်းကို

ဘယ်တော့မှ ဆိုက်ကပ်ဖို့ မစဉ်းစားတော့ဘူးလား


ဆွေးဆွေးမြည့်မြည့်

ဥသြသံနဲ့တအူအူ မှုတ်လိုက်တဲ့

ခွဲခွာခြင်း သက်ပြင်းတွေက မင်းရင်ခွင် ခေါင်းတိုင်ဆီကလား


ငါ့ မျှော်လင့် ဆိပ်ကမ်းမှာ

အကြင်နာတွေ မြစ်ရေ မတိမ်သေးပေမယ့်

သံယောဇဉ် ကျောက်ဆူးကြိုးကို ဖြုတ်ပီး

ဘယ်အငြိုးနဲ့များ အချစ်နဲ့ ဝေးရာ ဘ၀သမုဒ္ဒရာဆီ ဦးတည်ခဲ့ရတာလဲ

ငါ့မျှော်လင့်ခြင်း ဆိပ်ကမ်းမှာတော့ အလွမ်းဒီရေတွေ တိုးဝင်ရိုက်ခတ်လို့

တစ်နေ့နေ့မှာ သံယောဇဉ် လွန်းတင်တဲ့ ကျောက်ကြိုးတစ်ခု

လာရောက်ချည်နှောင်မယ့်အချိန်ကို

မဖြစ်နိုင်မှန်း သိရဲ့နဲ့

မျှော်လင့်

နေမိ

သေး

တယ်

လွမ်း...တိမ်တိုက်

....အချစ် အဆိပ်ငွေ့ တွေသင့် နေတဲ့  နှလုံးသားတစ်ခု....

....အလင်းရောင် မရှိတဲ့  ညတစ်ခွင်မှာ....

....စမ်းတဝါးဝါး လမ်းပြောက်နေဦး မှာလား....xx


....အတောင်မစုံသေးတဲ့  ငှက်ငယ်တစ်ကောင်....

....လိုရာခရီးပြန်သန်းဖို့  ခွန်အားပြု့ စချိန်မှာ....

....ခက်ထန်သော မုန်တိုင်းက တိုက်ခတ်ဦးမှာလား....xx


....ဒဏ်ရာအပြည့်နဲ့  နာကျင်လာသူကို....

....မျက်စိလည် လမ်းပျောက်အောင်...

....တောနက်မှောင်က ပြု့ စားဦးမှာလား...xx


....လေခွင်ရာမှာ လေးညင်းသာ စောင့်သူကို....

....မိုးကြိုးသံရယ် တစ်ညံညံပေးကာ....

....ခြိမ်းခြောက်နေဦး မှာလား....xx


....တောင်စိုင်ကြားက မြူမှုံတို့ ရယ်....

....သင်တို့ ရဲ့ မြူငွေ့ လေးတွေဟာ...

....ငါ့ ရဲ့ လွမ်းငွေ့ လေးတွေနဲ့ အတူ....

....ကောင်းကင်ထက်မှာ လွမ်းတိမ်တိုက်လေးတွေ....ဖြစ်နေပြီကွယ်..

မိုင်တွေဝေး

ပြောင်းလဲခွင့်မရှိတဲ့ဘ၀မှာ
လုပ်မိသမျှဟာ ရယ်စရာတွေပဲလား?
အလေးအနက်ချစ်ခဲ့ပါရက်နဲ့
ဘာကြောင့်များတို့တွေဝေးရတာလဲ?
မေးခွန်းတွေ ရာထောင်ချီနေပေမယ့်
အဖြေမရှိတာ ငါသိတယ် ...

တစ်ခါက
ငါခိုနားခဲ့ဖူးတဲ့ မင်းရင်ခွင်
ငါလွမ်းလိုက်နာ
နင်နဲ့လည်းဝေးရော
ငါ့ဘ၀တွေအရာရာပျောက်ရှ
နင်မရှိတဲ့ဘ၀က
ရေမရှိတဲ့မြစ်အလားပဲ ---

အမှိုက်တစ်ခုဖြစ်ခဲ့ရင်တောင်
နင်ကန်ပစ်လို့ရတယ်
ငါ့ဘ၀ကို ငါမပိုင်လို့
နင်နှင့် အဝေးဆုံးဝေးတယ် ...

ခြေစုံရပ်မိတဲ့
ဒီနေရာ၊ ဒီဘ၀တွေ
ကိုယ်သာရှိ စိတ်မပါ
နင်ထားခဲ့တဲ့ ငါ့ရဲ့ကမ္ဘာ ................

သီးသန့် အဆိပ်ရေ

အကျိုးမဖြစ်ရုံနှင့်တော့
အမြစ်ကနေဆွဲမနှုတ်ပစ်ပါနဲ့
နင့်အတွက် အရိပ်ကလေးတော့
ပေးနိုင်ပါသေးတယ် ...

ရနံမမွှေးတာလေးနဲ့
ချေမပစ်ပါနဲ့
နင့်အလှတွေ ပိုဝင့်ကြွားစေဖို့
အဖြည့်ခံလေးဖြစ်နိုင်သေးတယ် ...

သောက်လို့ မရယုံနဲ့
သွန်မပစ်ပါနဲ့
နင့်အတွက် အဆိပ်တစ်ခွက်ဖြစ်ခဲ့တောင်
ခြေဆေးဖို့ ရေတစ်ခွက်အဖြစ်နဲ့
အသုံးဝင်ပါသေးတယ် .....

မခွဲအတူ

တမြေစီဝေးလို့
လွမ်းသမျှကို
ရင်မှာသိမ်းဆည်း
ကို ကျန်းမာဖို့
နေ့ ညမပြတ်
ကို့အတွက်ပင်
နှလုံးသွေးဖြင့်
တောင်းဆုခါခါပြုခဲ့သည်............။

အနေဝေးလို့
သွေးအေးသတဲ့
အေးအတူပူအမျှ
အချစ်တူလျှင်
လက်တွဲထာဝရ
သခင်သည်သာဘ၀မို့ 
မခွဲအတူ ချစ်ကြည်ဖြူလို့
အသဲနှစ်လွှာနီးကြစေ..............။

Friday, February 26, 2010

အဆိပ်ဆေး.

မင်းက.....
ဆရာဝန်လား.....
သူနာပြုလား......
သူတို့တတွေကတော့
လူနာ တစ်ယောက်ကို
ဆေးကျွေးတက်တယ်
သက်သာအောင် ကုသပေးတယ်
မင်းကတော့...
ငါ့ကို....
ဒဏ်ရာဆိုတဲ့
ရောဂါတွေပေးပြီးမှ
ဆေးတွေကျွေးတယ်
အစတုန်းကတော့
ကျေနပ်စွာ သောက်သုံးခဲ့တယ်
ငါ့အတွက်
အားဆေးတစ်ခွက် အမှတ်ပေါ့
အခုတော့ ..........
မင်းကျွေးနေတဲ့ ဆေးတွေက
အားဆေးမဟုတ်ဘူး
လူကိုသေစေနိုင်တဲ့
အဆိပ်တွေပဲ
ကောင်လေး....
မင်းငါ့ကို ညှင်းသတ်နေတာလား
ချစ်သူ

ဖြူစင်တဲ့မေတ္တာ

ကြင်နာခြင်းရဲ့အလင်းရောင်တွေ
မင်းမြင်အောင်ကြည့်လိုက်ပါ........ချစ်သူ

ချိန်မြိန်ခြင်းရဲ့အသီးပွင့်တွေ
မင်းမြိန်လျက်စွာစားသုံးလိုက်ပါ......ချစ်သူ

အေးချမ်းခြင်းရဲ့မေတ္တာတရားတွေ
မင်းလွှမ်းခြုံထားလိုက်ပါ...............ချစ်သူ

မျှော်လင့်ခြင်းရဲ့အိပ်မက်တွေ
မင်းအကြိမ်ကြိမ်တမ်းတလိုက်ပါ......ချစ်သူ

ငါဟာ.................မင်းအတွက်
ပျော်ရွှင်စရာနေ့သစ်များစွာတွေ
ဖန်ဆင်းနိုင်မယ့် တန်ခိုးရှင်
မဟုတ်ပေမယ့်

ဖြူစင်တဲ့ချစ်ခြင်းများစွာကို
ထုစစ်ထားတဲ့
နှလုံးသားတခုတော့ ပေးနိုင်မှာပါ..........................ချစ်သူ

မိုးရေထဲမှာ

ချစ်သူ
မိန်းကလေး တစ်ယောက်ရဲ့
ကန့်သတ်ချက် ဣနြေ္ဒစည်းနှင့်
နှလုံးသားကို အနားကွပ်ထားတာကလွဲရင်
နှလုံးသားရဲ့ ကဗျာတွေ
မင်းဖတ်စေဖို့ မျက်ဝန်းတံခါး
အမြဲဖွင့်ထားခဲ့တယ်။

ငါ့ ရင်ခွင်တံခါး ဖွင့်ဖို့အတွက်
နားလည်မှုသော့လည်း
မင်းဆီမှာ အပ်နှင်းထားတယ်။

သဲကြီးမဲကြီး ရွာချနေတဲ့
မိုးကို အန်တု
ထီးတစ်ချောင်းအောက်မှာ
မင်းဆန္ဒနှင့် ထပ်တူကျ
မိုးတွေကိုလည်း
ငါ့ ချစ်တတ်ခဲ့တယ်။

ဒါပေမယ့် ...... ချစ်သူရယ်
မင်း ဘ၀ ရှင်သန်ဖို့အတွက်
အကြင်နာ မိုးတွေ သွန်းဖြိုးဖို့
ဝန်မလေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့
ရင်တွင်းဖြစ် ကဗျာကို
ဘာလို့ မခံစားတတ်ခဲ့တာလဲ။

တကယ်ဆိုရင်
ကျောခိုင်းသွားတဲ့
မင်း ခြေလှမ်းတွေအတွက်
အကြောင်းပြချက်တော့
မင်း ပေးသင့်တယ်။

အခုတော့
ညိုသာညိုပြီး မစွေခဲ့ရတဲ့
အကြင်နာတွေ
မျက်ရည် အဖြစ်စီးဆင်းရင်း
အတူဖြတ်သန်းဖူးတဲ့ မိုးရေထဲမှာ
အတူခိုလှုံဖူးတဲ့ ထီးတစ်ချောင်းအောက်မှာ
အသည်းကွဲ မိုးသီချင်းတွေ
ငါ့ ဆိုညည်းလို့
အထီးကျန်ခြင်း ကဗျာတွေ
ငါ့ ရေးနေမိတယ်။

၇ှိနေမယ်

ငါ့ ၇င်ထဲ ဆေး၇ုပ်ကြမ်းကြမ်း

မင်းထိုးသွားသလား အောက့်မေ့၇တယ်

အချိန်ကာလ နေ၇ာဒေသ

အကန့် အသတ်တွေ ခြားသွားပေမဲ့ 

တိုက်ဆိုက်မှူ့  မ၇ှိလဲ သတိ၇တမ်းတ မိတယ်ဆိုတာ

သိသေး၇ဲ့ လား အဆောင်သူလေး၇ယ်...

နင်မှားတာလား ငါမှားတာလား

အခုထိ အဖြေ၇ှာမ၇သေးတဲ့ 

တက်ခဲ့ တဲ့ ပြသနာကြောင့် 

ေ၇၇ာစွာ တို့ နှစ်ယောက်ဝေးသွားပေမဲ့ လည်း

လက်မပြနူတ်မဆက်ပဲ ထွက်ခွါသွားတဲ့ 

မင်း၇ဲ့  နောက်ချန်ပုံ၇ိပ်ကို

ငါသတိ၇တိုင်းေ၇းဆွဲနေမယ့် 

ပန်းချီးကားတစ်ချပ်ဆိုတာ .......

အဝေး

ငါတို နှစ်ယောက်ကြားက့
ရွေးချယ်ခွင့် ဗလာကို
ငါတို့ နှစ်ယောက်စလုံး
စိတ်ကလေးနဲ့ တောင်
တို့ ထိခွင့် မရ..
ငါ့ ဘက်ကပဲသေချာနေခဲ့ တာ
မင်းကိုဖတ်ရှု့ နိုင်ဖို့ ကတော့ 
ကံကြမ္မာက အဝေးဆိုပြီး
ခေါင်းဇဉ်ထပ်တပ်လိုက်တယ်
ဒီလိုနဲ့ ..
ဆုံခွင့်မရတဲ့ ကြိုးနှစ်စဟာ
ကြုံနေရတဲ့ အတိုင်း
ငါတို့ နှစ်ယောက်
ဝေးမြဲဝေးဆဲပေါ့ ........။

ရင်တွင်း......လွမ်း

~~အခုငါတို့ ဝေးနေကျတယ်~~

~~ငါမင်းကိုလွမ်းနေတယ်ဟာ~~

~~အချိန်တိုင်းလိုလို ပေါ့ ~~

~~အချစ်အလွမ်းအဆွေးတွေကို~~

~~ကမ္ဘာဦး အစတုန်းက မည်သူများ ဖန်တီးခဲ့ တာလည်း~~

~~နှလုံသားရဲ့ ခံစားချက်တွေမှာ~~

~~အလွမ်းအဆွေးတွေ မရှိခဲ့ ရင် သိပ်ကောင်းမယ်ဟာ~~

~~လွမ်းမိတိုင်းကျခဲ့ တဲ့  ရင်ထဲကမျက်ရည်တွေ~~

~~ဘာရယ်ကြောင့် မကုန်ခမ်းနိုင်တာလည်း~~

~~အပူဒဏ်ကြောင့် မြစ်ချောင်း အင်းအိုင်တွေတောင်~~

~~ကုန်ခမ်းခြောက်ကပ်တတ်ပြီး~~

~~ငါ့ ရင်ထဲကမျက်ရည်တွေကျတော့ ~~

~~တနေ့ ထက်တနေ့ ပိုလို့ တိုးပွါးလာခဲ့ တယ်~~

~~ချစ်ကမ္ဘာလောကကြီးကိုလေ အစကပြန်ပြီး စလို့ ရရင်~~

~~အလွမ်းအဆွေးတွေ ကင်းစင်အောင်~~

~~ဖန်ဆင်းပေးဖို့  တောင်းဆုပြုလိုက်ချင်ပါတယ်~~

~~အချိန်တွေဟာ မြန်လွန်းနေပါလားလို့  ငါ ထင်ခဲ့ တာ အခုတော့ ~~

~~အရမ်းနှေးကွေးနေပါလား အချိန်တွေရယ်~~

~~အော်..ချစ်သူနဲ့ ဝေးနေဦးမယ့် အချိန်တွေ ဟာ~~

~~စက္ကန့် ပေါင်း များစွာပါလား......နော်

မောင်တယောက် သိစေချင်

ခံစားမှုတစ်ခု ရင်ဝယ်လှုပ်ခတ်
အချစ်ဟူသောအရာနှလုံးသားဝယ်
ထာဝစဉ်ကိန်းအောင်းနေခဲ.ပြီ။
အချစ်သစ်ပင်စိုက်ခဲ.မိ ရ၍
အလွမ်းအသီးများထာဝစဉ်စားသုံးနေရပြီ။
အဝေးကချစ်သူချစ်ခဲ့မိတော.
ရင်မျာနီးဖို.စိတ်ကူးယဉ်
နေ.တိုင်းမတွေ .
ချစ်စိတ်တ်းတ
ပါးပြင်စိုစွတ်နေမြဲပင်
ရင်နှင်.အမျှချစ်ခဲ.ခြင်းများ
'မောင်'တစ်ယောက်သိအောင်
ပြောပြချင်၍
ကာရံမမိကဗျာတစ်ပုဒ်
ဖွဲ.၍ချစ်ကြောင်းသီကုံး
စာစီရေးဖွဲ.တင်လိုက်သည်။

ချစ်လျှက်

ချစ်စိတ်ရှင်သန်
ထာဝစဉ်နှိုးကြွ
အိပ်မရညများ
ရက်ဆက်တာရျည်
မောင်မျက်နှာလေး
မြင်ယောင်တမ်းတ
မျန်းဆစိတ်ကူး
ပန်းခင်းလမ်းသဖွယ်ခင်း၍
'မောင်'ထံပါးသို.
အရောက်လှမ်းလို.လာချင်တယ်
မဖြစ်နိုင်ချိန်
ခဏဝေး၍
ထာ၀၇နီးဖို.
စောင်.နေမယ်
အမြဲမပြတ်
လက်ကိုတွဲ၍
ထာဝရမခွဲနေ.ဖို.ကွယ်
သစ္စာရှေ.ထား
နောက်ကွယ်များလည်း
အမြဲချစ်လျှက်နေပါမယ်။

မျှော်နေမယ်နော်

မင်းနဲ့ ကြည်နူးနေတဲ့ အချိန်လေးတွေက
ငါ့ကို အခုတော့ လွမ်းဆွတ်မှုတွေ
ပေးနေပြီ ချစ်သူ....
မင်းငါ့ကို ဘာလို့ မုန်းသွားတာလဲလို့
ငါစဉ်းစားလို့မရဘူး..
ငါ့မှာ မင်းလိုတာတွေကို
ဖြည့်ဆည်းပေးခဲ့ ပြီးပြီလေ
မင်းငါ့ကို မုန်းသွားခဲ့ပေမယ့်
ငါဝမ်းမနည်းပါဘူး....
ဘယ်အချိန်မှာ ဘယ်လိုဘဲဖြစ်ဖြစ်
နင်လာမယ်ဆိုရင် ငါ့ရင်ခွင်တံခါးကို
အမြဲတမ်း ဖွင့်ထားတယ်...
မင်းလာမယ် ဆိုရင်
ငါမျှော်နေမယ်....

လွမ်းလို့ ဆွံ့အသွားတဲ့ကြယ်

လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်
ပုံကို အမြဲတမ်း ဆွဲပေးပါတယ်
လွမ်းလို့ ဆွံ့အသွားတဲ့ ကြယ်
လွမ်းလို့ ဆွံ့အသွားတဲ့ကြယ်ဆိုတာ တကယ်ရှိလို့လား
တအံ့တသြပဲ ကြည့်မိတယ်
သူက စကြာဝဠာကြီးတစ်ခုလုံးမှာ
ချစ်သူမျက်နှာတခုသာ ရှုစရာအမှတ်နဲ့
တွဲထားသည်ဖြစ်စေ ခွဲသွားသည်ဖြစ်စေ
သိစိတ်ထဲမှာရော မသိစိတ်ထဲမှာရော
ဒါကိုပဲ အဖန်ဖန်အထပ်ထပ် ရှုလို့
သူ့တစ်ကိုယ်လုံး အလွမ်းဓာတ်တွေ ပျံ့နှံ့ပြီး
ဆွံ့အသွားတဲ့ ကြယ်တစ်လုံးသာ ဖြစ်တယ်။

မာယာများနဲ့ ချစ်သူ

ငါ့ဘဝကို အရှုးံးပေးပြီး..............

နှလုံးအေးအေးနဲ့ပဲ ငါချစ်ခဲ့ဘူးတယ်ချစ်သူ။

နင်ကပဲ ရက်စက်ကြမ်းတမ်းတာလား

ငါကပဲအသဲနုတာလား............။

ဘာဘဲဖြစ်ဖြစ် နင်ကိုဆက်ချစ်နေအုံးမှာပဲ

ဲအခုတော့ ငါဟာမင်းရဲ့ မာယာကျော့ကွင်းမှာ

သက်ဆင်းရတဲ့ သားကောင်ငယ်ပေါ့။

တကယ်တော့ နင့်ကို

ငါ့နှလုံးသားနှိုင်ငံတိုင်းမှာ

အချစ်ဘုရင် တင်မြှောက်ပြီး။

ကျွန်တယောက်လို ခစားပြီးချစ်နေတာတောင်မှ

မင်းပေးခဲ့ ဆုလတ်တွေဟာ

ငါ့အတွက် ဆုံးရှုံးမှုတခုဆိုတာ

မင်းသိနားလည်ပါစေ ချစ်သူ...................။

ပြောင်းလဲချိန်

ဖြူလွလွ တိမ်တွေ
ကောင်းကင်မှာယိမ်းနွဲ့ လို့ ....
ရိုးသားမှု အတိနဲ့ 
ဆည်းဆာချိန်.....
အရောင်တောက်လာလိုက်တာ......
နီဆွေးဆွေးတိမ်တွေဖြစ်သွား
ပြေးလွှားနေကြပါလား.....
ပြောင်းလဲ သွားတာထင်တယ်…။

ရဲရဲတွတ်နီ သွေးရည်ကြည်တွေ
ခန္ဓာထဲမှာစီးဆင်းလို့ ......
ဣနြေ္ဒရရနဲ့ 
ခံစားတတ်တဲ့အချိန်
အချစ်ဆိုတဲ့ ငနဲသား......
ကြီးထွားလာလိုက်တာ
ကြည်ပြာရောင်သွေးတွေဖြစ်သွား
စိမ်းလန်းနေကြပါလား.....
ချစ်မိသွားပြီ ထင်တယ်…။

သူခိုးအနမ်း

့မေတ္တာကျိုးတဲ့အနမ်းလား
သစ္စာပျိုးတဲအနမ်းလား
ယှဉ်စမ်းပါ ကလေးရယ်...
ချစ်သူကဆိုး နှလုံးထက်မှာပျိုး
ခိုးတဲ့အနမ်း သူခိုးမှန်းသိသော်လည်း
မေသာသူ ကြည်ဖြူစေချင်လျှက်ပါခင်...။

ထစ်ခါချိုးတဲမိုး နှစ်ကြာတိုးတဲ့ကြိုး
တမျိုးပဲရှိတယ်လေ
နှစ်ပင်လိမ် တပင်သာယှက်
ကြင်လျှက်သစ္စာ နွယ်ခက်သည့်ပမာ
တကယ်အသက်တမျှသာပါ ကလေးရယ်...။

ငါ့ ရင်ထဲက အသဲတခက်
မှေးကာစက်တဲ့ ကလေးရေ
သခင်အတွက် ရှင်လျှက်နှလုံးသားပေးခဲ့ပါပြီ
သစ်စိမ်းကာချိုး အမုန်းရယ်မတိုးပါနဲ့တော့ကွယ်....။

အပြစ်မကင်းတဲ့ချစ်ခြင်း

အတ္တမကင်းတဲ့
နင့်နဲ့ငါ့ ရဲ့ ....ချစ်ခြင်းတစ်ခုမှာ
အသည်ုးကွဲခြင်းနဲ့အဆုံးသတ်
ဇာတ်လမ်းပြတ်ခဲ့တယ်ဆို
ဘယ်သူကမှားခဲ့လဲ.....ဟင်
ချစ်သူတွေဆိုပေမဲ့.....ချစ်သာချစ်ပြီး
နားလည်မှု့ မရှိတော့တဲ့အခါ
အပြစ်တွေဖြစ်လာတော့ 
အမျက်တွေက.....နင့်နဲ့ ငါ့ ကြား
ဖျတ်ခနဲဆို....တိုးလို့ ဝင်လာ
နှလုံးသားမှာအမာရွတ်တစ်ခုအနေနဲ့ 
ဖျက်မရအောင်စွဲထင်ခဲ့ပြီး
မာနနဲ့လမ်းခွဲ.....အတ္တကိုရှေ့ တန်းတင်လို့ 
အခုတော့အသည်းကွဲ
နာကျင်ကြတာရော......ငါထင်တယ်
နှစ်ယောက်စလုံး....အပြစ်မကင်းပါဘူး
အခုတော့ အသည်းကွဲလို့ 
အစားထိုးဖို့ ခက်ပေမဲ့
နင့်နံဘေးမှာ........
ငါနေချင်ပါသေးတယ်
ချစ်နေသေးတဲ့ ...ငါမဟုတ်တဲ့
ှနှလုံးသားတစ်စုံနဲ့ ပေါ့...
ငါလေနင့်ကိုချစ်နေသေးတယ်
အတ္တမကင်းတဲ့ချစ်ခြင်းတွေနဲ့ ပေါ့ ................................

အဝေးဆုံးထိ ခွဲခွာဖို့

အမှားအယွင်း' တွေ အောက်မှာ
လောက ၀ဋ် တွေ အကျေဆပ်ဖို. ပါလား
ဧည်.ခံ စကားလုံး အသေတွေ ပါလား
၉၈ က ဂစ်တာ ချစ်တဲ. သူငယ်ချင်းလေးပါလား
'မောင်' ဆိုတဲ.နာမ်စားသုံး ချစ်သူလေး ပါလား
ဒေါင်.မကျိုးတဲ. စိတ်ဓါတ်လေးတွေ ပါလာသလား
အဲဒီ အမှားအယွင်းတွေ အောက်မှာ..
ငါတို................တွေ တွေ. ဆုံကြသေးလား။။။။။။။။

ဒီလိုပါပဲ
နာကျင်မှု ဒဏ်ရာတွေက
လူသားသုံး ဘာသာစကားလို
ငါတိုနှစ်ယောက်ကြားမှာ တွင်တွင်သုံးတတ်တယ်

မောင်
ကမ္ဘာကြီး ရဲ. ရယ်သံက တိုးလိုက်တာဟာ
အဝေဆုံးထိ ခွဲခွာဖို.
အနီးဆုံးတွေ.ဆုံ ခိုနားခဲ. ပြီး ပြီ ပဲ။။။။။

ကမ္ဘာကြီး ရဲ. ငိုသံက တိုးလိုက်တာ
သူ.......နောက်ဆုံးအချိန်ထိ
ကောင်းကင် တစ်ခုလုံး
ရင်အုံထဲ ထည်.....၀ှက်...သွား...ရှာ ..တယ်။။
ငါတို.
အဝေးဆုံးထိ ခွဲခွာဖို.
အနီးဆုံး တွေ.ဆုံ ခိုနားခဲ.ကြတယ်။။

မောင်.......ငါတို.
မှန် တချပ်ကို လိုအပ်နေတာလား
ပြတင်းပေါက် တခြမ်းစာ မရှိတဲ. ဘ၀ မှာ
ကိုယ်ဆန္ဒ နဲ. ကြယ်တွေ ခြွေချမိပြန်တယ်
မောင်
ဘယ်ဟာ အဖြူ
ဘယ်ဟာ အမဲ လည်း
အရောင်တွေရဲ. ခံစားချက်မှာ
အတ္တတွေ ခါးလွန်းလို. ငါ မသဲကွဲ မိပြန်ဘူးဟာ။။။။။။။။။။။

အချစ်...

မမြင်ခင်ရင်ခွင်သစ်မှာ.....
ဆုံလာဖို့ဖန်ရှာတဲ့ ကံကြမ္မာ..
မျက်ကွယ်လေးမပြု..
ငါ့လေတစ်ခုခုကို..
ခံစားလိုက်ရတယ်
ချစ်တယ်ပေါ့...
မမြင်ခင်က စိတ်တွေပြိုခဲ့ရ
မြင်ရတော့ အကြင်နာလက်လှမ်း....
ကမ်းလှမ်းမိချင်ပါရဲ့...
သူလေသိစေ..
မလှမ်းဝံ့သော်လည်း...
လှမ်းမိချင်ခဲ့လေရဲ့..
ကံကြမ္မာဆုံလာခွင့်ပေးတဲ့..
သူရယ်....

တချိန်ချိန်မှာ

နင်ငါ့အပေါ် ကြင်နာပြလေ
ငါကြောက်လေပဲချစ်သူ။
တချိန်တချိန်မှာ
နင်ငါ့အနားကထွက်ခွာရင်
ဒါတွေဟာငါ့အတွက်
နာကြင်စေမယ့် ဒဏ်ရာတွေပါ။
နင်ငါ့အပေါ်နူုးညံ့ပြလေ
ငါကြောက်လေပဲချစ်သူ။
တချိန်ချိန်မှာ
နင်ငါ့အပေါ် မေတ္တာမရှိတော့ရင်
ဒါတွေဟာ ငါ့အတွက်
ပူလောင်စေမယ့် ဝေဒနာတွေပါ။
နင်ငါ့အပေါ် အရမ်းချစ်ပြလေ
ငါကြောက်လေပဲချစ်သူ။
တချိန်ချိန်မှာ
နင်ငါ့်အပေါ် မသာယာတော့ရင်
ဖြေစရာ မရှိတဲ့အဆိတ်တွေပါ ချစ်သူ...................။

ခက်ပြီ

ချစ်သူ......... ရေ.......
မစဉ်းစားချင်ဘူး ဆိုလဲ မရပါ
သတိမရချင်ဘူးဆိုလဲ မရတော့ပါလား
ငါကိုယ်တိုင်ကိုက အမှတ်မရှိတာပါ

ချစ်သူ.........ရေ......
မဖြစ်ချင်တာတွေလဲ ဖြစ်ကုန်ပြီ
ငါ မှားလားမှန်လား ဆိုတာတောင်
ဝေခွဲမရတော့ဘူး
ပူလောင်ခြင်းဆိုတဲ့ ဒုက္ခကတော့ တရစ်ပြီတရစ်ပေါ့

ချစ်သူ.........ရေ........
ရုန်းထွက်ချင်ပေမဲ့လည်း
ရုန်းထွက်ဖို့ တော့ ခက်နေပြီ
နေမြင့်တော့ အရှုးရင့်ဆိုသလိုပဲ
အပျက်ပျက်နဲ့  နှာခေါင်းသွေး ထွက်နေရပြီပေါ့
.....ဆက်မတိုး နဲ့ ဆိုလဲ
.....ဆက်မသွားနဲ့  ဆိုလဲ
.....ဆက်မလုပ်နဲ့  ဆိုလဲ
အစိုးမရတဲ့ ငါ့စိတ်ကြောင့် ခက်ပြီ.....
ဒါဟာ အချစ်တဲ့ လား...ခက်တော့နေပါပြီဗျာ...

မေ့ပါစေ

ဖြူစင်မှု့ကိုတိတ်တစ်ခိုးအရောင်ဆိုး
ခင်မင်မှု့ကို တိတ်တိတ်ပယ်ဖျက်
ရစ်ထွယ်ခဲ့တဲ့ သံယောဇဉ်မှာ
မြက်နိုးခြင်းထပ်ခဲ့တယ်
အမှန်ပါ မညာဝံ့ဘူး
မြက်နိုးမိခဲ့တယ်……
တိတ်တစ်ခိုးပါပဲ ကြိတ်ပိုးတော့မဟုက်ဘူး
မသိစေချင်ခဲ့ပါဘူး
အရူးလို့ ထင်မလား
ကိုယ့်အတွေးနဲ့ကိုယ်
ကိုယ်မှန်တယ်ထင်ရင်း
ကပ်းမိမဲ့လက်များကို ရုတ်သိမ်းဖူးတယ်
လှမ်းမိမဲ့ ခြေများကို ရုတ်သိမ်းဖူးတယ်
ချစ်သူရယ်
ငါကမျက်နှာမွဲပါ
မင်းချစ်သူမဖြစ်သင့်သူ
ငါ့ဘ၀ကိုငါနားလည်ခဲ့
မင်းကို လာခွင့်ပြုဖို့
နှလုံးသားက လက်မခံခဲ့ဘူး
ပညာမဲ့ ငါ့နှလုံးသားထဲ
ပညာမဲ့င့ါဦးဏှောက်ထဲ
မင်းကို နိုင်ငံကျော်ကြီးဖြစ်စေချင်ပါရဲ့
မင်းကို မီရှယ်ဝီက ချစ်စေချင်ပါရဲ့
ချစ်သူရေ
ဥယျာဉ်မှုးဆိုတာ ပန်းခူးဖို့ ပျိုးခဲ့တယ်ထင်လား
အခိုးမခံရဖို့ စိတ္တဇနဲ့ စောင့်ကြည့်ခဲ့ရသူပါ
ကိုယ်ပျိုးတဲ့ပန်း ထာဝရလန်းဆန်းစေချင်သူပါ
ထိုက်တန်သူဆီ ရောက်ဖို့ အမြဲဆုတောင်းနေသူပါ
အရိပ်တစ်ကြည့်ကြည့်နဲ့ချစ်ခဲ့တယ်
အဦးဆုံးအချစ်ပါ
ဒါပေမဲ့ ထာဝရအတွက်လေ
ခယောင်းလမ်းထဲလျှောက်ရဲသတဲ့လား
ငါ့ခြေဖ၀ါးသာ အနာခံပါရစေလားကွယ်
ငွေအတွက် မဟုက်ဘူး
ပညာဂုဏ်မြင့်တဲ့မင်းအတွက်
လမ်းပြနိုင်သူမဟုက်ခဲ့ဘူးလေ ငါက
ဘေးကလိုက်ပါနိုင်သူလည်း မဟုက်ခဲ့ဘူး
ရူးမိုက်တဲ့နှလုံးသားက
ချစ်သူကို လမ်းဘေးမချရက်တာ မင်းနားလည်စေချင်ပါရဲ့။
ရွှေကိုရွှေချင်းထပ်စေချင်တာ မင်းနားလည်စေချင်ပါရှဲု။
ချစ်သူရေ
ငါ့နှလုံးသားမှာ တစ်ဘ၀တာလုံးအတွက် မင်းရှိပြီးသား
တစ်သတ်တာလုံးအတွက် မင်းရှိပြီးသား
မင်းနဲ့ငါ့ အမှတ်တရ မှန်သမျှ
မင်းပုံရိပ်မှန်သမျှ
ငါ့နှလုံးသားမှာ…….
မင်းမသိအောင် သိမ်းထားပြီးသား။
အချစ်က မင်းကိုခံစားရစေသလား
ခဏတာသည်းခံလိုက်ကွယ်
ဆူးဆိုတာ စူးတုန်းခဏသာ နာကျင်တတ်တာမို့
အချိန်ကြာလာရင် မင်းမေ့သွားပါလိမ့်မယ်။

လမင်းနဲ့နင်

ငွေလမင်းကသာ
ဒီညမှာတော့
အတွေးသစ်နဲ့ငါ
နင့်ရုပ်လွှာကြောင့်
သိဝိမင်းလို....ရှုးရတော့မယ်ထင်ပါတ.ယ်
လမင်းနဲ့ပုံပမာနှိုင်းလို့ 
မျက်ဝန်းမှာနင်ရှိတာ......ချစ်လွန်းလို့ ပါ
မင်းကငါ့ ကို......ရိုးသားစွာအပြုံးတစ်ချက်
ပေးခဲ့ပေမဲ့.......ထူးဆန်းစွာရင်ခုန်သွားတာ
တစ်ဒိတ်ဒိတ်နဲ့........ငါ့ နှလုံးသားပါ
အချစ်ဆိုတာမြစ်တစ်စင်းလို့
ခံယူတဲ့ငါ.....အခုတော့ကဗျာတွေကို
ဖက်တွယ်လို့ ..အသက်လေးယဲ့ ယဲ့ 
ကျန်တော့တယ်ဆို...
မင်းရီမလားပဲ
တစ်ခါမှကိုမချစ်ဖူးတဲငါ.........ငွေလဆီမှာဆုတွေတောင်းလို့ 
အချစ်တစ်ခုသာပေးသနားပါဆိုရင်
ပြောမှာသေချာတယ်........အချစ်ဦးမို့ နင်ရှုးတာဆို
ဒါကြောင့်လေ.....စကားတစ်ခွန်းတော့ပြောချင်ပါတယ်
မကြင်နာချင်နေပါ........ရင်နာအောင်တော့မလုပ်ပါနဲ့ 
ငါ့ကို.....နင်လေ
အချစ်တွေကိုထပ်လို့ .....မပေးချင်လည်း
အမုန်းတွေကို....နှလုံးသားထဲ
ထည့် လို့တော့ မပေးပါနဲ့
တိတ်တိတ်လေး......ငွေလကိုလွမ်းလို့ 
ငါ........နင့်ကိုဆက်ချစ်နေသေးလို့ ပါ
နင်မသိပေမဲ့လေ..........................................

အရှူံး

ပေးမပေးတော့မသိဘူး
ငါကမတောင်းရဲခဲ့တာ......

သူရဲကောင်းတွေကျော်ကြားတဲ့ခေတ်မှာ
ငါက ဓားမကိုင်တတ်ခဲ့တဲ့ကောင်ပါ.......

တွေ.လား
မင်းမသိတဲ့လူတစ်ယောက်
မင်းမသိအောင် ဒူးထောက်လို.။ ။

ရင်မှဖြစ်သော

းးးးးးးးးအတိတ်တွေကိုးးးးးးးးး
ပြန်မသွားချင်ဘူး

းးးးးးးအရိပ်တွေကိုလည်းးးးးးးး
ပြန်မလွမ်းချင်ဘူး

းးးးးးတစ်ကိုယ်ရေတည်းပဲးးးးးး
နာကျင်စွာနဲ့
မှေးစက်ဖူးတဲ့မင်းရင်ခွင်လည်း
ယောင်လို့တောင်ပြန်မတွေးချင်ဘူး

းးးးးးးရင်နာတယ်ဆိုတားးးးးးးး
နာကျင်ခဲ့ရလို့ပါ

းးးးးးးးးဝေဒနာဆိုတာကလည်းးးးးးးးးးး
ငါမခေါ်ခဲ့တဲ့
နှလုံးသားကိုတိုက်စားသွားတဲ့
နှလုံးသားဖျက်တဲ့.....ပိုးတစ်မျိးပါ

းးးးးးးးအကြင်နာဆိုတာကးးးးးးးးးးးး
မင်းဆီကငါရလိုက်တဲ့အတုအယောင်နဲ့
ဆေးဆိုးထားတဲ့......မာယာတွေနဲ့လက်နက်တစ်မျိုးပေါ့

တော်ပါပြီ.......အလွမ်းဆိုတာကို
ကမ်းစပ်တစ်နေရာမှာပဲ
ကွဲအက်ကာကြေမွဖူးတဲ့
ဒဏ်ရာများစွာနဲ့ပွန်းပဲ့သွားတဲ့
သုံးမရတဲ့.......နှလုံးသားနဲ့အတူ
သဂြိုလ်လို့ ပဲ.....ဂူသွင်းလိုက်ပါ့ မယ်
ရင်မှာဖြစ်ခဲ့ဖူးတဲ့
မင်းနဲ့ပက်သက်သမျှ.....ထာဝ၇များစွာနဲ့အတူပေါ့.......
းးးးးးးးးးးရင်မှဖြစ်သော.......ထာဝရများစွာနဲ့ ပေါ့းးးးးးးးးးးးးးး

”ချစ်ခြင်းအတ္တ”

ကြင်နာမှုဟာ..
မြတ်နိုးမှုရဲ့ ကြင်ယာဖက်မို့
ကြင်နာမှုတွေ သတိရတိုင်း
မင်းရဲ့ ရင်ခွင်နဲ့ အနီးဆုံး
နေချင်တဲ့ အတ္တ
မင်းနားလည်နိုင်မလားကွယ်....။

ချစ်ခြင်းဟာ သနားမှုရဲ့
သက်တော်စောင့်မို့
သနားချစ်မြတ်နိုးမှုဟာ
ငါ့ရဲ့ရင်ကို စူးနစ်သမို့
သွေးစိမ်းစီး..
ငါ့ရဲ့ အသက်မဲ့ပါစေ
ငါဆက်ချစ်နေမဲ့သူပါ...။

သစ္စာကျမ်း မကျိန်ဆိုဖူးပေမယ့်
နင်နဲ့ငါ မခွဲနိုင်အောင်
သိပ်ချစ်တာ...
တူညီနေသမျှ နင့်ရဲ့ချစ်သူငါ...
ငါ့ရဲ့ ချစ်သူ နင်....
ဖြစ်နေမှာ..
သေချာလေရဲ့ကွယ်...။

လွမ်းရမဲ့သူ

တွေ့ဆုံကြုံကွဲ
ဆုံမှတ်တွေလွဲခဲ့ရပေမယ့်
လွမ်းနေဆဲပါချစ်သူ
အင်တာနက်လိုင်းတွေပြတ်တောက်
ကော်နက်ရှင်တွေကြတော့
သူ့ကိုလွမ်းစိတ်နဲ့
စိုးထိတ်တမ်းတလို့
လွမ်းရဦးမယ်
အချစ်ဦးရယ်
ငယ်ကအချစ်အနှစ်တစ်ရာ
ဘယ်ကစတဲ့အချစ်ဝေဒနာပါလိမ့်
ဘယ်ဋီကာအချစ်ကျမ်းတွေမှာ
အချစ်ဆိုတာ...
တစ်သက်တစ်ခါသာ
ချစ်ပါမည်ဟု
ခါခါဆုတောင်းကတိပြုလျှက်.....

ဖေဖော်ဝါရီမျက်ရည်

မိုးတွင်းမဟုတ်တဲ့ ဖေဖော်ဝါရီလမှာ

မိုးရွာနေသလို ငါ့နှလုံးသွေး ........... တစ်စက်စက်နဲ့ စီးကျနေခဲ့ 

နှလုံးသွေးတို့ နဲ့ အတူ ....... မျက်ရည်မိုးတွေအပြိုင်ရွာသွန်းကြလို့ 

မိုးနတ်မင်းတောင်အရှုံးပေးတဲ့ ငါ့ရဲ့ နှလုံးသွေး နဲ့ မျက်ရည်မိုးပြိုင်ပွဲမှာ ..............မင်းကဒိုင်လူးကြီးအဖြစ်နဲ့ အဆုံးအဖြတ်ပေးမှာလား

ဒီပြိုင်ပွဲမှာ မင်းကဘယ်လိုဆုံးဖြတ်ချက်မျိုးပေးမှာလဲ ............. အနိုင်ရရင် ခွဲခွာစေဆိုတဲ့ ဆုတံဆိပ်နဲ့  ............. ရှုံးခဲ့ရင် သေဒဏ်ဆိုတဲ့ အပြစ်ပေးမှာလား

မင်းရဲ့ ဆုံးဖြတ်ချက်ကို အသက်မရှူရဲစွာနဲ့ စောင့်ဆိုင်းနေပါတယ် ............. ။

အမြဲတမ်း ချစ်နေပါရစေ

အချစ်ဆိုတာ

ရယူခြင်းလား

ပေးဆပ်ခြင်းလား

ငါမသိပေမယ့် .......... နင့်ကိုငါအရမ်းချစ်တယ် ။

အချစ်ဆိုတာ

သူကချစ်တာလား

ကိုယ်ကချစ်တာလား

ငါမသိပေမယ့် ............. နင့်ကိုငါအရမ်းချစ်တယ် ။

နင်ဟာငါ့ရင်ထဲကို

နွယ်တစ်ပင်လို

ရစ်ပတ်နှောင်ဖွဲ့ တိုးဝင်လာလို့ 

သံယောဇဉ်များစွာနဲ့ ချစ်နေမိပြီ ကောင်လေးရေ ........ အမြဲတမ်းဘဲချစ်နေပါရစေ .......... ချစ်ခွင့်လေးတော့ပေးပါနော် ။

ချစ်သူပြောသောဒဿန(၁)

မောင်...
မနဲ့မဆုံဖြစ်ခဲ့လို့ မောင့်ကိုနောက်ထပ်တွေ့ခဲ့တဲ့ ကောင်မလေးတစ်ယောက်က
မောင်လို့ခေါ်ခဲ့ရင် မောင်ဂုဏ်ယူလိုက်နော်....သိလား...။ ။
ဘာလို့လဲဆိုတော့...
မိန်းကလေးတွေက ကိုယ်အရမ်းချစ်မိတဲ့သူ (သို့)
ကိုယ်မြတ်နိုးတဲ့သူ(သို့)
ကိုယ်အမှန်တကယ်လက်တွဲချင်သူမို့ ယောက်ျားလေးတွေအများကြီးထဲမှာ
မောင်လို့ရွှေးခေါ်တဲ့အတွက် မောင်ဝမ်းသာလိုက်ပါနော်....။ ။

ိစိုးရိပ်.....တိုးတိပ်.............

အတွေးတွေထဲမှာ မျောနေမိလို.
အနေတွေ ဝေးနေခဲ့ရတာ...... ငါ

အနေတွေ ဝေးနေခဲ့လို. သွေးအေးသွားမှာကို
စိုးရိမ်နေခဲ့ရတာ..... ငါ

အိပ်မရတဲ့ညတွေ မှာ မတူညီတဲ့ဘ၀တွေကို
ကြောက်နေခဲ့မိတာ......ငါ

အချစ်ဆိုတဲ့ ဝေါဟာရ မပါတဲ့
ဘ၀ရဲ့ dictionary ကိုပိုင်ဆိုင်ခဲ့ရတာ....ငါ

မမြင်သာယုံ ကွယ်ရာကနေ
မြင်သာယုံလေးဘဲ ရန်ခုန်နေမိတာ....ငါ

အလွမ်းဆိုတာကို မှတ်ပုံမတင်ဘဲ
မူပိုင်ခွင့်တွေ တသီကြီး ရခဲ့တာ... ငါ

ချစ်တဲ့အကြောင်းစာသီကုံးနိုင်ပေမယ့်
ဝါကျတွေ လမ်းလွဲခဲ့ရတာ...ငါ

ရင်ခုန်သံတွေ ထိုးစစ်ဆင်နေခဲ့ပေမယ့်
စကားသံတွေကျဆုံးနေခဲ့ရတာ....ငါ

ဗျတ္တလိုပန်းဆက်ချင်ခဲ့ပေမယ့်
တော်ဝင်ပန်းတွေကြားမှာ ကြောက်ရွံနေခဲ့တာ...ငါ

နုတ်ဖျားတွေ စွံ့ အခဲ့ရလို.
နှလုံးသားတွေ သွေချင်းချင်းနီခဲ့တာ.....ငါ

အရှုံးဆိုတာကို ကြိုသိနေပေမယ့်လည်း
ပိုးဖလန်လို မီးကို တိုးခဲ့တာ....ငါ

ဇာတ်သိမ်းချိန်မှာ အထုပ်သိမ်းပြန်ရပေမယ့်
မျှော်လင့်ချက်တွေ မကုန်သေးတာ.....ငါ

မတက်သာလို.ခပ်ခွာခွာလေး
ဆုတ်ပေးခဲ့တာပါ............

ငါ့ ဦးဏှောက်က မေ.သွားရင်တောင်
နှလုံးသားက သတိရနေမှာ
မင်းတယောက်တည်းပါ ...............

မှေးစက်ရင်ခွင်

အေးစက်ညလယ်
သန်းခေါင်းယံဝယ်

ကိုယ့်ရင်ခွင်ထက်
ခိုဝင်မှေးစက်
ကျော်လွန်ရက်တို့ 
မေ့မရနိုင်
အသည်းစိုင်မှာ
တသက်တာထာဝရ
စွဲကျန်ရစ်မှာ မင်းသိနိုင်မှာလားချစ်သူရာ………..။

သံသရာတစ်ကွေ့ 

ဆုံကာတွေ့ 

လျှပ်တပြက်

အကြည့်တစ်ချက်က

အသည်းစိုင်ထိ

စူးနစ်ငြိ

ဝေခွဲမရ

ငါ့စိတ်က

မင်းရဲ့ ညှို့ မျက်ဝန်းအောက်မှာ

အခါခါ ကျရှုံးခဲ့ ရတယ်ဆိုတာကိုရော

မင်းသိနိုင်မှာလား ချစ်သူရာ……………..။

မေ့မရခဲ့ သုံးရာသီ

ချစ်ရိပ်ရယ်မပြေ

လောင်းနွေအောက်က

မုတ်သုန်လေရူး

ရွက်ခြောက်ဖြန့် ခင်း

နှလုံးသားခြေရာ

ကျန်ကာဝေးခဲ့ 

ချစ်နွေ...............ထဲ.......

မိုးသားတိမ်မြူ

နက်မှောင်အုန့် ဆင်း

လျှပ်စီးရယ်ဝင်းဝင်းလျှက်

ဂျိမ်းဂျိမ်းသံအချက်ပေး

ချစ်မိုးတစ်ဟုန်

ရွာသွန်းပုံက

လွမ်းငွေ့ ပျံစေ

မိုး..................တေစ ၦ.......

ၿမဴခိုးၿမဴမုံ

တေးဆိုရစ်ကျူး

ဆောင်းစေတမာန်

ကိုယ်ရံ နှင်းဖွဲ

သင်းကွဲ ငှက်ကျေး

တွန်မြည်တမ်းတ

လွမ်းလှပါ ဘိ

ချစ်စိတ်မဟောင်း

ဒီ.......................တစ်ဆောင်း.....

Your call

I wait now Every morning Every day
For your voice,
Your call,
Your smile,
Your hand,
Your eyes, waiting for the phone
To ring
I realize How hard
I hope
For a reason
An excuse
A word,
A game
An anything,
A joke,
A song,
A ring…..
I wait
And then
I hear
Your voice
At last
I smile…
I fly..
I sing!…

Wednesday, February 24, 2010

နှလုံးသားပြတိုက်

ငါ
ဒီပြတိုက်ထဲးးဒဏ်ရာတွေတစ်ပွေ့ တစ်ပိုက်နဲ့
ပိတ်ထားခဲ့တာကြာပါပြီ......
ချစ်သူမင်းလေး........တံခါးမခေါက်မီအချိန်အထိပေါ့ ...
ခြောက်သွေ့ တဲ့.....ငါ့ပြတိုက်ထဲ
မခေါ်ပဲနဲ့....နင်ဝင်လာခဲ့တယ်
မသုံးဖြစ်တာကြာပြီဖြစ်တဲ့
သုံးမရတဲ့ ....နှလုံးသားကိုလည်း
အေးမြတဲ့....နင့်ရဲ့
ကြင်နာတွယ်တာ......သံယောဇဉ်နဲ့
ဖေးမလို့ လမ်းပြခဲ့တယ်....
ကြင်သူရယ်.....ဒါကြောင့်မို့ ပြောပြချင်တယ်
မခေါ်ပဲလာခဲ့တဲ့နင်......မနှင်ပဲနဲ့တော့
နှလုံးသားထဲကထွက်လို့ တော့မသွားပါနဲ့ နော်....
ငါရဲ့ နှလုံးသားနဲ့ .....အနီးဆုံးမှာ
မင်းရဲ့နှလုံးသားနဲ့........တစ်သက်လုံးအတွက်
ကြင်နာလှည့်ပါးးးးး
ကြင်သူရေ.....မင်းကိုငါလေ
ှနှလုံးသားရဲ့ ပြတိုက်ထဲ
တစ်သက်လုံးပဲသိမ်းထားလို့ ချစ်ပါရစေ
ပေးအပ်နှင်းမဲ့.......ငါ့ရဲ့အချစ်တွေနဲ့လေ.........ကြင်သူရေးးးးးးးးးးးးးးခိုဝင်လှည့်တော့လေ

ပိုင်ဆိုင်ခွင့် တချို့ 

ချစ်သူရေ
ပြန်မလာတော့ဘူးဆိုတာသိရက်နဲ့
စောင့်နေမိတဲ့ ကောင်မလေး
ငါ့ကို နင် အပြစ်မတင်ပါနဲ့ ...

နင့်လှည့်စားမှု့တွေအောက်မှာ
ပြားပြားဝပ်သွားတဲ့
ငါ့နှလုံးသားလေးကိုလည်း မေ့လိုက်ပါ
ဆိုတဲ့ စကားလုံးတွေနဲ့
ကြေကွဲအောင် ထုချေမပစ်ပါနဲ့ ...

နင်ထားခဲ့ပြီးဖြစ်တဲ့ ငါ့ကို
အမိန့်လို စကားတွေနဲ့
လာမသုံးပြပါနဲ့....

လမ်းခွဲခဲံ့ရပေမယ့်
သတိရခြင်းတွေ...........
လွမ်းဆွတ်ခြင်းတွေ.........
ချစ်နေရခြင်းတွေ.............
ကိုတော့ ငါ...............
ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်...........

မဖွင့်ဟခဲ့တဲ့ အချစ်တစ်ခု

တကယ်တော့ အချစ်ဆိုတာ အချစ်လို့ ပြောလိုက်ယုံနဲ့ အချစ် မဖြစ် သလို အချစ်လို့ မပြောလည်းပဲ အချစ်ဖြစ်နေတတ်တယ် ဆိုတာ ကျွန်မ သိလိုက်ရတဲ့ အချိန်မှာတော့ အရာ အားလုံးက ပြောင်းပြန်နိယာမ နဲ့ စီးဆင်းနေခဲ့တယ်....လွမ်းလိုက်တာလို့ ပြောယုံမှ တပါး အခြားမရှိတာမို့ .............ဒီအတိုင်းလေးပဲ စီးဆင်းနေပါတော့မယ်.......

သမိုင်း-၂

ရာသီရဲ.အပြစ်မဟုတ်ပါဘူး

နွေလားမိုးလား မသိပဲပျိုးကြဲမိတာ

ငါပါ……..


သွေ.ခြောက်တဲ့အတွေးမှာ

ကိုယ့်သမိုင်းလေးကိုယ်ပြန်ငေးမိတယ်။


သြော်……

ဘယ်သူအရှုးံပေးချင်မှာလဲ

မင်းရှုးံမှာစိုးတဲ့ဝေဒနာ

အရှုံးထက်နာလို.ပါ။ ။

Tuesday, February 23, 2010

မိမိချစ်သူက မေးလ်ခိုးမခိုးကြည့်နည်း

မိမိ အကောင့်ကို အခြားတစ်ယောက်နဲ့ လဲသုံးဖူးရင် ဒါတွေကို ပြန်စစ်ရန်နှင့် Add another email address you own ရဲ့ အလုပ်လုပ်ပုံကိုရေးသားမှာဖြစ်ပါတယ်
1. ပထမအဆင့် အနေနှင့် edit info (or) Add another email address you own ကို click ပါ


2. အခြား အောက်ပါအတိုင်း ထပ်ကျလာပါမည်။အောက်မှာ Email address ထဲမှာ မေးလ်တစ်ခု(မိမိအသုံးပြုနေတဲ့ အကောင့်တစ်ခုဖြစ်ရပါမည်)ကို ပေါင်းထည့်ပါ မေးလ်လိပ်စာ (၅)ခုလောက်ပေါင်းထည့်နိုင်ပါတယ်။ အားသာချက်က Gmail ကနေပြီး yahoo.com နှင့် အခြား မေးလ်တွေကို ပို့ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ yarzar@gmail.com ကို yarzar@yahoo.com လို့ပြောင်းပြီးတော့ Gmail ကနေ ပို့နိုင်ပါသည်။ ပြီးရင် yahool mail ကိုသွားပါ Google Team မှာ ရောက်နေတဲ့ စာကို အတည်ပြုပေးပြီး Verify ဖြစ်သွားပါပြီ ဒါဆိုရင် yahool လိပ်စာနဲ့ mail ပို့နိုင်ပြီ။
3. နောက်ထူးခြားချက်က မိမိဆီရောက်နေတဲ့ Spam တွေကို ရှင်းထုတ်တိုက်ခတ်ပေးတာပဲဖြစ်ပါတယ်။ လုပ်ဆောင်ရန်ကတော့
1. အောက်မှာဝိုင်းပြထားသောနေရာမှ Email address နေရာမှာ မေးလ်တစ်ခုရိုက်ပါ။ (မိမိသုံးနေတာဖြစ်ရပါမည်။အကြောင်းမှာ မိမိ Verify code ကို မိမိမေးလ်ဆီ Email recent လုပ်နိုင်ရန်ဖြစ်သည်.)။Next step ကို click ပါ။

2. အောက်ပါအတိုင်းကျလာသော box မှ Send Verification ကို click ပါ။

3. အောက်ပါအတိုင်းထပ်ကျလာမည်။ ပုံထဲမှာ လုပ်ဆောင်နည်းရေးထားသည်။ မိမိ verify လုပ်ပြီပြီးဆိုတာနဲ့ မိမိmail တွေဆီမှာ spam တွေကို ရှင်းထုတ်ပေးပါပြီ။

ဖြူစစ်တဲ့ ဗလာ

အချစ်ဆိုတဲ့ အရာ
တစ်ဆိတ်လောက် ပြောပြပါလားဟင်
ငါ့လေ မကြုံစဖူး
ချိုမြူးပါတယ်ဆိုတဲ့ အချစ်
ဘုရားသခင် သတိလစ်ဟင်းလို့
ငါ့ အတွက် မဖန်ဆင်းပစ်ခဲ့ဘူး
ဒီတော့ .........
အများအမြင်မှာတော့
ငါ့ ဟာ သနားစရာပေပေါ့။
အံ့ဖွယ်အတိပြီးတဲ့
အချစ်ဆီမီးကို
လူအသီးသီးဆင့်ကူးလို့
ပျော်ရွှင်မြူးတူးစွာနဲ့
သူတို့ရင်မှာလည်း
အချစ်ပွင့်တွေ အခဲလိုက်
ငွားစွင့်နေလိုက်ကြတာ
ဒါကိုတော့ ........
ငါ့ အားကျမိပါရဲ့
အားထုတ်ရပုံကိုတော့ မသိခဲ့
အသိနတ္ထိနဲ့လူ တဲ့လေ။
အို အချစ်ဆိုတာ
လောင်စာ သက်သက်ပါလို့
တစ်ခါက သိဖူးခဲ့တယ်။
သူ့ သတ္တိက ဘာနဲ့ထိထိ
တအိအိလောင်စေလေရဲ့
တစ်ခါတစ်လေတော့
သာယာစေတဲ့ သဘော
တစ်ချို့ မနောကိုပေးပြိး
စိတ်နှလုံးအေးစေသတဲ့
ဒီသဘောကို တွေးမိလို့
စိတ်အေးနေဖို့မလွယ်
သူကွယ်ချင်လျှင် ဖျတ်ခနဲ
ဆတ်ခနဲကွဲတဲ့ ကြွေပန်းကန်
အို...... အမှန်ပဲ ဆန်းပြားလို့
အန္တရာယ်လဲ များလှတဲ့
အာဂ တန်ခိုးရှင်ပေလား။
ဒီတော့လေ
ငြိမ်းအေးကြည်သာ
ငါ့ ကမ္ဘာကို
အချစ်ဒဏ်က ကင်းကွာလို့
စဉ်းငယ်မျှ မပူမပင်
ဗျာပါဒ မြူမျှမထင်ဘဲ
ငါ့သခင် ငါပင်ဖြစ်လို့
အချစ်ရင်မှာ မကိန်းသော်လည်း
အေးငြိမ်းပါဘိခြင်း။

ကောင်းသောနေ့လေး ဖြစ်ပါစေ ချစ်သူ

အေးစက်စက်ညတွေမှာ
တယောက်ထဲပေါ့
ဘယ်သူမြင်နိင်မလဲ
ငါ့အတွေးတွေရဲ့ အနက်ရိုင်းဆုံးနေရာကို

သာယာပါတယ်ညရယ်
သာနေတဲ့ လရောင်အောက်မှာ
လွမ်းနေတာ နှင်းစက်လေးတွေသက်သေပါ

အေးစက်စက်လေညှင်းရေ
မင်းနဲ့အတူ ငါ့အလွမ်းတွေကို
သူရဲ့ အိမ်မက်ထဲရောက်အောင်
မင်းယူသွားပေးပါ ငါ့အိမ်မက်က
သူ့ကို ပြန်ချော့သိပ်ပါလိမ့်မယ်
ငါ့အလွမ်းတွေကပေါ့

နံနက်ခင်း
လင်းရောင်ခြည်ရေ
သူနိးထမယ့် မနက်မှာ
ငါ့အလွမ်းတွေကို အရင်
နှုတ်ဆက်ခွင့်ပြုပါ
ကောင်းသောနေ့လေး ဖြစ်ပါစေ ချစ်သူလို့ပေါ့..................................

ကဗျာမရေးတော့ဘူးလား...ကောင်လေးရယ်

လွမ်းလွန်းလို့သေတော့မယ်...

တွေ့ခွင့်မရှိတဲ့ဘ၀မှာ -
မင်းရဲ့ဓါတ်ပုံလေးတော့ကြည့်နေချင်သေးတယ် .....

ပြောခွင့်မရှိတဲ့ဘ၀မှာ -
မင်းအသံလေးတစ်ခွန်းလောက်တော့ကြားချင်နေသေးတယ် .....

ဆုံခွင့်မရှိတဲ့ဘ၀မှာ -
မင်းရဲ့အရိပ်လေးတွေကိုဖမ်းဆုပ်နေချင်သေးတယ် .....

လွမ်းခွင့်မရှိတဲံ့ဘ၀မှာ -
မင်းရေးမယ့်ကဗျာလေးတစ်ပုဒ်လောက်ဖတ်ချင်ပါသေးတယ် .....

တံခါးဖွင်လျက်ပါ

ငါနှလုံးသားကို
တိတ်တဆိတ် အပိုင်သိမ်းသွားပြီးမှ
ငါဘဝကို ဘာကြောင့်များ
လူသိရှင်ကြား စွန့် ပစ်ရက်တာလဲ ချစ်သူ
နှလုံးသားချင်း နားလည်ပြီးမှ
အချစ်စာမျက်နှာကို ချမရေးခဲ့လို့ 
စွန့် ပစ်ခဲ့တာလား ချစ်သူ
အချစ်ကို ရင်ဖွင့်မတောင်းခံခဲ့တာ
မင်းကို မြတ်နိုးလို
တသက်တာ အတူနေဖို့ 
ငါ့ရည်မှန်းချက် ပြည့်ဆုံတဲ့တစ်နေ့ 
လက်ထက်ခွင့်ကိုသာ တောင်းခြင်ခဲ့တာပါ ချစ်သူ
ရူးကြောင်ကြောင်နိုင်တဲ့ ငါ့ နှလုံးသာ
အဆင်ကျော်အမြင်ကြောင့်
ဝေခဲ့ရတာလား ချစ်သူ
မကြင်နာခြင်လို့  စွန့် ပစ်ခဲ့လဲ
မင်းပျော်မယ်ဆိုရင် ကြွေမွသွားတဲ့
ငါနှလုံးသားအတွက်
နောင်တ မရှိဘူး ချစ်သူ
မင်းရွှေးတဲ့ ရင်ခွင်မှာ မပျော်ရွှင်လို့ 
စုတ်ပျက်ကြွေမွနေတဲ့ ငါ့ ရင်ခွင်ကို
ခိုလုံခြင်တယ်ဆိုရင်
မင်းအတွက် သော့မခတ်ထားတဲ့
ငါ့ ရင်ခွင် တံခါးဝကို
မြင်လှည့်ပါ ချစ်သူ

လိုနေတာ ဘာလဲ.....

ကိုယ့်ကိုယ်ကို ရော တခါတလေ ပြန်မေးကြည့်သေးလား.....ငါ ဘာလဲ..မေးတာတွေ များသွားရင် လိုနေတာရော ဘာလဲ...

အခု လက်ရှိအချိန် ဟာ အကောင်းဆုံး အချိန် ဖြစ်လို့

ဖြစ်သမျှအကြောင်း အကောင်းဆုံး တွေးပြီး

ဘာဖြစ်ဖြစ် စိတ်မညစ်ကြပါနဲ့....

Gmail Hacking

ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။

ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။

4. Add POP3 email account button ကို click ပါ။


5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။

6. Next Step ကို click ပါ။


7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။


8. Add Account ကို click ပါ။



9. Next Step ကို ဆက်သွားပါ။


10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။


11. Send Verification botton ကို click ပါ။



12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။


13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။


နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။

အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။

မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။

သိမ်းထားတဲ့ မေတ္တာပန်း

လျှင်လယ်လှတဲ့ လူ့ အလွာနဲ့ 
ကိုယ့်မျှော်လျှင့်ခြင်းဟာ အလှမ်းဝေးတယ်

အိမ်မက်ထဲမှာတော့ မျှော်မှန်ထားဆဲ
စိတ်ကူးယဉ်သူမှာတော့ ဆက်လက်ရှုံး.......နေ

မြေကိုတိုင်တည်ထားတဲ့ သစ္စာစကား
ဒီလို အင်တာနက်ခတ်မှာတော့ လိုက်လို့ မမှိပြီ

ဖေးမသူမရှိ ၊လှည့်ကြည့်သူမရှိ
ရင်ထဲမှာ သိမ်းထားတဲ့ မေတ္တာပန်း
မွှေးမဲ့သူမရှိ ၊ပန်မဲ့သူမရှိ

ကာရံအလှတွေ ရွေးတာနဲ့  ကာရံမဲ့ကဦးသွားတယ်
အိမ်မက်မက်တာ တခြား......တခြားစိပဲ
စိတ်ကူးယဉ်တာ များသွားခဲ့.........သည်

အဝေးကကောင်လေး

အနေဝေးလို့ သံယောဇဉ်တွေမစိမ်းဘဲ
ရင်ခုန်သံချင်းနီးနေပါစေနော်။
တစ်ယောက်နဲ့ တစ်ယောက်ဝေးနေလို့ 
မထားသင့်တဲ့သံသယတွေနဲ့ 
မယုံသင့်တဲ့ဘေးစကားတွေကို
ဘေးမှာခေါက်ထားပေးပါနော်။
အဝေးကကောင်လေး................
သံယောဇဉ်တွေအုတ်မြစ်ချ
ချစ်ခြင်းနဲ့ တိုင်ထောင်
နားလည်မှုတံတိုင်းကာ
ယုံကြည်မှုအမိုးလေးတွေနဲ့ 
တို့ နှစ်ယောက်ရဲ့ အချစ်အိမ်လေး
အတူတည်ဆောက်ကြစို့ နော်။
အဝေးကကောင်လေး................
ကြုံတွေ့ လာမယ့်ဘ၀ရဲ့ မုန်တိုင်းတွေကို
တို့ နှစ်ယောက်အတူလက်တွဲလို့
ဖြေရှင်းပြီးသာယာတဲ့အနာဂတ်ကိုကြိုလင့်ဖို

ချစ်သူများနေ့ မှာသစ္စာဆိုရအောင်နော်
အဝေးကကောင်မလေး................

ချစ်ခွင့်..

လူတစ်ယောက်မှာ...
ပြည့်စုံခြင်းဆိုတာ
မရှိဘူး ....
ကိုယ်တို့ နှစ်ယောက်ကြတော့
စိတ်ဓာတ်ခြင်းလဲ ဆင်တယ်
အကြိုက်ခြင်းလဲ တူတယ်
ဒါပေမယ့် ......
အဆင်မပြေမှု တစ်ခုက
ကိုယ်တို့နှစ်ယောက်ကြားမှာ
ပင်လယ်ကြီးလိုကာဆီးထားတယ်
ချစ်သူ......
ကိုယ်မင်းကို
စကားလေးတစ်ခွန်းတော့
ပြောပြချင်ပါတယ်
ကိုယ်တို့ နှစ်ယောက်
ဘာသာမတူပေမယ့် ...
ချစ်ခွင့်တော့ ၇ှိပါတယ်
ချစ်သူရယ် ...
ဒါပေမယ့်....
ဝေးခဲ့ပါပြီ ။

ဆန္ဒ(သို့ )တမ်းတခြင်း

ကြည်ပြာရောင်မိုးကောင်းကင်ရဲ့ ….

အောက်မှာထိုင်ရင်း...



ဘဝကိုစိတ်ကူးရင်ကြည်မိတယ်…

အကယ်၍နှင်းဆီတစ်ပွင့်သာဖြစ်ခဲ့ရင်……

အဓိပ္ပာယ်မရှိတဲ့ နမ်းရှိုက်မှုမျိုးကို..မလိုလားဘူး..

ပင်ယံထက်မှာလှပစွာ…ဖူးပွင့်ဝေဆာစွာနဲ့ …

ဘဝကိုအလှဆင်ခြင်တယ်..

အကယ်၍ငှက်ကလေးတစ်ကောင်သာဖြစ်ခဲ့ရင်..

ပူးလောင်ခြောက်သွေ့ နေတဲ့……..

နွေရာသီကိုမလိုလားဘူး……

အေးမြတုန်ရီနေတဲ့ …..ဆောင်းရာသီမှာ..

ကိုယ့်ကိုနားလည်ပေးနိုင်တဲ့..

ကြင်ဖော်နဲ့ အတူနေချင်တယ်..

အကယ်၍မိဘမောင်နှမတွေမရှိခဲ့ရင်..

အချစ်ဆိုတာကိုမရှာဖွေချင်းတော့ဘူး…….

ဖြူစဉ်သန့် ရှင်းတဲ့ သူငယ်ချင်းတွေရဲ့ …

အားပေးစကားတွေအထဲမှာပဲ.

.နေချင်ပါတယ်..

ခင်မင်မှု…….

ဘဝတစ်ကွေ့ ..ခဏတွေ့ ရတဲ့ ..

သူငယ်ချင်းတို့ ရေးးးးး

ခင်မင်မှုဆိုတာ..ထာဝရချမ်းမြေ့စေတဲ့ အရာပါ…

အမှတ်တမဲ့ နဲ့ တွေ့ ဆုံခင်မင်ခဲ့မှုတွေက..

အမှတ်တရအဖြစ်သို့….

အရောင်ဆိုးပြောင်လဲမပစ်ပါနဲ့ …..

အရောင်တွေစွန်းထင်..

နာကျင်နေကြမှာစိုးလို့ ပါ……

ခင်မင်မှုဆိုတာ..အတိုင်းအတာမရှိပါဘူ……..

ဒါပေမဲ့ ..အချိန်ကာလကတော့ ……

မေ့လျှော့ခြင်းတွေကို…မွေးဖွားပေးတတ်ပါတယ်..

တွေ့ ဆုံခြင်း..ခင်မင်ခြင်း…

ဆုံစည်းခြင်း..ရဲ့ နောက်မှာ..

ခွဲခွာခြင်းဆိုတာရှိပါတယ်…

သူငယ်ချင်းများအားလုံးလဲ..

အချိန်တန်ရင်ပျော်ရွှင်စွာ

အိမ်ပြန်နိုင်ကြပါစေ….

ထာဝရ....ညီစေ

မောင်နှမလိုခင်မင်မှုမျိုး...
ချစ်သူလိုတွယ်တာမက်မောမှုမျိုး.......
ရင်ဖွင်.ဖော်လိုယုံကြည်စိတ်ချမှုမျိုး........
ခေါင်းဆောင်တယောက်လို
အားကိုးတန်ဖိုးထားမှုမျိုး...တွေနဲ.
အမျိုးစုံပေါင်းစပ်ထားတဲ.၀ိုင်တခွက်ကို
ငါတို.နှစ်ယောက်ဖန်တီးခဲ.ကြတာပါ။ ။


ချိုမြရှတရီဝေမူးရစ်မှုတွေကြောင်.
သိတတ်လိမ်မာမှုတွေကိုပွန်းပဲ.စေလို.
ငါတို.နှစ်ယောက်
တက်ညီလက်ညီ
လူဆိုးဘွဲ.ခံယူခဲ.မိတယ်။ ။


မိဘရဲ.သဘောထား
အသိစိတ်ရဲ.တားမြစ်မှုတွေကိုတွန်းလှန်ပြီး
နှလုံးသားရဲ.အမိန်.ကို
နာခံခဲကြတယ်။ ။


အားလုံးရဲ.အဆုံးသတ်မှာ
နာမည်ကောင်းဆိုတာရှိချင်မှရှိမယ်
ဒါပေမဲ. .......
မင်းနဲ.ငါ.......အမြဲတမ်း
ရဲဘော်ရဲဘက်ကောင်းဖြစ်ဖို.တော.
လိုအပ်နေလိမ်.မယ်။ ။

မှော်ဆရာ

မင်း............
အမှတ်တမဲ့
ကြည့်ရင်တောင်
မြင်နိုင်မှာပါ။
တကယ်တော့(ငါဟာ........)
အချစ်နဲ့ပါတ်သက်လို့
ရင်ဘတ်ထဲက နှလုံးသားနဲ့
မချစ်တတ်ခဲ့သူပါ.........။
အပေါ်ယံလှည့်စား
မာယာများတဲ့ အဲဒီအချစ်တွေအတွက်
ဘယ်လိုမှယုံကြည်ပစ်လို့မရအောင်
ငါ့နှလုံးသားဟာမာကျော
တော်ကီတွေထဲမှာလည်း
မနစ်မျောတတ်ခဲ့ပါဘူး
ခုတော့......................
အချစ်မရှိရင် ပျက်ပြယ်နိုင်တဲ့
ငါ့ဘဝ
အဲလို လှလှပပ
မင်းရှေ့မှာကျရှူံးအောင်
အကွက်ကျကျ
ငါ့ကို
လုပ်ကြံခဲ့တယ်...........။
ကျေးဇူးပြုပြီး
ငါ့ကို
အဲလောက် မကစားပါနဲ့........။
မင်းအချစ်တွေက
ငါ့အတွက်
ဘယ်အချိန်မှာ
ပေါက်ကွဲမယ်မှန်းမသိတဲ့ဗုံးတလုံးကို
နှလုံးသားထဲထည့်ပြီး
ပေါက်ကွဲတော့မယ်မှန်းသိရက်
မင်းပြုံးပျော်ဖို့
လူရွှင်တော်လုပ်ပြနေရသလိုပဲ.........။
တကယ်ပါ
မင်းသာ အာသီသ ရှိမယ်ဆို
ငါကိုယ်တိုင် ငါ့ရင်ကိုခွဲပြီး
ငါ့နှလုံးသားကို
ယစ်ပူဇော်ပေးပါ့မယ် ချစ်သူ.........။

ချစ်သူ အတွက် .......... ထာဝရ ........

ချစ်သူ ... မင်းငါ့လက်ကိုဆုပ်ကိုင်ထားသရွေ့ ............. ငါမင်းလက်ကိုမြဲမြဲကိုင်ထားပါ့မယ်
ချစ်သူ ... မင်းရင်ထဲမှာ ငါရှိနေသရွေ့ ......... ငါရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားကို မင်းပိုင်နေလိမ့်မယ်
ချစ်သူ ... မင်းငါ့ကိုရင်နာအောင်မလုပ်သရွေ့ ........ ငါမင်းကိုရင် မကွဲစေရပါဘူး
ချစ်သူ ... မင်းငါ့ကိုနားလည်မှု ပေးနေသရွေ့ ......... ငါရဲ့ နားလည်ပေးမှု အားလုံးကိုမင်းရရှိနေမှာပါ
ချစ်သူ ... မင်းငါ့ကိုလိုအပ်နေသေးသရွေ့ ............ ငါမင်းရဲ့ အပါးမှာ အမြဲရှိနေပေးပါ့မယ်
ချစ်သူ ... မင်းငါ့ကိုချစ်မြတ်နိုးနေသေးသရွေ့ .......... ငါရဲ့ ကြင်နာခြင်းတွေအားလုံးမင်းအတွက်ဘဲဖြစ်နေစေရမယ်
ချစ်သူ ... မင်းရဲ့သစ္စာတရားဟာ င့ါအတွက်ဖြစ်နေသရွေ့ ........ ငါ့နဲ့ပတ်သက်သမျှ အရာအားလုံး မင်းအတွက်ဖြစ်နေစေရမယ်
ချစ်သူ ... နေ့နေ့ညည အိမ်မက်အားလုံးကို မင်းသာ အပိုင်စိုးလို့ ကိုးစားချင်ပေမဲ့
............ လောကကြီး နဲ့ လူတွေရဲ့ စိတ်ကို မယုံရဲတာကတော့ ငါ့ရဲ့ အလွန်မဟုတ်လောက်ဘူးထင်ရဲ့ချစ်သူ
အရာရာမှာ တန်ပြန်နိယာမသဘောတရားတွေနဲ့ ငါ့ဘက်ကတော့ အသေချာဆုံးကတော့
မင်းငါ့အတွက်ရှိနေသေးသရွေ့ ငါမင်းအတွက်ထာဝရ ရှိနေမှာပါ .......... ချစ်သူ .......... ။

ချစ်သူသိစေ

မျှော်လင့်မထားတဲ့ ၇င်းနှီးမှုနဲ့
အမှတ်မထင် ၇င်းနှီးခဲ့
တနေ၇ာစီ ခြားနေပေမယ့်
မမြင်နိုင်တဲ့ သံယောဇဉ်က
နှလုံးသားချင်း နီးစေခဲ့
ချစ်သူမ၇ှိတဲ့ နေ့တွေမှာ
အ၇ာ၇ာ အသက်မဲ့သလို
ငါ့စိတ်တွေ ၇ွက်လွှင့်
ဝေဒနာတခု အတွက်..........
အိပ်ပျက်ညတွေသာ ဖြစ်သွားခဲ့
အသံလေးကြားယုံနဲ့........
လှုပ်၇ှားခဲ့၇ ငါ့နှလုံးသားမှာ
ချစ်သူပုံ၇ိပ် အ၇ိပ်တစ်ခုအဖြစ်ပုံဖော်၇င်း
စိတ်ကူးနဲ့တောင် ငါပျော်နေမိပါ၇ဲ့
ကုန်ဆုံးသွားတဲ့ နာ၇ီတွေနဲ့အတူ
ဆုံဆည်းခွင့်ကို တမ်းတ
၇က်လတွေ လက်ချိုးေ၇တွက်၇င်း
တုန်၇ီ လှိုက်မောစွာနဲ့..........
ဟစ်ကြွေးနေတဲ့ ချစ်စကားသံ
ချစ်သူကြားသိနိုင်ပါ့ မလား........?????

မေ့ဆေးပေးပါ........

ငါ့အသဲကိုမင်းခွဲမယ်ဆိုရင်လဲ
မေ့ဆေးမဟုတ်ရင်
ထုံဆေးလေးတော့ပေးသင့်တာပေါ့.......
အစိမ်းလိုက်ခွဲမှတော့
ငါ့နှလုံးသားသွေးစိမ်းရှင်ရှင်ပန်းပြီပေါ့.....
အနာရင်းလို့ပိုးဝင်သွားရင်
အသက်ပါသေနိုင်တယ်လေ.........
မမေ့နိုင်သေးလို့
မေ့နေပြီလို့မညာချင်ပါဘူး
ဒါပေမဲ့
မေ့အောင်ကြိုးစားကြည့်ဖို့တော့
ငါ့နှလုံးသားကမေ့နေပြန်တယ်
ကောင်လေးရယ်.........
ငါ့ရင်ဘတ်ကြီးလှိုင်းထန်နေတာ
အခါလွန်မိုးတောင်ရွာတော့မယ်..........။

နှူးညံ့သောလူသတ်သမား

သံယောဇဉ်
ဆိုတဲ့အပင်ကို
နင်ကိုယ်တိုင်
လာပျိုးခဲ့ပြီး
နင်ကိုယ်တိုင်ပဲ
အပြင်းစားacid နဲ့
လောင်းသတ်ပစ်ခဲ့.......။
အဲဒိ အတွက် ဆင်ခြေ
နင်ပေးခဲ့တဲ့ အဖြေ က
"မင်းစိတ်ညစ် မှာစိုးလို့တဲ့"
သိပ်လှတဲ့လျှောက်လွဲချက်လေးပဲ
အမယ်...........
အဲစကားကြားတော့
"သံယောဇဉ်လေး" ကအပြစ်မယူဘူးဆိုပဲ........
ဟိုးအနက်ရှိုင်းဆုံးတနေရာက
တစုံတရာက
(အပင်ရိုင်းရဲ့အမြစ်လေးက)
ပြောသွားခဲ့သေးတယ်
"အရမ်းချစ်တယ်" တဲ့...............။.

လိုသော ....... မလိုသော

ပေါ့လွန်းတဲ့ ဟင်းတစ်ခွက်
အရသာ မပျက်ဖို့
ဆားခပ်ဖို့လိုတယ်......။
ကျလွန်းတဲ့ လက်ဖက်ရည်တစ်ခွက်
အရသာ မပျက်ဖို့
သကြားခပ်ဖို့လိုတယ်.......။
ပေါ့ပျက်ပျက်
ခါးသက်သက်နဲ့
အစေးမကပ်တဲ့
စည်းဝါးမဲ့ တို့နှစ်ယောက်ကြားမှာ
အချစ်သာဆောင်ထားမယ်ဆို
ပြီးပြည့်စုံတဲ့ အရသာအတွက်
ဆားခပ်ဖို့လည်း မလိုဘူး.......
သကြားခပ်ဖို့လည်း မလိုဘူး........

ချစ်ခြင်းရဲ့ဒုက္ခ

တန်ဆေးလွန်ဘေးမှန်းသိရဲ့သာနဲ့ 
စိတ်မထိမ်းနိုင်တော့ ချစ်ခြင်းဟာ ဒုက္ခ

ရုပ်ရော နာမ်ရော အားလုံးပေါင်း
အစွဲလန်း ကြီးလွန်းတော့ ချစ်ခြင်းဟာ ဒုက္ခ

ကွယ်ရာမှာတောင် တချက်မှ ရင်ထဲမှာ မမေ့
ဆိုးလဲပဲ ဆိုးတဲ့အကွက်ကလေးတွေ အမှတ်တရနဲ့ 
ရှိရှိလို့ နေတော့ ချစ်ခြင်းဟာ ဒုက္ခ

သွားနှုန်း ကလေးနှေးသလို ထင်ရပေမဲ့
စက်သတ်တော့ ဘရိတ်ကပေါက်ပေါ့
ကိုယ့်အပြစ်နဲ့ ကိုယ်သာခံရ
အဲဒါ ချစ်ရခြင်းရဲ့ ဒုက္ခ.......

ချစ်မိသွားပြီ

ဝင်လာခဲ့ပါသူ ..............
ချစ်ခြင်းတရားရဲ့ ခန်းမဆောင်ထဲကို ရောက်လာဖို့
ဘ၀ရဲ့ ဘယ်လို အရံအတားမှ မရှိစေရဘူး။
ကြင်နာမှု အငွေ့အသက်တွေ ဖြန်းဆွတ်ထားတဲ့
နူးညံ့သော အလင်းရောင် တွေထဲမှာ ကျမ တို့နှစ်ယောက်
ရင်ခုန်စွာ ဆွေးနွေးကြရအောင်။
အယောင်ဆောင်လှည့်စားမှုတွေနဲ့ရှိနေတဲ့
မင်းနှလုံးသားမှာ ရက်စက်ခြင်းနဲ့ ထောင်ချောက်ဆင်ထားတာတွေ
ရုတ်သိမ်းပေးပါ။
လောင်ကျွှမ်းစေခဲ့တဲ့ ကြေကွဲစရာ အခန်းတွေကိုဖြိုချဖျက်ဆီးပေးပါ။
မင်းရဲ့ ချစ်ခြင်း ကို လျှို့ဝှက်စွာထည့်သိုထားတဲ့ နှလုံးသားပေါ်မှာ
အုပ်ငုံဖုံးကွယ်ထားတဲ့ သံမဏိအရေခွံဟာ တဖြည်းဖြည်းနဲ့ လုံခြုံစွာ
မကာကွယ်နိင်တော့မယ့်အချိန်။
ငြိမ်းချမ်းသော အမြင်၊ ကြည်လင်တဲ့ ဘ၀နဲ့
ချစ်ခြင်းတရား အစစ်အမှန်ဟာ မင်းရင်ထဲက တဖြည်းဖြည်း
ရုန်းကန်တိုးထွက်လာပါလိမ့်မယ်။
ဘ၀ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ပြီး ကောင်းကင်ပေါ်က
မြစ်တစင်းအဖြစ်နဲ့ ကျမ ရင်တွင်းကို စီးဆင်းပါလှည့်
မြစ်တစ်စင်းရဲ့ ခွန်အားနဲ့ နှလုံးသားပင်လယ်ပြင်တစ်ခု
ဖြစ်ထွန်းခံစားခွင့်ရတဲ့ ကျမ
မျှော်လင့်မှု အဆုံးတိုင်ရဲ့ ၀ိဥာဉ်အတိုင်း ပျော်ရွှင်ခြင်း ပီတိလှိုင်းတံပိုးတွေနဲ့
မွတ်သိပ်မှုတွေ ယိမ်းထိုးကခုန်ရင်း ကြိုဆိုပါရစေ။
ကျမ တို့နှစ်ယောက်ရဲ့ အကောင်းဆုံးအနာဂတ်ဆီ
အတူတကွလျှောက်လှမ်းကြရအောင်။
တမ်းတတ်ခြင်းရဲ့ အဆုံးမဲ့မှာ အပြစ်ကင်းစင်တဲ့ချစ်ခြင်းတို့
တည်ရှိနေတယ်ဆိုတာယုံပါ။
မင်းရဲ့ အချစ်ဆိုတာကို အပေါ်ယံလောက်ရစဉ်မှာပဲ
ကျမ နှလုံးသားကို အဆုံးခံစတေးရတော့မယ်ဆိုတာ သိခဲ့ပြီးသားပါ။
သူရယ် ..........
အချစ်ဆိုတာ တစ်မြေမှာ တစ်ပင်၊ တစ်ပင်မှာ တစ်ပွင့်၊ အဲဒီတစ်ပွင့်ဟာ
တစ်ယောက်ထဲအတွက်ပဲ ဖြစ်သင့်တယ်။
အပွင့်အများကြီးကို တစ်ဦးတည်း ပိုင်ဆိုင်တာမျိုးမှာ ဖြူစင်ရိုးသားမှု
ဆိုတာ ဘယ်သော အခါမှ မရှိနိုင်ပါဘူး။
ချစ်ခြင်းဟာ ဘ၀လောက် မကြီးကျယ်၊ မခမ်းနားမထည်ဝါဘူးလို့
ယူဆချင်တဲ့ မင်း အမြင်။
အပေါ်ယံချစ်ခြင်းအကြောင်းကို မကောင်းတဲ့ သဘောတရားတွေလို့
မင်းတွေးမြင်ခဲ့ရလို့သာ အဆိုးမြင်တာဖြစ်ပါလိမ့်မယ်။
တကယ်တန်းဆန်းစစ်ကြည့်ရင် လောကကြီးထဲမှာ ဘ၀ဆိုတဲ့ အရာဟာ
အချုပ်အချယ်ကင်းတဲ့ သံယောဇဉ်မျဉ်းတွေ ပါပဲလေ။
အကြဉ်ခံအလွမ်းနဲ့ တမ်းတခြင်း ချိုင့်ဝှမ်းများရဲ့ တန်ရာ တန်ကြေး
အဖြစ်အတွင်းသဏ္ဍာန်ရဲ့ကျေးကျွှန်စစ်စစ်သဘောလောက်သာရှိပါလိမ့်မယ် သူရယ်။
ခုတော့ ကျမ အခြေအနေဟာ ဖြစ်ရိုးဖြစ်စဉ်မကျတဲ့ ဣနြေ္ဒရရ လက်ဝါးတစ်စုံအောက်မှာ
ကျမ ကိုယ်တိုင် မဖော်စပ်နိင်သေးသလို ကိုယ်တိုင်လည်း
မမြင်မထိဖူးတဲ့ သူ့ရဲ့ အဆိပ်ဖြေဆေးဆိုတာကို သဲကြီးမဲကြီး လိုက်ရှာနေရပြီ သူရယ်။
ဘာကြောင့်လဲ ဆိုတော့ ...........
သူ့ကို တကယ်ချစ်တာ ကျမ ရင်ထဲမှာ သိလာလို့ပါ

ချစ်သူဖတ်ဖို့ ပြဇာတ်တစ်ပုဒ်

ချစ်တဲ့သူရေ ...
အသျှင်လက်ကလေး လှုပ်လျှင်ဖြင့်
အကျွန်ုပ် အဟုတ်
ရုပ်သေးရုပ်လေး တစ်ရုပ်ဖြစ်ချင်တယ်။

အသျှင် ...
"က"ဆိုလျှင် "က"
"ဆို" ဆိုလျှင် "ဆို"
"ငို"ခိုင်းလျှင်လည်း ရ
"ရယ်" ခိုင်းပြန်လျှင်တော့ "ရယ်" ပေါ့။

တူရိယာ အတီးအမှုတ်တွေအောက်မှာ
ကန့်လန့်ကာ ဖွင့်လှစ်လိုက်မယ်
ကိုင်း .... မင်းအလိုကျ။

အသျှင်လက်အလှုပ် ကြိုးမရှုပ်ဖို့အရေး
တီးကွက်ကို နားဆင်ရင်းပ
ရှင်းလိုက်ရတဲ့ ကြိုး
ဖြည်ရင်း ရှုပ်ရင်း
အရှင်းမတတ်လျှင်ဖြင့်
ဇာတ်အ၀င်မှာ ကကြိုးပြတ်လိမ့်မယ်
မင်းဆင်တဲ့ကြိုး။

အကျွန်ုပ်ဟာ မင်းအရုပ်
မင်းလှုပ်လျှင် ကရစမြဲမို့
ကကြိုးကို နိုင်အောင်ရှင်းပါမှ
အလွမ်းတစ်ခန်းရပ် ဇာတ်သိမ်းရအောင်
အသျှင့်အတတ်နဲ့
ပြဇာတ်လေးတစ်ပုဒ် ပြီးချင်ပါသေးတယ် ။ ။

ဝဋ္ဋ်ကြွေး

ငါအရာရာအားလုံးကို မင်းနဲ့အတူရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးချိန်မှာ....
မင်းကတော့ ရင်ခွင်သစ်နံဘေးမှာ ချစ်တေးတွေနှောလို့....
ရယ်သံတွေ ကမ္ဘာကိုလွမ်းခြုံအောင်ထိရယ်နေတယ်ပေါ့....
အဲဒီအချိန်မှာ ငါကတော့ မင်းပေးခဲ့ ဒါဏ်ရာတွေနဲ့ နှလုံသားဟာ...
ပျက်စီနေပြီလေ...အဲဒါကို မင်းကိုပြောပြချင်ပေမယ့် အရာရာမှာ...
ရှုံးနေတယ့် လူတစ်ယောက်အနေနဲ့ ဖွင့်ပြောဖို့မသင့်တော် တော့ဘူးလေ...
အဲဒါ ငါ့ရဲ့ နောင်ဘ၀က ၀ဋ္ဋ်ကြွေးတွေလား ချစ်သူရယ်..

Sunday, February 21, 2010

ချစ်သူသို......

..... ချစ်သူ................

ဟိုးအဝေးတစ်နေရာကနေ

မင်းကိုလွမ်းတတ်...........

သတိရနေတတ်တဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း....မှတ်မိနေပေးပါနော်..............။

... .ချစ်သူ..............

ဟိုးအဝေးတစ်နေရာကနေ

မင်းကိုချစ်တဲ့

အူတိုတတ်တဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း.......... သတိရ နေပေးပါနော်..................၊

...ချစ်သူ.............

ဟိုးအဝေးတစ်နေရာကနေ

မင်းပြန်လာမဲ့နေ့ကိုမျှော်လင့်ပြီး

ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာကို

မင်း..............ယုံကြည်နေပေးပါနော်..............၊

............ .ချစ်သူ..................

ကျန်တာတွေ သိသိမသိသိ

မင်းကိုငါအရမ်းချစ်တယ်ဆိုတာကိုတော့

သိနေပေးပါနော်..................

သူငယ်ချင်း.......

........ သတိရခြင်းရဲ့ ဟိုးးးးးးးးတစ်ဖက်မှာ

ဘာတွေရှိလဲ ငါမသိဘူး...........

အချိန်တိုင်းမဟုတ်ပေမဲ့......

နေ့တိုင်းတော့ ...ငါနင့်ကိုသတိရနေတယ်..........။

. ...... .ခင်မင်ခြင်းရဲ့ဟိုးးးးတစ်ဖက်မှာ

ဘာတွေရှိလဲ ငါမသိဘူး....

မေ့မရတာမဟုတ်ပေမဲ့.........

အမှတ်ရနေတာတော့အမှန်ပါ............။

........ ငါမမြင်ရတဲ့ နင့်ရင်ထဲမှာ
ဘာတွေရှိလဲငါမသိဘူး.....
အတိအလင်းမဟုတ်ပေမဲ့
တိုးတိုးလေးရင်ခုန်နေတာတော့အမှန်ပါ........။

....... .မသေချာတဲ့ နင်နဲ့ငါ့ရဲ့
အနာဂတ်မှာဘာတွေဖြစ်မလဲ ငါမသိဘူး.......
သေချာတာကတော့ အချိန်တစ်ခုအထိ
ငါကတော့သူငယ်ချင်းသီချင်းတွေဆိုနေဦးမှာပါ............။

ပုံပြင်လေး

တစ်နေဝင်
တစ်နေထွက်လို့
နှစ်လရက်တွေ
အလီလီပြောင်းခဲ့
ချစ်သမျှတွေဟာ
နှစ်လရက်တွေနဲ့အတူ
ပြောင်လဲသွားပြီ
အနေဝေးလို့
ချစ်မိသမျှတွေ
အချိန်တွေတိုက်စား
ပုံပြင်လေးသာမှတ်လိုက်ပါတဲ့
ရက်ရက်စက်စက်
မင်းပြောလိုက်တဲ့
ပုံပြင်လေးက
ကိုယ့် အသဲထက်မှာ
ကမ္ဗည်းစာတွေ
ဖြစ်လို့နေပြီချစ်သူ
လမ်းခွဲစကားတွေပြောတော့
ဝမ်းနဲမိတာအမှန်ပါ
မင်းပြောခဲ့တဲ့ပုံပြင်လေး
တစ်သက်လုံးသိမ်းထားပါ့မယ်..ချစ်သူရယ်..........

ကောင်လေးအတွက်

ချစ်သူ.......
နင်ပျော်မယ်ဆိုရင်
ငါ့ကိုထားသွားပါ.........
ဒါပေမဲ့.......
ငါအမြဲစောင့်နေမှာပါ.......
ချစ်သူ............
နင်စိတ်ချမ်းသာမယ်ဆို့ရင်
ငါ့အသဲကိုခွဲသွားပါ
ဒါပေမဲ့.......
ငါအမြဲလွမ်းနေမှာပါ.....
ချစ်သူ........
နင်မချစ်တော့ဘူးဆိုရင်
ငါ့ကိုလှမ်းပြောပေးပါ
ငါနင့်ကိုချစ်တဲံ့
အချစ်တွေအတွက်
နင်အသိအမှတ်ပြုဖို့
နောက်ဆုံးအနေနဲ့
ငါတကယ်ချစ်တဲ့အကြောင်းလေး
ပြောခဲ့ပါရစေ...........။

အချစ်နဲ. ဝေးတဲ့အခါ.

အချစ်နဲ. ဝေးတဲ့အခါ....................

မုန်တိုင်းတွေ နဲ့ .................

ကျွန်မ ရင်ဆိုင် ခဲ့ရတယ် ............

အမြဲလို ............

ချစ်သူလက်ကို ဆုပ်ကိုင်ထား ...........

ခွင့်ရတဲ့ အချိန်က ................

ကျွန်မ အပျော်ဆုံးပေါ့ ...............

အမြဲလို တယောက်တည်း ........

နေတက်တဲ့ ကောင်မလေး ...............

အခုတော.ခြေလှမ်းတွေက ................

သူခြေရာနဲ့ တထပ်တည်း .................

သူပြုံးရင် ကိုယ်ပျော် .............

သူပျော်ရင် ကိုယ်ကြည်နူး .............

ရူးနေခဲ့မိတယ် .............

သူကို လူဆိုးလို.ပြောကြတယ် .............

သူဆိုး မှန်း သိပေမယ့် ..........

ကျွန်မက ချစ်တာကို ..............

ချစ်တဲ့သူနဲ့ လက်ထပ်တဲ့ သူ ............

တယောက်တည်း ဖြစ်ခြင်တဲ့ ကျွန်မ ...........

အချစ်ကို ကိုးကွယ်ခြင်တဲ့ ကျွန်မ ...............

ချစ်တာတခုပဲ သိတဲ့ကျွန်မ ............

မှန်ကန်တဲ.အချစ် ................

ကိုးကွယ်တဲ့ သူ.ကို .............

အချစ်က အမြဲတမ်း .......

ကျွန်မ အနား မှာရှိမယ်လို့ ...........

ယုံကြည်ခဲ့တဲ့ ကျွန်မ ..........

အခုတော. အရာရာအားလုံးကို ...........

အချစ် တခုတည်းနဲ့ ......

ဖန်တီး သိမ်းဆည်းနိုင် ခွင့်မရှိ ...........

ကျွန်မရဲ. အချစ်တွေ ကို သူ မေ.လျော့ချိန်ဟာ ...........

ကျွန်မနဲ. သူရဲ.ဘ၀ ကို မျဉ်းပြိုင်နှစ်ခုလို ...............

တနေ. ပြီးတနေ. ..........

ဝေးသထက် ဝေးလာတာကို ..........

ကျွန်မရင်နာနာနဲ့ ..........

မြင်တွေ.နေရတယ် ............

ကျွန်မရဲ. အချစ်ကို .........

ယုံကြည်ခဲ့တဲ့ သူ .........

ကျွန်မက စိတ်ကူးလေး နဲ.ပဲ ..........

အမြဲပျော်တက်တဲ့ ............

မျက်လုံးစုံမှိတ်ပြီး အချစ်ကို ကိုးကွယ်တဲ့  ...........

ကောင်မလေး............

ကောင်မလေး တယောက် မဟုက်လေတော့ ...

အခုတော့. ........

အချစ်နဲ.အဝေးမှာ

မုန်တိုင်းတွေနဲ. ကျွန်မ ရင်ဆိုင်ခဲ့ရတယ် ............

မုန်တိုင်းနဲ့ ကျွန်မအကြားမှာ ...........

အချစ်က သူရဲကောင်း မဟုက်လေတော့ .....

အချစ်နဲ့ အဝေးမှာ ....

မုန်တိုင်းတွေ ကို ကျွန်မ ရင်ဆိုင်ပြစ်လိုက်တယ် .........

လွမ်းတယ်

အတွေးတိုင်းမှာမင်းရှိ
ကြည့်လေရာတိုင်း မင်းသာမြင်မိတယ်
ခက်ပါရဲ့
မျက်နှာများသူရယ်
ငါ့နှလုံးသားကို မင်း
ဘာ့ကြောင့် အရောင်စွန်းစေခဲ့တာလဲ
ငါ့စိတ်ကို မင်း
ဘာ့ကြောင့် အပိုင်စိုးခဲ့တာလဲ
မထီတရီ မျက်နှာထားနဲ့
ခပ်တွန့်တွန့် နှုတ်ခမ်းလေးရယ်
ဘာ့ကြောင့်များ အပြုံးထူးလေးကို ပြုံးတတ်တာလဲ
ဆေးလိပ်ကို ငါမကြိုက်ပေမဲ့
ဆေးလိပ်သောက်တတ်တဲ့ မင်းကိုချစ်တယ်
ကွမ်းစားတာမနှစ်သက်ပေမဲ့
ကွမ်းစားတဲ့ မင်းကို ချစ်တယ်
အရက်ကို ငါမုန်းပေမဲ့
အရက်သောက်တဲ့မင်းကို ချစ်တယ်
အချစ်ဆိုတဲ့ခံစားချက်က
ဘ၀မှာ အရေးပါသလား
လက်တွဲဖော်ဆိုတဲ့နေရာမှာ
မင်းလိုလူမျိုးရွေးဖို့ သတ္တိမရှိခဲ့တာ အမှန်ပါ
“ဦးဏှောတ်ကြီးရယ်
နည်းနည်းပဲ အလုပ်လုပ်ပါ
အမှားအမှန်ခွဲခြားနိုင်စွမ်းတွေ
နည်းနည်းလောက် လျော့ပေးပါ
သူ့ကိုငါ မမေ့နိုင်လို့ပါ”
“ကောင်လေးရယ်
အချစ်အတွက် ဘ၀အပျက်ခံမလား
အချိန်နဲ့သာကုစားလိုက်ပါ
နောက်ထပ် တွေ့ဆုံနိုင်သူတွေရှိပါသေးတယ်”
မင်းကိုတွေ့တိုင်း
လှည့်မကြည့်ဖို့ ကြိုးစားရင်း
မမြင်ချင်ယောင်ဆောင်ခဲ့မိတယ်
မင်းရဲ့ အရိပ်ကလေးမြင်ရုံနဲ့
ငါရင်ခုန်တတ်တာမင်းမှ မသိပဲ
မင်းစကားသံတိုင်းမှာ
နားမထောင်သလိုနဲ့
မကြားချင်ယောင်ဆောင်ခဲ့မိတယ်
ငါ့နှလုံးသားကတော့
မင်းအသံလေးမှာပျော်ဝင်တတ်တာ မင်းမှ မသိပဲ
ချစ်တယ်
ဝန်မခံရဲတဲ့ စကားက
ရင်ထဲမှာ ပြည့်နှက်
ဘာမှ မစားချင်မသောက်ချင်လောက်အောင်ကို
ပြည့်ကျပ်နေတယ်
ဦးဏှောက်ရေ ဘာ့ကြောင့် တွေးတတ်တာလဲ
ငါ့နှလုံးသားက ဘာကြောင့် ချစ်တတ်တာလဲ
မေးခွန်းတွေနဲ့ လည်
ငါ့မှာတော့ ဂျာအေး သူ့မေ ရိုက်နေသလိုပါပဲ
မတွေ့အောင်ရှောင် မတွေ့အောင်ပုန်း
အမုန်းကြောင့်မဟုက်ပါဘူး
အချစ်တိုးမှာ စိုးခဲ့မိလို့ပါ
သတိရခြင်းလား လွမ်းခြင်းလား
ငါ့ကိုယ်ငါ မမေးရဲ
မင်းကိုမေ့ဖို့ ငါ..ကြိုးစားဆဲလေ
နွေ..မိုး..ဆောင်း
ရက်တွေလည်းပြောင်းခဲ့
ဘာလိုလိုနဲ့ တစ်နှစ်ခွဲခဲ့ပြီ
ပြန်တွေ့ရင်ရင်ခုန်ဦးမလား
မေးစရာမလိုခဲ့
မင်းအကြောင်းတွေးရုံနဲ့
ရင်မှာနွေးနေဆဲပဲ
ကျေနပ်ပါတယ်
အဝေးကငေး အဝေးကလွမ်း
ငါရွေးခဲ့တဲ့လမ်းပဲလေ
ခုချိန်ထိတော့
ငါ့ခဲဆွဲပန်းချီတိုင်းဟာ မင်းပုံရိပ်သာဖြစနေဆဲ
အလွမ်းတွေနဲ့ငါ တစ်ယောက်တည်းနေနေဆဲ
အချစ်ဆိုတာကလည်း…………..
တစ်စုံတစ်ယောက်အတွက် ဖြစ်နေဆဲလေ။

ဖွင့်ဟခြင်း

သံစဉ်တွေကို ထုခွဲ

ဒဏ်ရာတွေ ကို ရေတွက်

တမ်းတခြင်း သက်သက်နဲ့

နင့် အတွက် ကဗျာတွေ ကို

ရေးနေခဲ့.......................

ကြယ်ကြွေတာကို ငေးမော

ညလေအေး မှာ တွေးတောရင်း

နှလုံးသား က ယိုစီး တဲ့

စကားတွေ ကို မတားဆီးဘဲ

ကဗျာတွေ ပေါ်ထွက်လာပြီ ပဲ.....

သြော်.....

သူသိပါစေ သူသိပါစေ

ဒီကဗျာတွေ ကို သူဖတ်ပါစေ..

ဒါမှာလည်း စကားအဖြစ်

ပြောဖို့ တစ်ဆို့ နေတဲ့

နှလုံးသား အချစ်တွေ ကို နားလည်နိုင် မှာပါ......။

ည... ကြည်လင်တဲ့  မိုးကောင်းကင်အောက်မှာ
လှချင်တိုင်း လှနေတဲ့ ည...

နှင်းဆီ ရနံလေးတွေ မြောက်လေတိုက်တဲ့ အခါတိုင်း
သင်းချင်တိုင်း သင်းနေတဲ့ ည...

အိမ်ရှေ့  လရောင်အောက်မှာ ထိုင်နေရင်
သူ့ မျက်နှာလေ အောက်မေ့သတိယ တမ်းတနေတဲ့ ည....

ည... သူ့ ကိုလွမ်းဖို့  ဆွဲဆောင်အားဖြည့်နေသော ည..
သူ့ အကြောင်းစဉ်စား အတွေးစ ပျံ့ ချင်တိုင်း ပျံ့ လွန်းနေသော ည...

အိပ်မပျော်တဲ့ အခန်းငယ်ထဲ
ယောင်ယက်ခတ်နေတဲ့ နှစ်လုံးသားထဲ
သူ့ အပြုံးလေတွေ တိုးတိုးတိတ်တိတ်
သတိယနေသော ည....
ခုည လွမ်းမောသူအဖို့  ဆွဲဆောင်တွန်းအားပေးလွန်းသော ည...

နင့်ကိုသိပ်ချစ်လို့ပေါ့

နင့်ရဲ့ ပျော်ရွှင်မှု့တိုင်းဟာ ငါ့ရဲ့မျှော်လင့်ချက်တွေပါ။
နင့်ရဲ့လိုအပ်မှု့တိုင်းဟာ ငါ့ရဲ့ပေးဆပ်မှု့တွေပေါ့။
နင့်ရဲ့အားငယ်မှု့တွေကလဲ ငါ့ရဲ့နှစ်သိမ့်ခြင်းတွေပဲလေ။
ငါ ပျော်ရွှင်နေတာပဲဖြစ်ဖြစ်. ငိုကြွေးနေတာပဲဖြစ်ဖြစ် နင့်ကိုချစ်တာက ချစ်တာပါပဲ။
ဖျောက်ဖျက်ပစ်လို့မှမရတာ။
နင့်ဘေးကကောင်မလေးကို ကြည့်ရင်းနင့်ကိုငါချစ်တယ်။
နင်က ငါ့ကိုနာကျင်မှု့တွေပေးခဲ့ ပေးခဲ့ နင်ဟာငါ့ရဲကတစ်ဦးတည်းသော မြတ်နိုးရသူပါ။
ချစ်တယ်ဆိုတဲ့ မဆန်းတဲ့စကားလုံးလေးကို တဖွဖွ ရွတ်ရင်း နင့်ရဲ့အဝေးဆုံးကနေ အရမ်းချစ်နေတဲ့ငါ့ကို
အမှတ်တမဲ့ဖြစ်ဖြစ် သတိရရင်သိပ်ကောင်းမှာပဲနော်။
မြတ်နိုးမှု့တွေကို ဆေးရောင်ခြယ်လိုက်ရင် ရယ်မောနေတဲ့ နင့်ရဲ့ပုံရိပ်လေးရလာ လိမ့်မယ်။
ဘာလို့လဲဆိုတော့ နင့်ကိုငါ သိပ်ချစ်လို့ပေါ့.......။

အချစ်

နှ လုံး သား ချင်း ထိ ခတ် မှ

ထောက် ခ နဲ့ တောက် တဲ့

မီး ပွင့် လေး ပါ


အ ထိ အ တွေ့ က ဓာတ် လိုက် သ လို

အ ရေ ပြား တစ် လျှောက်

ဖျဉ်း ခ နဲ ကြက် သီး လေး ဖြတ် ပြေး သွား တယ်


အ သက် ရှူ သံ တွေ

စည်း ၀ါး မ မှန် တော့ ဘူး


ကြို တင် ညှိ စရာ မ လို တဲ့ နား လည် မှု တွေ

တ ရ စပ် ပွင့် လို့ စစ် မှန် ရင် ကြား လူ ဖျက် လို့ မ ပျက် ဘူး


လ မိုက် ည တွေ တောင်

အ လင်း ရောင် ထည် ၀ါ လို့


ကြိုး မ ညှိ ရ ဘဲ

သံ စဉ် တွေ လှ ပ လို့


``အ ရာ ရာ ကို ရင် ဆိုင် မယ်´´


စိတ် ဓာတ် တွေ

သွေး ထဲ မှာ ရုန်း ကြွ လို့

ရူး တယ် လို့ ဆို ချင် ဆို ငါ က တော့

ဒီ အနာ ကို ဆေး မ ကု ချင် ဘူး ချစ် သူ ရေ

အလွမ်းတစ်လှုံစာ

အသွားရှိပြီး . . . အပြန်မရှိတဲ့

တစ်လမ်းသွားလေးပါ
နေစိမ့်နိုင်သူ အတွက်
ဖြေသိမ့်အောင် ဖြေနေရတာ
ကြာလာတော့ အကျင့်ပါပြီ

“ အသက်ရှူကျပ်လိုက်တာ ” ဆိုတဲ့ စကား
အချစ်နဲ့တွေ့မှ အတော် အသုံးဝင်မှန်း သိတယ်

သူ့အပြုံးတွေ မိုးခေါင်တိုင်း
ငါ့ချစ်သူပဲလေ ဆိုတဲ့
အတွေးနဲ့ပဲ

ဖိုးသူတော်လဲ
တောင်ဝှေး
မကယ်နိုင်တဲ့ အဖြစ်

ငါ့အချစ်က
အလျား
အနံ
သာ
ရှိ
တယ်

Slipper

Love's same to the slipper.
If you haven't a slipper,
how can you walk?
I'm slipper of you.


ကိုယ်ဟာမင်းအတွက် ဖိနပ်လေးတစ်ရံဖြစ်မယ်ဆိုရင်
မင်းသွားလိုရာကို အနင်းခံအဖြစ်နဲ့ လျှောက်လှမ်းသွားခွင့်ပေးမှာပါ။

မျှော်လင့်ခြင်း

ပုံပြင်လေးပဲ ဖြစ်နေပါစေ...

အိမ်မက်လေး ပဲ ဖြစ်နေပါစေ..

လရိပ်လေးပဲ ဖြစ်နေပါစေ...

ဘယ်လိုပဲ ဖြစ်နေပါစေ....

သူနဲ့ တွေ့ရင်ပျော်တယ်...

သူ့ အသံကြားရင် ကြည်နူးတယ်..

သူ့ အနားမှာ ရှိရင် ပြီးပြည့်စုံတယ်...

သူနဲ့ ဝေးရင် နာကျင်ရတယ်...

လွမ်းတဲ့ စိတ်ကြောင့်နှလုံးသားမှာ ခံစားရတယ်..

သူနဲ့ ဝေးဝေးကို မသွားရဲဘူး...

သူအကြောင်းတွေးရင် ပီတိဖြစ်ရတဲ့ ဒီစိတ်တွေ

သူနဲ့ အဝေးကို သွားဖို့ မဖြစ်နိုင်လို့

ပုံပြင်လေး ပဲ ဖြစ်နေပါစေ..

အိမ်မက်လေးပဲ ဖြစ်နေပါစေ...

လရိပ်လေးပဲ ဖြစ်နေပါစေ...

ဘယ်လိုပဲ ဖြစ်နေပါစေ...

ပုံပြင်လေး နားစဉ်ခွင့်ပြုပါ...

အိမ်မက်လေး မက်ခွင့်ပေးပါ...

လရိပ်လေးဖျန့်ကျက်ပေးပါ....နော်....

“ဝေး”

တစ်ယောက်ကိုတစ်ယောက်က
ငဲ့ ညှာနေရင်းပဲ တဖြေးဖြေးနဲ့ 
ငါတို့ နှစ်ယောက်လုံး
ပိုနာကျင်လာရတော့မယ်
ချစ်သူရယ်....
တကယ်တမ်းတော့လဲ
အချစ်ဆိုတာငါတို့ နှစ်ယောက်အတွက်
ဘီလူးကြမ်းတွေစီးမိုးထားတဲ့ အိမ်မက်အလကာင်္
ခပ်ဆိုးဆိုးတစ်ပုဒ်ပါပဲ

တစ်ခါတလေ တမင်တကာမေ့ထားတဲ့ ပုံစံမျိုးနဲ့ 
ခွဲခွာခြင်းတရားကို ငါတို့ 
ဆက်မေ့ထားနိုင်ရင်အရမ်းကောင်းမှာပဲကွယ်
ငါတို့ နှစ်ယောက် အစကတည်းက
ခပ်စောစောလေး
ဆုံတွေ့ခဲ့ကြရင်ကောင်းသားနော်
ဒါမှမဟုတ်...
ငါတို့ နှစ်ယောက် အစကတည်းက
မဆုံတွေ့ခဲ့ကြရင်လဲအကောင်းသား

ကဗျာဆရာတာရာမင်းဝေရဲ့ 
ကဗျာထဲမှာတော့ပန်းတွေခူးရင်း
သူငယ်ချင်းတွေနဲ့ စကားပြောရင်း
နင်ငါ့ကိုမေ့သွားမှာပါတဲ့ 

ကောင်မလေးရေ...
ပန်းတွေခူးရင်းနဲ့ 
သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ 
တစ်ခါတလေငါပို့ ထားတဲ့ 
ငါ့ ကဗျာလေးတွေကိုဖတ်ရင်းနဲ့ ပဲ
နင်ငါ့ကိုမေ့သွားနိုင်ပါစေသားကွယ်

ချစ်သူရေ....
ဝမ်းနည်းမနေပါနဲ့ ကွယ်
ခွဲခွာခြင်းဆိုတာလဲလူတိုင်းအတွက်
မတောင်းပဲ ပြည့်တဲ့ ဆုတစ်ခုကွဲ့...

အေးလေ....
အဲ့ဒီနောက်မှတော့ ငါကိုယ်တိုင်ချီနှောင်ထားတဲ့ 
အပြာရောင်ကြိုးလေးတစ်စကို ငါကိုယ်တိုင်လူမသိအောင်
တိုးတိုးတိတ်တိတ်နဲ့ ပြန်ဖြတ်တောက်လိုက်ပါ့ မယ်
အားလုံးပြီးဆုံးသွားပါပြီ
အရာအားလုံးဟာပြီးဆုံးသွားပါပြီးကွယ်
ဒါပေမယ့်
ငါတစ်ယောက်ထဲတိုးတိုးတိတ်တိတ်နဲ့ 
ဒါ.......ပေ.....မယ့်
ငါ....
တစ်....
ယောက်........ထဲ........တိုး....တိုး....တိတ်....တိတ်......နဲ့.....

ဆုံ မှတ်

မျက် ၀န်း ချင်း

အ ချိတ် အ ဆက် လွဲ နေ မှ တော့

သံ သ ယ တွေ နဲ့

ဗျာ များ ကြ ပြီ ပေါ့

ဆုံ မှတ် မဲ့ ရင် ခွင် နှစ် စုံ

မျက် နှာ လွဲ နေ ပုံ နဲ့ များ

ဖေ ဖော် ၀ါ ရီ ( ၁၄ ) ရက် ကို

ဘယ် လို ကျော ချင်း ကပ် ကြ မှာ လဲ

Valentime's Day နှစ် ပတ် လည် တိုင်း


ချစ် သူ ရဲ့ လက် တစ် ဖက် နဲ့ ဝေး နေ ရ တာ ပါ


အ ဝေး ကွင်း မှာ

တိုက် စစ် အ တွဲ မ ညီ လို့

အ ၀ါ ကတ်

အ ပြ ခံ ရ တာ

နည်း လမ်း ကျ ပါ တယ်

ရေ လိုက် ငါး လိုက် အ ပြုံး တွေ နဲ့


ရေ လိုက် လွဲ နေ တဲ့

ချစ် သူ တွေ

တွေ့ ဆုံ ခွင့် ဆို တာ လည်း

. . . လမ်း ကြုံ မှ ပဲ . . .

ဇာတ်ဆရာအလိုကျ

အရာအားလုံးဟာ
ရေစက်ပါလို့ဆုံခဲ့ကြတာပါဆိုရင်
မင်းနဲ့ငါရဲ့ ရေစက်က
ဘာလို့တ၀က်တပျက်မှာ
လမ်းခွဲဘို့ဖြစ်လာရတာလဲ

အင်းလေ....ဒါတွေဟာ
ကံဇာတ်ဆရာရဲ့
ကြိုရေးထားပြီးသား
ပြဇာတ်တစ်ပုဒ်ဆိုတော့လည်း
သူလွမ်းခိုင်းရင်လွမ်း
သူကြမ်းခိုင်းရင်ကြမ်းလို့
သူကခိုင်းတဲ့အတိုင်း ကလိုက်တော့မယ်

နင်ငါ့ကိုမေ့သွားတာ
ဇာတ်ဆရာအလိုကျဆိုရင်
တစ်စုံတစ်ယောက်ကိုမေ့နိုင်ဘို့အရေး
အတော်လေးကြိုးစားနေရသူကလည်း
ဇာတ်ဆရာအလိုကျပဲပေါ့ကွယ်

ငါ့ဘ၀နေပျော်ဘို့
ဇာတ်ဆရာဆိုတဲ့သူ
မေ့နေတာတော့မဖြစ်တန်ကောင်းပါဘူး
တစ်နေ့နေ့တော့
ငါ့အတွက် ပျော်ရွှင်ဖွယ်ရာတွေ
သူဖန်တီးပေးလိမ့်မယ်ထင်ပါတယ်.........

အဲဒီတစ်နေ့နေ့ကိုရောက်ဘို့
သူကခိုင်းတာ မညည်းမညူကရင်း
သူ့အလိုကျနေပြလိုက်အုံးမယ်ကွယ်

တကယ်တော့
အရာအားလုံးဟာ
ဇာတ်ဆရာ အလိုကျပါပဲ...........

တစ်ယောက်သောသူအတွက် တောင်းပန်စကား...

ငါ့ရည်မှန်းချက်..
ငါ့ဘဝ...
ငါ့မိသားစုအတွက်ကြောင့် နင့်ကို ခွဲရတယ်..
ငါလေ ငါ့မိသားစုရဲ့ စကားကို မလွန်ဆန်နိုင်ခဲ့လို့ပါ..
ဒါပေမယ့် ငါ့ရဲ့စိတ်က နင်နဲ့ဝေးမနေဘူး.
ငါမိဘတွေ မျက်နှာမကောင်းရင် မနေတတ်တဲ့
ငါ့ရဲ့ အပြစ်တွေကို ခွင့်မလွှတ်ပါနဲ့..
တောင်းလည်း မတောင်းဆိုပါဘူး
မုန်းချင်လဲ မုန်းလိုက်ပါတော့
မေ့ချင်လဲ မေ့လိုက်ပါတော့
ငါ့အပြစ်တွေကို နင့်အပြစ်တင်သံတွေနဲ့ ဆေးချလိုက်ပါ့မယ်...

ရှင်သန်ဆဲ

ပုံရိပ်တိုင်းစိုးမိုး
အချိန်တိုင်းဝင်ရောက်
မေ့မရအောင်သတိရတမ်းတ
အရိပ်ပမာနေချင်
အသဲပေါက်မထွက်ချစ်မယ်
ထာဝရမင်းနဲ.နီးဖို.အလွမ်းသွေး
နှလုံးသားထဲသွင်းရင်းအသက်ဆက်
ရှင်သန်ရင်းမောင်ကိုချစ်နေမယ်။

အဆုံးမရှိကဗျာ

လှုပ်ရှားနေသောနှလုံးသား
ချစ်စိတ်လေးဝိုးတ၀ါး
ရင်ခုန်သံစည်းချက်ညီစွာ
အချစ်ရဲ.သဘောတရား
ရှာဖွေနေဆဲအချိန်ကစ
မဝေခွဲတက်ခင်ကတည်းက
"မောင်"ကိုချစ်တာသေချာနေခဲ.တယ်
အချစ်ရဲ.သဘောတရား
ရှာဖွေတွေ.ရှိခဲ.ချိန်
မောင်ကိုအနှိုင်းမဲ.
ပေးဆပ်မှူနဲ.ချစ်မယ်
ချစ်ခြင်းရဲတစ်ဘက်မှာမုန်းခြင်းက
စောင့်ကြိုနေရင်တောင်
"မောင်"ကိုမုန်းခြင်းရဲ.တစ်ဘက်ကမ်းကို
မရောက်စေချင်ဘူး
သဲကိုယ်တိုင်လည်းမုန်းခြင်းဘက်ကို
ဘယ်တော.မှမသွားဘူး
"မောင်"ဟာသဲရေးတဲ.ကဗျာ၇ဲ.အစဖြစ်နေရင်ကဗျာအဆုံးမှာ
မုန်းခြင်းကစောင်.ကြိုနေမယ်ဆိုရင်
သဲရေးသမျှကဗျာအားလုံးဘယ်တော.မှအဆုံးမသတ်ဘူး"မောင်"
အဲ့ဒါကြောင်.သဲ"မောင်"အတွက်ခံစားရေးတဲ.ကဗျားအားလုံးတိုင်းကို
ဘယ်တော.မှခေါင်းစဉ်တပ်မပေးဘူးအဆုံးမရှိစေချင်လို.
"မောင်"ကိုသဲဘယ်လောက်ချစ်တယ်ဆိုတာမောင်ယုံကြည်နေပေးပါ"မောင်"

ချစ်သူ.....မောင်.အတွက်

တွေ.ချင်စိတ်ကို
ရင်မှာထိန်းချူပ်
မောင်.မျက်နှာလေး
မြင်ယောင်တမ်းတ
သိပ်လွမ်းတာဘဲ
ထာဝရနီးဖို့ အရေး
ခဏလေးထိန်းချူပ်
မောင့်ကိုချစ်တဲ.စိတ်
အလွမ်းတွေကို
တွယ်ဖက်နေတက်ပြီ'မောင်"
ရင်မှာစိတ်မချ
သောက၀င်တိုင်း
အရမ်းသတိရတဲ.စိတ်က
ပါးပြင်စိုစွတ်အောင်ပြုစားနေပြီ"မောင်"
အဲ.လိုဖြစ်နေတဲ.စိတ်ကို
နှလုံးသားကထုချေလွှာတောင်းရင်
သဲ"မောင်"ကိုချစ်လွန်းတဲ.စိတ်ကြောင်.ပါလို.
နှလုံးသားသားကိုအသနားခံစာတင်စာတင်မယ်
နှလုံးသားကနောက်ဘယ်တော.မှထုချေလွှာတောင်းတော.မှာမဟုတ်ဘူး
ဘာလို.လဲဆိုတော.သဲနှလုံးသားကမောင်အတွက်ဆို
အမြဲတံခါးဖွင်.ကြိုဆိုနေမှာမို.လို.ပါချစ်ရတဲ."မောင်"

အစွဲအလန်းကြီးသူရဲ့ ငတ်မွတ်မှု

ငါ့ခံစားချက်တွေ
နင့်နှလုံးသားရှေ့မှာ
ခင်းကျင်းပြသဘူးတယ်....
အကြိမ်ကြိမ်အဖန်ဖန်
ကြိုးစားခဲ့သမျှ
နင်မမြင်နိုင်ခဲ့ဘူး...
ဒါကြောင့်...
နွေမှာတွေ့၊မိုးမှာဆုံ၊ဆောင်းမှာ
လမ်းခွဲခဲ့ရတဲ့ ငါ့ဘ၀က
မဖူးပွင့်နိုင်တော့ဘဲ ရိုးတံကျဲကျဲသာကျန်ပြီး
ကောင်းကင်ကိုမော့ကြည့်နေရတဲ့
သစ်ပင်တစ်ပင်နဲ့တူနေပြီ......
ဒါပေမဲ့...ဟိုအရင်တစ်ချိန်က
ငါတို့နှစ်ယောက် နားခိုခဲ့ဘူးတဲ့
နေရာဟောင်းတွေကို
တစ်ယောက်ထဲလျှောက်လှမ်းရင်း
နင့်ပုံရိပ်တွေ၊နင့်ရီ(ရယ်)သံတွေကို
မြင်ယောင်မိကြားယောင်မိနေတုန်းပဲ
အသက်တွေသာကြီးလာပြီး
လွတ်လပ်မှုတွေနည်းပါးသွားတဲ့
ဘ၀တွေကြားထဲ
နင်ရောငါ့ကို သတိရသေးရဲ့လားဟာ......

ထိုက်တန်နေတဲ့  အ၇ှုံးပေါ့

နားလည်လိုက်ပါ

ပြိုင်ဆိုင်တဲ့  မျဉ်း မဟုတ်ဘူး

မပိုင်ဆိုင် ဘူးလို့ ထပ်မပြောပါနဲ့ 

၇င်ထဲတင်းကျပ်လွန်းလို့ ပါ...

ခွင့် လွတ် လျှက် လွတ်မြဲစွာက

ပထမတခါ ၇ှုံး ၇တာ ငါ " အ" လို့ ပါ

ဒုတိယတခါ ၇ှုံး ၇တာက မင်း တော်လို့ ပါ

နောက်ဆုံး တခါ ၇ှုံး ၇တာက..

ငါ မင်းကို သိပ်ချစ်မိသွားလို့ ပါ။

မလွတ်လပ်တဲ့..အိမ်မက်..

တိတ်ဆိတ်လွန်းတဲ့စိတ်..
နာကျင်နေတဲ့ ရင်အစုံ..
လူမသိတဲ့..အလွမ်းရင့်ရင့်..
နှုတ်ဆက်ချင်ပါတယ်..
ထာဝရလို့ရည်စူးပြီး..
ငါ့ကို..
ဘယ်တော့မှအပြစ်မတင်ပါနဲ့

နင်မချစ်ခဲ့တဲ့
နင်ချစ်တယ်လို့ပြောပြီး
နင် အချစ်ကိုမရခဲ့တဲ့
ငါ့ကို..ထာဝရလွပ်လပ်ခွင့်ပေးပါ..
တပ်မက်ခြင်းတွေနဲ့..အချစ်ကိုကင်းလွတ်ခွင့်ပေးပါ..
မလွပ်လပ်တဲ့ သံယောဇဉ်..ပါးပါးကို
သိုဝှက်ခွင့်ပြုပါတော့...

ခေါ်ချင်ခဲ့တဲ့..ခေါ်ခွင့်မရှိနိုင်တော့တဲ့
ချစ်ခြင်းရဲ့သံစဉ်..နာမတစ်ခုကို
ဘာသာရည်ရွတ်ရင်.....
အချစ်တခုဖြစ်တည်တာအပြစ်တခုလို့
မသတ်မှတ်ချင်တော့ပါကွယ်...

ဆွံ့အ .. အလွမ်း

ဆောင်းရက်တွေကုန်ဆုံးလို့ 
နွေရဲ့ အလင်းတွေအရည်ပျော်ကျ
ငါ့ရင်ထဲက ရင်ကွဲနာအလွမ်းတွေက
ပုံဆောင်ခဲံအဖြစ်ကျန်ရှိနေသေးတယ် ..
တကယ်တော့ ..
နင်နဲ့ငါက နီးရက်နဲ့ .. ဝေး ..

အဝေးကို .. ငေးမောမိတယ် ..
လေညင်းတွေက တိုးတိတ်စွာ
စိတ်ရဲ့ နာမကျန်းမှု့တွေကို ကုစားတယ် ..
အချိန်တွေကုန်ဆုံးတယ် ..
နေရာတွေ ပျောက်ဆုံးတယ် ..
ကြေကွဲခြင်းရဲ့ မျက်ကွယ်ပြုမှု့ တွေနောက် ..
နင် နဲ့ ငါ ပုန်းခိုခဲ့မိကြတယ် ..

မျက်ရည်စတွေ ခန်းခြောက်သွားစေဖို့ 
စကားလုံးတွေကို ရှာမရခဲ့ ..
နင့်ကို .. ငါ မုန်း တယ် .. ( လိမ်ညာ ခွင့်ပြုပါ )
နာကျင်ပစ်လိုက်ပါ ငါ့ကိုမေ့လိုက်ပါ
ကျွမ်းကျင်စွာ ပြုလုပ်ထားတဲ့
ဥပက္ခာပြုမှု့တွေ ..
အလွမ်းစိတ်တွေ ..
နာကျင်ခြင်းတွေ ..
ငါ့သွေးသား.. ငါ့ခန္ဓာထဲ ..
ပူလောင်စွာနဲ့ စီးဆင်းတယ်

ငါ့ ရင်ခွင်ကို နင် နှုတ်ဆက်သွားတော့
ရင်ဘတ်ကြီးထဲ အလွမ်းတွေ နဲ့ ငါ ..
တိုးတိတ်စွာ ကျန်ရစ်ခဲ့ရတယ် ..
တကယ်တော့ ..
ငါနင့်ကို .. အရမ်း ချစ်တယ်
ဆွံ့အစွာ တမ်းတနေမိတယ် ..

လွင့်မျောခြင်းရဲ့ အဆုံး

နာရီတွေ လွင့်မျော
လေညင်းတွေ လွင့်မျော
အပြုံးတွေ လွင့်မျော
ခြေရာတွေ လွင့်မျော
အားလုံးကုန် လွင့်မျောလို့
ဘာကိုမှ မခံစားရ
ဘ၀ဆိုတာ လွင့်မျောရာလား
လွင့်မျောခြင်းနောက်
ကောက်ကောက်ပါအောင်လိုက်
သူ့ကို မေ့ချင်လို့ပါကွယ်
ဟော့ဒီမယ် တောင်ပံတစ်စုံ
လေဟုန်နဲ့ မျောလွင့်
လွင့်လိုက်ချင်ရဲ့
ရွက်တွေကို ဖွင့်
တံခါးတွေကို ဖွင့်
လေဟာပြင်ကို ဖွင့်
လွင့်မျောခြင်းရဲ့ အဆုံးကိုရှာ
လေမဲ့ ပေါ့ပါးခြင်းထဲမှာ ပျံဝဲရင်း
အပြင်းထန်ဆုံး ပေါက်ကွဲစမ်းပါရစေ။

အရာရာတိုင်းဟာ.......

အရာရာတိုင်းဟာ.......
ငါတို.တွေ.ဆုံဖို.
စတင်ခဲ.တယ်

အရာရာတိုင်းဟာ.........
ငါတို.ခွဲကြဖို.
စီမံဖန်တီးလာခဲ.တယ်

အရာရာတိုင်းဟာ........
ငါတို.အချစ်အတွက်
အကောင်းဆုံးသက်သေတွေပေါ.

အရာရာတိုင်းဟာ.......
ငါတို.ဘ၀အတွက်
ခါးသီးတဲ.အလွမ်းတွေပါ

အဲဒီလိုပဲ........
အရာရာတိုင်းဟာ.........
ငါတို.ပေါင်းစပ်ဖို........
ဘုရားပေးတဲ.လက်ဆောင်ဆိုရင်......
အရာရာတိုင်းဟာ.....
အမြဲတမ်းအတွက်........
ထာဝရဆုလာဘ်ပဲပေါ.

ရင်ခုန်သံတွေ ကျယ်နေပြီလား

မောင့်ရဲ့ ချစ်စကား
ကြားရတဲ့ပျို
နားဝမှာချိုလို့
အမြဲတမ်းဘဲ လိုချင်မိတယ်

အချစ်ဆိုတာ ကြည်နှုးသိမ်မွေ့ခြင်းလို့
အဓိပ္ပါယ်တပ် မောင့်ရဲ့ မြတ်နိုးမှုအကြည့်အောက်မှာ
ချစ်လေ ရူးလောက်ပါတယ်။

အချစ်စကားတွေပြော
နှလုံးသားမှာ ရှိုန်းမြမြခံစား
ချစ်ရဲ့ ရင်ခုန်သံတွေ မောင်ကြားမှာစိုးတယ်

ကိုယ်စား

ပြန်လည်ရုတ်သိမ်း
သူစိမ်းပြင်ပြင်
မနေချင်ဘူး
အချစ်ဦးရေ..........
ချစ်ဖူး ခင်ဖူး
ခင်တွယ်ဖူးသမျှ
ကြိုးစရစ်နှောင်
နှစ်တစ်ထောင်အထိ
နှောင်တွယ်မိသည်။
ကြင်လျက်.....စိမ်း
ရင်ထက်ယိမ်းယိုင်
မထိန်းနိုင်ကိုယ်
မျက်ရည်ပြိုလည်း
သခင်ငိုမှာ စိုးရိမ်၏။

သို့

အပြုံးမပျက် နှုတ်ဆက်ကျောခိုင်း
ပြုံးသူမျက်ဝန်း မျက်ရည်စကိုယ်စီ
နာကျင်ကြေကွဲ ချစ်လျှက်ခွဲခွါ
မသက်ဆိုင်တော့တဲ့ သူစိမ်းတွေလို။

ရာသီစက်ဝန်း ပြောင်းခဲ့အလီလီ
အမြဲတစေ မဟုတ်သော်လည်း
ရံဖန်ခါဆီ သတိရနေမိ
ကြောင်းကျိုးတိုက်ဆိုင် ရှိခဲ့ပါလည်း
အမှတ်တမဲ့ လွမ်းနေမြဲ

ပန်းတို့ဘာဝ ဆင်းရနံ့ကြားပျော်မြူးရွှင်စွာ
ပျားပိတုံးတို့ လူးလားခေါက်ပြန်
ရှိခဲ့ပါလည်း ပကတိပင်
တည်ငြိမ်စွာဖြင့် မယိမ်းနွဲ့ ။

ကျယ်ပြောလှတဲ့ ပန်ခင်းအလယ်
တည်နေပေမဲ့ ကမ်းလင့်လှည့်သော
လက်တို့များစွာ ရှိနေသော်ငြား
မမြင်နိုင်သော ဟိုး ..အဝေးက
လက်အစုံကို လည်ပြန်ငေးကာ
တွေးနေဆဲ ....။ ။

ဟိုးအဝေးက ချစ်သူ

ငါ့ဘ၀ကို မာနတွေနဲ့ ကန့်ထားပေမယ့်
အဖြူရောင် အချစ်တွေတစ်ပွေ့တစ်ပိုက်
နင့်တစ်ယောက်တည်းအတွက်ဆိုပြီး
အချိန်တွေကြာအောင် ငါမျှော်ခဲ့ဖူးတယ်
မက်ခဲ့ဖူးတဲ့ အိမ်မက်က ဆောင်းတွင်းကြီးဆိုတာ
ငါမသိချင်ယောင်ဆောင် မေ့တတ်ခဲ့တယ်
အချစ်ကို တန်ဖိုးမထားတတ်တဲ့
နင့်ကို...........................
တိုးတိုးလေး ပြေးလာတဲ့
နင့်ခြေသံလေးကို ငါ့နှလုံးသားက နားထောင်နေသလို
နင့်ဆီကရလာမယ့် သစ္စာတရားကိုလည်း
ငါ့အချစ်တွေက စောင့်နေဆဲပါ
ဟိုးအဝေးက ချစ်သူ

သူငယ်ချင်း~~~

သူငယ်ချင်းရေ..
နင်နဲ့ငါနဲ့ ..ဆုံတွေ့ခဲ့တာ...ကာလအားဖြင့်တွက်ကြည့်မယ်ဆိုရင်တော့..
သိပ်မကြာသေးပါဘူး...ဒါပေမယ့်..သူငယ်ချင်းရေ...ငါနင့်ကိုအရမ်းခင်ပါတယ်
အလုပ်ထဲမှာအဆင်မပြေရင်လဲ....ဖြိုးလေးမငိုနဲ့နော်...အဆင်ပြေသွားမှာပါဆိုပြီး...
အမြဲအားပေးတတ်တဲ့..သူငယ်ချင်း....................
နေမကောင်းရင်...ဖြိုးလေးအစာစားနော်...စားပြီးဆေးသောက်နော်လို့.......
သတိတရမှာတတ်တဲ့....သူငယ်ချင်း..................
မေမေနဲ့စကားများပြီး....အိမ်နဲ့အဆင်မပြေတိုင်း....ဖြိုးလေး..မိဘဆိုသာသားသမီးတိုင်းကိုချစ်ပါတယ်......
ဖြိုးလေးမေမေကဖြိုးလေးကိုချစ်ပါတယ်လို့..မငိုရဘူးနော်..ခေါင်းကိုက်မယ်လို့...
.နှစ်သိမ့်ပေးခဲ့တဲ့..သူငယ်ချင်း..........
သူငယ်ချင်းရေ..နင်နဲ့ငါနဲ့က..ငယ်ငယ်ကတည်းကသိပြီးတူတူကြီးလာတာမဟုတ်ပေမယ့်
ငါနင်အပေါ်ထားရှိတဲ့အဖြူရောင်သံယောဇဉ်တွေက...အရမ်းကိုခိုင်မာလွန်းပါတယ်.....
နင်နဲ့ငါနဲ့ကတစ်နေ့တည်း၊တစ်ရက်တည်း၊တစ်ခုနစ်တည်းတူတူမွေးပြီး...နာရီပိုင်းလေးပဲ....
ကွာတာကိုသိတဲ့အချိန်ကစပြီး...ငါ့ရင်ထဲမှာနင်ဟာငါ့ရဲ့..အကိုလိုမောင်လေးလို..သံယောဇဉ်ပိုရှိခဲ့ရတယ်............
နင်လဲငါ့လိုပဲ......ငါ့ကိုခင်ခဲ့တယ်ဆိုတာ..နင့်ရဲ့ဂရုစိုက်မှု့တွေကသက်သေခံနေပါတယ်
ဒါပေမယ့်...........~~~~~~~~~~~~~~~~~~
သူငယ်ချင်းရေ..ငါဘာတွေမှားလို့..ငါပေါ်စိမ်းကားသွားခဲ့ရတာလဲ......
ငါအပေါ်ဘာတွေ..အထင်လွဲနေလို့...မခေါ်တာလဲဆိုတာ..........ဖြေရှင်းခွင့်ရှိရင်..........ဖြေရှင်းချင်ပါတယ်......

Friday, February 19, 2010

...............

နင့် ဘယ်ဘယ် သွားသွား
နင့် ဘာလုပ်လုပ်
နင့် ဘေးနားမှာ
ငါ ရှိချင်တယ်
ပေးဆပ်ချင်းဆိုတဲ့
အချစ်မျိုးနဲ့ပေါ့
နင့်ဘာပဲဖြစ်ဖြစ်
နင့်ဘယ်ပဲေ၇ာက်၇ာက်
နငိ့ဘာပဲလုပ်နေနေ
အားပေးဖော်အဖြစ်နဲ့ 
နေချင်တယ်
ငါဟာထီးလေးတစ်ချောင်းပါဟာ
နွေ ကျရင်နေမပူဖို့

မိုး ကျရင်မိုးမမိဖို
ဆောင်း ကျရင်နင့်
ငါ ကိုဂျောင်ထိုးထားပါဟာ
နင်အတွက် နောက်ရာသီ
ကျ၇င်ထီးလေး တစ်ချောင်း
ေ၇ာက်လာမှာပါဟာ
ကြာ၇င်မေ့တယ်ဆိုတာ
တချို.လူတွေအတွက်မှန်
ပေမဲ့ငါအတွက်ကတော့
ဒီစကားဟာ
ဘယ်တော့မှလက်ခံနိုင်
မဲ့စကားမဟုတ်ဘူး
ငါဟာသူကို
ဘယ်တော့မှမေ့မှာမဟုတ်
သလို သူကိုငါဘယ်တော့
မုန်းမှာမဟုတ်ဘူး။
သူကိုငါရမ်းချစ်ခဲမိတယ်
သူတစ်နေ့  ငါကိုထားသွားမယ်
သိသိ လျှက်နဲ့တောင်
ချစ်ခဲ့မိတာ
( ဒါဟာ.....)
အချစ်......
ပေးဆပ်ချင်း.....
သို့ မဟုတ်
စွင့်လွှတ်ချင်း( )
နင့်အတွက် ငါဆိုတာမရှိခဲ့ရင်
ပျော်စရာတွေရှိခဲ့မှာပါ
ငါအတွက်......
နင့်ဟာ.......
ပန်းပွင့် တွေရဲ့ ဘုရင်မ
ငါ ၇င်ကဘုရင်မ
ရက်စက် တက်တဲ့ ဘု၇င်မ

မင်းရင်မှာငါဟာ
စစ်ရှံးသူတစ်ယောက်
အကျဉ်းဘားတစ်ယောက်
( ငါဟာ )
မင်းစေလိုရာစေ
မင်းသေဆိုသေ
မင်းရှင်ဆိုရှင်

ငါ.......
ဟာအာခိလိလို
လူစားမျိုးပါ
မြို့ ထဲမှာကျန်ခဲ့
ငါချစ်သူအတွက်
ငါအသက်သေချင်
သေပါစေ
သူအတွက်စိတ်ပူ
ငါအပူငါမသိ
အဲဒီလိုနဲ့ စစ်ရှံးခဲ့သူပါ

မင်းအချစ်မပေး၇င်နေပါ
မင်းငါကို၇က်စက်မူမပေးရင်......
.
ငါကျေနပ်ပါတယ်

~~~~အထီးကျန်........(၁)~~~~

သူရဲ့ဟယ်လိုဆိုတဲ့..ထူးသံမာမာကိုမှ...
နှစ်သက်စွဲလမ်းစွာကြားချင်နေမိတဲ့.....ငါ
ဒါပဲ..မအားသေးဘူး ဆိုပြီး...
ဖုန်းကိုပစ်ချသွားလည်း..
စိတ်မနာနိုင်.မင်းအသံလေးကိုမှ
နားထောင်ချင်နေမိတဲ့.....ငါ
တစ်ကယ်တော့ချစ်သူရယ်...........
ချစ်မိသူဆိုတာ.............
လောကမှာစစ်အရှုံးဆုံးလူပါ
ဒုက္ခနဲ့....
တစ်ခါကြုံတိုင်း.........
ချစ်သူလက်လေးကို....
တစ်ခါကိုင်ချင်တယ်.......
ဒါပေမယ့်ချစ်သူရယ်...........ခုတော့
တိတ်ဆိတ်နေတဲ့...
အခန်းကျဉ်းထဲ့မှာ........
တစ်ယောက်တည်း........
အထီးကျန်ရင်းးးးးးးးးးးး

အချစ်ရဲ့ဆရာ

ကဗျာတွေကို.......
မခံစားတတ်တဲ့ ငါ
မင်းကြောင့်...ထူးဆန်းစွာခံစားတတ်ခဲ့ပြီ

အချစ်ကို.....
မစူးစမ်းခဲ့တဲ့ ငါ
မင်းကြောင့်..စူးစမ်းတတ်ခဲ့ပြီ

မင်းသင်ပေးခဲ့တဲ့......
အချစ်ဆိုတာကို
ယုံကြည်စွာနာခံရင်း....
ငါ့ဘ၀တစ်ခုလုံး......
မင်းကို.ပေးအပ်လိုက်ပြီဆိုတဲ့..အချိန်မှာတော့
မင်းက..ကျောင်းသူအသစ်လေးနဲ့
lecture..အသစ်တွေတောင်.စ.နေခဲ့ပြီပေါ့............

နွေဦးအလွမ်း

နွေရောက်တော့မယ်နော်
လွမ်းစရာလေးတွေတစ်ရိပ်ရိပ်
ရင်ထဲမှာပြည့်နက်လာသလို...

မလွမ်းချင်ပါဘူး
မဝေးချင်ပါဘူးဆိုပေမယ့်
နင်ထားခဲ့တဲ့အလွမ်းတွေလည်း
ငါ့ရင်နဲ့တောင်မဆံ့တော့ပါဘူး...

အနေဝေးတာနဲ့ပဲ
လွမ်းရတော့မတဲ့လားကွယ်...

ဒီတစ်နွေတော့
သြဥငှက်တွေမညဉ်းခင်
ကိုယ်အရင်လွမ်းရတော့မပေါ့...

*လူလိမ်ကြီး*

ငါမသိခဲ့ဘူးတဲ့ နင့်ကို
ငါမသိလိုက်မိတဲ့ အချိန်မှာဘဲ
စွဲလန်းခဲ့ဘူးတယ် .....
နင်က ငါမသိတဲ့နောက်ကွယ်မှာ
လိမ်လည်မူတွေနဲ့
ငါ့ကို လှလှပပကြီး အယုံသွင်းနေတာ
သေစမ်း ....
ပေးဆက်လိုက်ရတာတွေ
ယုံကြည်ခဲ့ရတာတွေ
မျှော်လင့်မူ တွေနဲ့ ကြည့်နေခဲ့ရတဲ့
နင့်မျက်နှာဟာ အရင်ကတော့
ငါ့အတွက် အပြုံးတွေဖြစ်ခဲ့ပေမဲ့
အခုတော့ အမုန်းတွေဘဲဆိုတာ
နင်မသိသေးဘူးလား
အော် ... နင်ကခုချိန်ထိ
ကောင်မလေးတွေနဲ့ ကစားလို့ကောင်းတုံးဘဲကို......

So Far.....So Good.......

တနေရာထဲမှာ အနီးဆုံးနေပြီး...
မတွေ့တာကြာလို့ငါတို့ပြန်တွေ့ကြတဲ့ အချိန်..

ငါခဏခဏသတိပေးလို့နင်ဝယ်ထားတဲ့ငါ့အတွက်လက်ဆောင်ကိုငါရတဲ့အချိန်မှာငါဘာလို့ပျော်မနေခဲ့တာလဲ...
ဒီလက်ဆောင်ဟာနင်နဲ့ငါသိခဲ့တဲ့ 8 နှစ်အတွင်းမှာ ပထမဆုံးငါရဖူးတဲ့အရာပါ.............

သေချာတာကငါတောင်းမှ နင်ပေးလို့ဖြစ်မယ်ထင်တယ်....

ငါတို့ကျောခိုင်းပြီးပြန်လာခဲ့ကြချိန်မှာ..ငါ့ခြေထောက်တွေကအရှေ့ကိုသွားနေပေမဲ့..
ငါ့စိတ်တွေကတော့.....ငါတို့လမ်းခွဲခဲ့ကြတဲ့နေရာလေးမှာဘဲကျကျန်ခဲ့တာနင်မမြင်ဘူးမလား

ဘယ်တော့မှလဲနီးမှာမဟုတ်သလိုဘယ်တော့မှလဲဝေးသွားမှာမဟုတ်တဲ့ငါတို့ရဲ့ဘဝတွေကိုမုန်းတယ်ဟာ............

အတ္တ ရယ်သံ

အဲဒီ ရယ်သံတွေ က
ဝေဒနာတွေကို သတင်းမေးလာတယ်
အဖျားခတ် တဲ. အသံလှိုင်းတွေ မှာ
ရင်ခုန်သံတွေ မြန်နေသလား
မေးခွင်.က မပိုင်ဘူး

ကိုယ်တိုင်ကိုယ်ကျ ချရမယ်. ဈာပန မှာ
လူရယ်သံတွေ ညံနေသလား။။။။
ဒါ သဘာဝ ပါ တဲ.

အတ္တတွေ 'တ' တိုင်း မွှေးမိလို.
ဒီ ပန်းလေး မြေစာပင်ဖြစ်ရတယ်။။။။။။။။။။။

ကော်ဖီခွက်လေး

ဒီနေ့ မင်းရော ငါပါ
မှောက်ကျခဲ့တယ်နော်

သံသရာအဆုံးက ပြန်ရေတွက်ရင်
ဒီနေ့က ဘာနေ့ပါလိမ့် ကော်ဖီခွက်လေးရယ်
မိုးဥတုအလွတ်တစ်ခုနဲ့ ဆောင်းဥတုအပြည့်ကြားမှာ
တိုးဖျော့တဲ့ သစ်ရွက်ကြွေချိန်လေးတစ်ခု အတိအကျရှိခဲ့တယ်
ကော်ဖီခွက်လေးရဲ့ အဲ့ဒီသစ်ရွက်ကြွေချိန်လေးမှာ
မင်းကို ငါက ခေါ်ပေမယ့် အသည်းကွဲနေတဲ့
ကော်ဖီခွက်လေးက ပြန်မထူးနိုင်ခဲ့ဘူးလေ



ကော်ဖီခွက်လေး
အနည်လေးတွေ ရွေ့နေတယ်
ငြိမ်မလိုလိုနဲ့ ရွေ့နေတယ်
မင်းသိလား ကော်ဖီခွက်လေး ငါမင်းလို
စိတ်ရှည်လက်ရှည် အနည်ကျချင်တာကိုလေ
မင်းဘယ်လို အငွေ့တွေနဲ့ ပြန်အုပ်ထားလဲ


ငါ့စိတ်ကို ဘာနဲ့ အုပ်ထားရမလဲ ပြောပြပေးပါလား
တစ်ခုတည်းသော အာရုံမှာမြဲနေတဲ့
ကော်ဖီခွက်လေးမင်းအနားမှာ ငါ သိမ်ငယ်လိုက်တာဟာ

ကော်ဖီခွက်လေးရယ် ငါတို့ဘ၀ထဲကို ရေနွေးပူ
လောင်းထည့်ခဲ့သူတွေအတွက် သင်းပျံ့တဲ့ ရနံ့နဲ့ ပြုံးပြလိုက်ကြစို့ကွယ်
တစ်လမ်းမောင်းတွေရဲ့ ရာဇ၀င်မှာ ငါတို့အတူ ခမ်းနားကြစို့ကွယ်

ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးမူအရ ကော်ဖီခွက်လေးနဲ့ငါနဲ့
ငါးရဖို့ မရည်ရွယ်ပဲ ငါးမျှားနေသူတွေလို
လေးနက်တဲ့ စာအုပ်တွေနဲ့ တွေတွေကြီး မျှားနေလိုက်တယ်


ကော်ဖီခွက်လေးရေ . . . တွေ့လား
စာအုပ်ထဲမှာ မင်းနဲ့ငါ့အတွက် နေ၀င်သွားပြန်ပြီ

ကောင်းသောလမ်းခွဲပါတဲ့ မငိုနဲ့လေ ကော်ဖီခွက်လေးရဲ့
အခိုးအငွေ့လေးတွေကို နှုတ်ဆက်ပါ ရဲရင့်စွာ . . . ရဲရင့်စွာပေါ့ကွယ်

လေထဲမှာပျောက်ကွယ်သွားမှာကို
ငါတို့ဘာလို့ဒီလောက်တန်ဖိုးထားမြတ်နိုးတာလဲ
အဲ့ဒီညလည်း ကော်ဖီခွက်လေးနဲ့ အတူတူ
အိပ်စက်ခြင်းကို တစ်စိမ်းဆန် ပစ်လိုက်ရတယ်




ကော်ဖီခွက်လေးရေမင်းကတော့
အနက်ရောင်တစ်ရောင်တည်းနဲ့ရှု့မငြီးဖြစ်နေတဲ့ခွက်လှလှလေးပေါ့

မင်းနဲ့သာအတူ မသောက်ရဘူးဆိုရင်
ကော်ဖီသောက်ခြင်းဟာ အနုပညာမဟုတ်တော့ဘူး
ကော်ဖီမှုန့်ရယ် သကြားရယ် ရေနွေးရယ် မင်းရင်ဘတ်ထဲမှာ ကော်ဖီဖြစ်သွားသလို
အလွမ်းရယ် ခါးသက်မှုရယ် အယောနိသောမနသိကာရရယ်
ငါ့ရင်ဘတ်ထဲမှာ ကဗျာဖြစ်လာဖို့ ကောင်းတယ်

မင်းက ငါ့ကို ငေးကြည့်နေသလို ငါကမင်းကို နာကျင်တပ်မက်စွာ ကြည့်ချင်တယ်
မင်းက ငါ့ကို နွေးထွေးစေသလို ငါက မင်းကို ငါ့သွေးကြောတွေထဲမှာ
လုံခြုံနွေးထွေးစေချင်တာ မင်းက ငါ့ကို ကဖိန်းဓာတ်ပေးသလို

ငါက မင်းကို Platonic Love ပေးချင်တာ
မင်းက ငါ့ကို ပြုံးပြတဲ့အခါ ငါက မင်းကို နှလုံးခုန်သံနဲ့ ပြန်ပြုံးပြချင်တာ

ကော်ဖီခွက်လေးရဲ့ မင်း ငါ့ကို နားလည်စွာ ခါးသက်ပေးပါ
မင်း ငါ့ကို နားလည်စွာ ခါးသက်ပေးပါ

ကမ္ဘာဆန်ချင်တာနဲ့ နှလုံးသားရဲ့ သုံးပုံနှစ်ပုံ ရေလွှမ်းခံလိုက်မိတယ်တဲ့
မင်းငါ့ကို ရင်ဖွင့်တဲ့အခါ မင်းနဲ့အတူ နာကျင်နေမိတယ်
ငါတို့တွေဟာ ရေလွှမ်းခံချင်တာ မဟုတ်ပါဘူးဟာ

ကမ္ဘာကြီးဆန်ချင်ခဲ့တာ
ကမ္ဘာကြီးဆန်ချင်ခဲ့တာပါ
ကော်ဖီခွက်လေးရေ တိုးတိုးလေးဆိုကြရအောင်

It's a heartache ,
nothing but a heartache
Hit you when it's too late,hit you when you're down
It's a fool's game,nothing but a fool's game
Standing in the cold rain,feeling like a clown




ကော်ဖီခွက်လေးရေ
သူ့မှာ မာယာ နည်းနည်းရှိတယ်
အနက်ရောင်ဟာ အရောင်တစ်ခုဆိုရင်
လင်းနေတဲ့ အရောင်တွေ ငါပိုင်ဆိုင်တယ်

ပရီးမီးယား 2 Plus 1 ကို
Esprosso ထက် ပိုကြိုက်မိတာ
မင်းနဲ့ ငါ့ကြားက နားလည်မှုပါ ချစ်သူရယ်

( ကော်ဖီခွက်ကိုင်းလေးကို
လက်ရာမထင်အောင် တစ်ရှူးနဲ့ သုတ်တယ် )

မင်း သိမှာပါ
ကော်ဖီခွက်ကလေးရယ်
သူက ခြေရာ လက်ရာ မကျန်ခဲ့ချင်ဘူးတဲ့

ငါ့ . . . . . . . . . . ဘက်ဘက်ရင်အုံမှာ
တစ်ရှူးနံ့ နည်းနည်း ရတယ်

ကောင်းကင်ကို
မော့ကြည့်ရအောင် ကော်ဖီခွက်လေးရယ်

ပြောစမ်းပါ . . .
ဘယ်ကြယ်တစ်စင်းရဲ့
အလင်းရောင်တည့်တည့်မှာ
သူ . . . . . . . . . . . . . . .
ကလေးလေးတစ်ယောက်လို အိပ်နေလိမ့်မလဲ




ကော်ဖီခွက်လေးရေ
အမှားပြင်ဆင်ချိန် အချိန်မှီ မထည့်နိုင်ခဲ့တဲ့
ငါ့သက္ကရာဇ် ရက်လွန်စာစောင်အတွက်

မင်းနဲ့ငါ ဘာမှမပြောဘဲ
တိတ်တိတ်လေး ထိုင်နေလိုက်ကြစို့လေ
အဲ့ဒီဆိတ်ငြိမ်မှုကို အေးနေတဲ့
ချစ်သူရဲ့ ခြေဖျားလေး နွေးရုံ ငါတို့ စိတ်နဲ့ ပို့လိုက်ကြရအောင်

ကော်ဖီခွက်လေးရယ်
မနက်လင်းတဲ့အခါ ကော်ဖီခွက်လေးက ငါ့ကို နိုးတယ်

ဆေးရုံမှာ
စိတ်ဖိစီးမှုတွေ များတဲ့အခါ
ကော်ဖီခွက်လေးက ငါ့ကို ရယ်စရာ မောစရာ ပြောတယ်

နေမကောင်းတဲ့အခါ
ကော်ဖီခွက်လေးက ငါ့ကို
ဆေးသောက်ဖို့ သတိပေးတယ်

ကဗျာရေးတဲ့အခါ . . . ကော်ဖီခွက်လေးက
ငါ့ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေတယ်

တရားနာတဲ့အခါ
ကော်ဖီခွက်လေးက
ရိုရိုသေသေ လိုက်နာနေတယ်

တရားနှလုံးသွင်းတဲ့အခါ
ကော်ဖီခွက်လေးက
တည်ကြည်လေးနက်နေတယ်

အမြဲတမ်း
ကော်ဖီခွက်လေး ငါ့အနီးမှာ

အမြဲတမ်းကော်ဇီခွက်လေး လက်တစ်ကမ်းမှာ
သစ္စာတရားတစ်ခုလိုမြဲနေခဲ့တယ်

အ ခု ကော် ဖီ ခွက် လေး ကွဲ သွား ပြီ

အလွမ်းစုများ........

သက်သေအမူ့ ..စာတစ်စုနဲ့ 

သိစေကြောင်းရယ်…ဆုတောင်းတင်လျှက်

ကြင်သူသနား.. ပေးကာထားတဲ့ 

ဘာမှမဟုတ်တဲ့ ..ဒီမိန်းမ ကို

နာကြင်မုန်းတီး..ချစ်ခြင်းမသီ..

နှလုံးအိမ်မှ..ကြင်သူစွန့် ပြစ်လိုက်ပြီလား………………..

အရင်ကတော့..ကယ်ပါကူပါ..

တစာစာနဲ့ ..ပြောဖို့ ခွန်အားရှိစဉ်တုံးက..

ကြင်သူချစ်တဲ့ ..ဒီမိန်းမ လေ

စိတ်ကျေပေးဖို့  ..တောင်းလင့်ပြုရင်

နားလည်မူ့ နဲ့  ပြန်ချစ်ပေမဲ့ ..

ခုတော့ ……ဘယ်ခါ ဘာကိုမှလည်း..

မပြောလို လို့ ….ရင်ထဲအပူ..

အကြင်သိအောင်..ဘယ်တော့ခါမှ..မပြောကြားပဲ

တိတ်ဆိတ်ငြိမ်သက်…ဒီမိန်းမ ပဲ

လောကကြီးကို…အရှုံးပေး လို့ 

နောက်ဆုံး ကြင်သူရုပ်ပုံမင်းရုပ်သွင်ကို

အစဉ်ငေးမျှော်..ရင်ဝယ်ပိုက်လို့ ..သွားပါတော့မယ်

ကြင်သူရယ်……..

ပြန်ပြောရရင်..ချစ်သူရယ်.....

ချစ်သမျှရယ်....စိတ်အလှကြွယ်
အရိပ်မျှသဖွယ်..ရစ်ယူတယ်
မိတ်သဟကြွယ်..တို့ အတူရယ်
အပြစ်မယူတယ်...ချစ်သူရယ်.................
ပြုံးအလှနယ်..သဘောကျတယ်..
မနှောသရ ရယ်..ချစ်မ၀သွယ်.
ဆုံးခန်းတိုင်..ချစ်ချင်တယ်........................
စိတ္တဇ နယ်....ညပင်လယ်..
တွေးမရတယ်...ဆွေးရမယ်...
အမုန်းတရားရယ်...ဖုံးထားကွယ်..
ပြောရရင်..မောလှတယ်....ချစ်သူရယ်..................

Thursday, February 18, 2010

အပိုင်းအစများ

ရေစက် ......... ဆိုတဲ့
ရှောင်လွဲလို့ မရတဲ့
အရာတစ်ခုထဲမှာ
မင်း နဲ့ ငါ့ ဆုံခဲ့ကြတယ်။

အချစ် ........... ဆိုတဲ့
ထွက်ပြေးလွတ်မြောက်လို့မရတဲ့
စည်းဝိုင်းထဲမှာ
ပိတ်မိခဲ့ကြတယ်။

သံယောဇဉ် ...... ဆိုတဲ့
နွယ်ရှင်တွေကြားမှာ
လှုပ်ရှားရုန်းကန်မရ ဖြစ်ခဲ့ရတယ်။

စိတ်ကူးယဉ် ........ ဆန်တဲ့
အိပ်မက်တစ်ခုထဲမှာ
အရှင်လတ်လတ် ရူးသွပ်ခဲ့ကြတယ်။

ဝေဒနာ .......... ဆိုတဲ့
မလိုချင်လည်း ငြင်းပယ်ခွင့် မရှိတဲ့
စီရင်ချက်တွေ ကြားမှာ
ခံရခက်စွာအသက်ရှူခဲ့ရတယ်။

နောက်ဆုံးတော့
အမှန်တရား ............ ဆိုတဲ့
အခါးသီးဆုံး လက်တွေ့ထဲမှာ
နာကျင်စွာနိုးထ
ဘ၀ ဆိုတာ တစ်ခါတစ်ခါ
ပဲ့ကြွေ အက်ကွဲသွားတတ်ပေမယ့်လည်း
ငါ့ကတော့
မာန .......... ဆိုတဲ့
ကိုယ်ပိုင်ပစ္စည်း တစ်ခုတည်းနှင့်
ပြန်လည်ထုဆစ် တည်ဆောက်မယ်။

နှောင်ကြိုး

ချစ်သူရေ . . . . . . . . . . . . .

ပင်လယ်ခြားသော်လည်း

ဝေးတယ်မထင်မိ

တွေးကြည့်လိုက်ရင်

အနီးဆုံးမှာရှိပြီး

တမ်းတလိုက်တိုင်း . . . ရင်ခုန်ရတယ်


ချစ်သူရေ . . . . . . . . . . . .

နှစ်တွေကြာသည့်တိုင်

တွေ့ဆုံရန်မလွယ်


( ဒါပေမယ့်လည်း . . . )


အသည်းနှလုံးသာမက ဦးနှောက်ကလည်း

တစ်ယောက်ဆိုတစ်ယောက်

မပြောင်းလဲစတမ်း

အမြဲတမ်းစွဲမှတ်ထားပါတယ်


ချစ်သူရေ . . . . . . . . .

တကယ်တော့

ဘယ်လောက်ဝေးဝေး

စိတ်ချင်းနီးသမျှ . . . . . ရှင်နှင့်ကျွန်မ

ပြန်ဆုံခွင့်ကို . . . မျှော်လင့်ရင်း

အသက်ဆက်နေနိုင်ပါသေးတယ်နော် ?

ရင် လယ် မိုး

အပြင်မှာ မဟုတ်လို့
စက်တင်ဘာ ကုန်လည်း
ရင်မှာ ရွာနေတဲ့မိုးက
ထီးဆောင်းလို့ မနိုင်ခဲ့ဘူးလေ

ကိုယ့်ဘက်ကတော့
အလံဖြူတွေစိုက်ပါတယ်

ဒါပေမယ့်
တစ်ခုပြီးတစ်ခု
ရိုက်ချိုးခံလိုက်ရတာကဆိုးတယ်

စာသားဟောင်းတွေ
ခံစားချက်အဟောင်းတွေ
ပြီးတော့ မပြောင်းနိုင်သေးတဲ့ ဒီကဗျာမျိုးတွေ

ကြင်နာသူရယ်
မတမ်းတပေမယ့်လွမ်းရတာ
အဲ့ဒီလောက်အချိန်ကြာလာတာ့လည်း

ရင်ခွင်တစ်ခုလုံးဟာ
အရင်အတိုင်း


ကာ
အကွယ်
မဲ့
စွာ
နဲ့
ပဲ

စိုလို့ . . .

. . . ရွှဲလို့

ဆုံခွင့်မရတဲ့ဘဝ

တွေ့ခွင့်မကြုံ ဆုံခွင့်မရ
ဘ၀ချင်းတွေ
ဘယ်လိုဝေးပါစေ
သူရှိနေသည်
ဒီအသိကလေးနှင့်
ရင်မှာအစဉ် ကျေနပ်ခါ
အရင်ကလဲတယောက်ထဲနေဖူးတာမို့
ခုလဲတစ်ယောက်ထဲနေတတ်နေအုန်းမှာပါ

မျှော်လင့်ချက်.....

့ အသဲတစ်ဝက်
မင်းအတွက်
ကြွေပျက်ခဲ့ရပြီ
အသဲတစ်ခြမ်း
မင်းကိုလွမ်းဖို့
တမ်းတဖို့ရာ
ချန်ထားဆဲပါ...
အားလုံးကို ကျောခိုင်း
မျက်ရည်လှိုင်းနဲ့
အချစ်မြစ်ကို ဖြတ်ကူး
အလွမ်းခရီသည် ရင်ခွင်မှာ
မင်းအတွက် စာမျက်နှာတွေ
ချန်ထားဆဲပါ....။

အချစ် အလိမ်ခံ

သိပ်ချစ်ခဲ့မိလို့

သိပ်ယုံခဲ့မိတယ်

တကယ်ကိုမှားနေပြီ

ရှင်ရဲ့ပရိယာယ်

မာယာထောင်ချောက်မှာ

ကျွန်မဟာ သားကောင်အဖြစ်နဲ့ပေါ့

မတွေးဝံ့တော့ဘူး

နောင်းခဲ့လေပြီး။

သွေးနဲ့ ရေးသော သေတမ်းစာ...။

ရင်ထဲမှာ ပိန်းပိတ်အောင် မှောင်ခဲ့ပြီလေ...
ပြောတော့ တစ်ယောက်ထဲကိုပဲ လွမ်းခဲ့တာဆို.....
ကျလာတဲ့မျက်ရည်တွေက ခလေးအတွက် သန့်စင်တယ်ဆို...
တို့တတွေရဲ့...
မပျက်တဲ့ကတိတွေကို ဘုရားရှေ့မှာ လိမ်ညာခဲ့မိကြပီလား..။။
.
ပြောပါအုံးကွာ....
အိပ်ပျက်ညတွေကို ဘာတွေနဲ့ ဖာထေးရမလဲ
တစ်ဦးတစ်ယောက်အတွက်သာ စီးဆင်းခဲ့တဲ့
အဖြူရောင်မြစ်ကျဉ်းထဲမှာ သွေးအလိမ်းလိမ်းကပ်နေတဲ့
အရောင်တွေကို သန့်စင်ဖို့ တို့တွေ နှောင်းခဲ့ကြပီလား...။

ခွင့်လွှတ်တော့ ချစ်သူ....။
ရင်နဲ့ မဆန့်တော့တဲ့ ဒဏ်ရာတွေအတွက်
ဆေးတစ်လက်မှ မရှိတဲ့အဆုံး
ဟောဒီဘ၀ကိုပဲ လုံးလုံး ကျောခိုင်းခဲ့ပါရစေတော့...
ကိုယ်ဟာ အသက်မဲ့လူသားဖြစ်ခဲ့ပြီ...။

ထာဝရ ချစ်ခွင့်ပေးပါ

ခပ်ဝေးဝေးမှာ ....
ငါ့ကို ထားပြီး
နင်မသိနိုင်တဲ့ သတိရခြင်းတွေနဲ့ ငါ
အလူးအလိမ့် တိတ်ဆိတ်ရတဲ့ ညတွေ
များလွန်းတော့ ပျော်ရွှင်မှုဆိုတာ
မင်းပုံရိပ်တွေပဲ
ခပ်ဝေးဝေးက ငါ့ကောင်လေးရယ် ........
မင်းမျက်ဝန်းတွေက ......
ငါ့ ၀င်သက်ထွက်သက်ကို
အိပ်မက်ထဲထိတောင်
နေရာမှားအောင်
စေစားနိုင်တယ်......
မင်း ကိုရင်ဆိုင်မိတိုင်း
မ၀ံ့မရဲဖြစ်ဖြစ်နေတတ်လို့
အလွမ်းဆိုတာရယ်
ဒီကောင့်ရင်ဘတ်အတွက်တော့
ဘယ်တော့မှ..
ဘယ်တော့မှ ကွာ ရှင်သန်ခွင့် မပေးလိုက်ပါနဲ့လို့
ငါ့ ရဲ့ ခပ်ဝေးဝေးက

ကောင်လေးရယ်..

အချစ်နဲ့ စ အချစ်နဲ့ ဆုံးမဲ့ ၀န်ခံချက်လေးတစ်ခု............

အမှားတွေ နဲ့ သံတရာလည် နေတဲ့ 

ငါ့ ဘ၀ကြီးထဲ ကို နင်ဝင်လာတဲ့ နေ့ 

ငါမှတ်မိသေးတယ်…

အဲဒီနေ့  ငါ့မှာပူလောင်သောကတွေ

များနေတာ ..ငါရုပ်ကိုမင်းဖမ်းနိုင်ခဲ့ တယ်..

စိတ်ခြင်းဆက်တဲ့ ချစ်ခြင်း ရဲ့ အစတဲ့လား…

ရာဇ၀င်မှာစာတင်တဲ့.ချစ်သူတွေတောင်



ငါ့တို့ လောက်မချစ်နိုင်ကြလောက်ပါဘူး..

နင်ရဲ့  ပြုပြင်မူ့ အောက်မှာ

ငါလောင်းရိပ်ခိုလို့ 

လိမ်မာခါစ ရှိသေးတဲ့ ငါ့ကို..

အဟောင်းကိုအသစ်လုပ်လို့ 

နင်င့ါ ကိုမုန်းခဲ့ ပီနော်..

နင်ဘယ်လောက်မုန်းမုန်း..

ငါ ဘယ်တော့မှ ..အမုန်းဆိုတာနင့်အတွက်..

မရှိခဲ့ လို့ ..................

ဟင့်အင်း… အမုန်းတရားတွေဆိုတာ

ငါနားမလည်တော့ဘူး

ငါမှာ..မရှိတော့တဲ့  …အရာမို့ လေ…………………….

PlAtOniC LoVe

ဒီအချစ်က သူ့အလိုလို ရင်ထဲမှာ
ဖြစ်ပေါ်လာတာ
ရှာဖွေလို့မရဘူး တမင်ဖန်တီး
ယူလည်းမရဘူး
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်နဲ့
သံယောဇဉ်ဖြစ်နေတာ
ပြီးတော့ တစ်သက်လုံး ခိုင်မြဲတယ်
တစ်ယောက်ယောက်သေသွားရင်တောင်
ကျန်တစ်ယောက်ဆီမှာ ရှင်သန်နေတုန်းပဲ
သစ္စာရှိတယ် မပြောင်းလည်းဘူး သေမသွားဘူး
အရမ်းဖြူစင်သန့်ရှင်းတယ် ရယူပိုင်ဆိုင်ချင်းမျိုးလည်းမရှိဘူး......


PlAtOniC LoVe လိုအချစ်မျိုးနဲ့ လူတိုင်းချစ်နိုင်ကြပါစေ..........

ချစ်သူအတွက်..နောက်ဆုံးခွင့်ပန်စာ..................

ချစ်သူရယ်..........................

အကြိမ်ကြိမ်…အမှားတွေအတွက်

ထပ်ကာထပ်ကာ..ခွင့်လွတ်ဖို့ ..

တောင်းဆိုတဲ့ ..ဒီမယ်ကို

ချစ်သူ ..နားမလည်ပေးပါနဲ့ တော့..

ပြုံးရွှင်တဲ့  ချစ်သူ့ မျက်နှာ..

မမြင်ရာ…ရှောင်ကွယ်ကနေ

မသိအောင် ..ခိုးကာနမ်း ပါ့မယ်..

လေအတိုက်ရော်ရွက်က..သက်သေ

နှင်းချွေသူ..လက်ထဲကကယ်တဲ့ 

နှလုံးအိမ်…. ပန်းဝေပေးသူရယ်

မယ့်နှလုံး ကြွေပြုံးလုမတတ်

ငိုကြွေးရ..အဖန်ဖန်

အိပ်ပျက်ခါ ကြိမ်ဖန်များစွာနဲ့ 

လူရုပ်ရယ် မပီတဲ့ ဒီမယ် ကိုတော့

ချစ်သူရယ်…အရင်က ချစ်ခွန်းလေးနဲ့ 

နောက်ဆုံးထွက်မဲ့….. ထွက်သက်လေး ကို..

ဖြောင့်ဖြူးစွာသွားနိုင်ဖို့ …

ခွန်းတုံ့ လှည့် အုံး…................

နှောင်းနောင်တ

တွေ့ချင်တယ် မင်းနဲ့
မတွေ့တာကြာမှ ပိုသတိရခဲ့
အလွမ်းဆိုတာခံစားရမှ
အချစ်ပါလားဆိုတာကို
အလန့်တကြားသိလိုက်ရတယ်
ကောင်လေးရေ
မင်းဘယ်ရောက်နေလဲ
မင်းဘယ်ပျောက်နေလဲ
သူစိမ်းတွေကြားမျက်နှာငယ်နေမလား
ပြန်လာချင်ရက်နဲ့လမ်းပျောက်နေမလား
အတွေးများစွာရဲ့နှိပ်စက်မှု့နဲ့
အိပ်မပျော်တဲ့ရက်တွေများလာပြီ
လွမ်းရတဲ့ရင်က
ကြေကွဲခြင်းကိုသင်ပေးခဲ့
ရင်နင့်တယ်ဆိုတာကိုနားလည်တတ်ခဲ့ပြီ
တွေ့ဆုံခွင့်ရဲ့တန်ဖိုး
ဝေးသွားပါမှ သိတတ်ခဲ့ပြီ
ကောင်လေးရေ
ငါ့အလွမ်းကိုမင်းကြားပြီဆိုရင်
ပြန်လာခဲ့ပါ
အချိန်ဆိုတာရဲ့တိုက်စားမှု့အောက်မှာ
မင်းအချစ်တွေပြောင်းလဲသွားမှာငါကြောတ်တယ်
အခွင့်ရှိမယ်ဆိုရင်ပြောချင်ပါရက်
ငါ့ဘ၀တစ်ခုလုံးရင်းပြီးချစ်တယ်
ငါ့နှလုံးသားကခံစားပြီးချစ်တယ်
ငါ့တစ်သတ်တာလုံးအတွက်ချစ်တယ်
ကောင်လေးရေ
ခွင့်လွှတ်ပေးပါ
မင်းအချစ်ကိုတုန့်ပြန်ချင်ပါရက်နဲ့
မာနနဲ့သိက်ခါကြား
ေ၀၀ါးနေတဲ့ငါ့အဖြစ်
ဝေးပါမှ ချစ်တာမဟုတ်ပါဘူး
ဝေးသွားမှခံစားခဲ့ရလို့ပါ
ချစ်တယ်ဆိုတဲ့စကား
ရင်ထဲမှာမရပ်မနားပြောနေမိရဲ့
မင်းကြားပေးပါ
အချစ်မသိအချစ်မရှိတဲ့ငါ့ရင်ခွင်ကို
မင်းက ချစ်ခြင်းတရားနဲ့နွေးထွေးစေခဲ့တယ်
သံယောဇဉ်တဲ့
ချစ်ခြင်းရဲ့အစလား
ငါ့ဘ၀ရဲ့သံယောဇဉ်တွေထဲ
မင်းတစ်ယောက်ထဲအပေါ်
ပိုတိုးခဲ့တယ်
ရစ်နှောင်တာမဟုတ်ဖူး
တိုးဖွဲ့တာပါ
ရင်ထဲမှာနွေ
နေဆယ်စင်း
အပြိုင်ထွန်းလင်းနေပါတယ် တဲ့
အပိုလို့ထင်ခဲ့မိတဲ့စကား
မင်းမရှိမှသိသာခဲ့တယ်
ရင်ကအလွမ်းက
နေဆယ်စင်းထက်သာမှန်းလေ

အချစ်ဆိုတာ ..........

ကျွန်မအတွက်ကတော့ အချစ်ဆိုတာ ချစ်ဖို့ သက်သက်ပါပဲ။
အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ အချိန်နဲ့လည်း မသက်ဆိုင်ပါဘူး။
မိဘ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းနဲ့လည်း မသက်ဆိုင်ပါဘူး။
အချစ်နဲ့ အိမ်ထောင်ရေးဆိုတာကိုလည်း မရောထွေးချင်ပါဘူး။
အချစ်ဆိုတာကို ရိုးသားစွာနဲ့ပဲ ချစ်ချင်ပါတယ်။
ကျွန်မချစ်တဲ့ အချစ်ဆိုတာ အရမ်းကိုအေးမြပါတယ်။
platonic love လို့ခေါ်နိုင်မယ်ထင်ပါတယ်။
ပိုင်ဆိုင်လိုခြင်းကင်းတယ်။ မျှော်လင့်ချက်မဲ့တယ်။
ကျွန်မချစ်သူကို အမြဲတမ်းပျော်စေချင်တယ်။
သူပျော်ဖို့အတွက်ဆို ကျွန်မအမြဲတမ်း ပေးဆက်ဖြည့်ဆည်းပေးချင်ပါတယ်။
ကျွန်မကို မချစ်လည်း နေပါစေ။ သူချစ်တဲ့သူကို သူချစ်နေရင် ကျွန်မကျေနပ်ပါတယ်။
သူ့အပြုံးကို မြင်နေရရင်ပဲ ကျွန်မအတွက် လုံလောက်နေပါပြီ။
(ပြောမယ်ဆိုရင် ကျွန်မလေ သူ့အတွက် ဒုတိယမိခင်ဖြစ်ချင်ပါတယ်။)
ကျွန်မက လူကဲခတ်ညံ့ပါတယ်။ လူ့စိတ်ကိုလည်း မဖတ်တတ်ပါဘူး။
ဒါပေမယ့် ..........
သူ့ရင်ကိုတော့ ကျွန်မမြင်နေရတယ်။
သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ သူ့ခံစားချက်တွေကို ကျွန်မ နားလည်နိုင်ပါတယ်။
ကျွန်မသူနဲ့ ရည်းစားမဖြစ်ချင်ပါဘူး။
ဒါပေမယ့် .........
သူ့အပေါ်ကို ဖြူစင်ရိုးသားစွာနဲ့ပဲ ချစ်နေချင်ပါတယ်။ ကျွန်မအချစ်တွေနဲ့
အမြဲတမ်းနွေးထွေးနေပါစေ.......

ရက်စက်မှု ....... နောက်ကွယ်

ပတ္တမြားရောင် နှုတ်ခမ်းဖူးက
ထွက်တဲ့ စကားစု
ရေးချရင် ........ တစ်မျက်နှာ
ငါ့ အတွက်က ......... တစ်သက်စာ။
သိတ်လှတဲ့ မင်းရဲ့
ပြုမူမှု
နာကျင်မှုက ........ တစ်ညတာ
ငါ့ အတွက်က ......... တစ်ဘ၀စာ။
မင်းပေးသွားတဲ့ ဝေဒနာ
မင်းဘက်ကတော့ မသိသာ
ငါ့ အဖြစ်က .......... ကုဖို့ရာပင်
ဆေးမရှိတော့ပါ။

ညို့  နိင်လွန်းတယ်

အဝေးကို ပြေးထွက်ဖို့ ကြိုးစားလဲ.............၊ အိပ်မက်တွေဆက်မမက်ဖို့ ထားဆီးလဲ.............၊ အချိန်မှန်မောင်းနှင်တဲ့ ရထားတစ်စီး လို......၊ နေရောင်အောက်မှာ အလင်းပျောက်တဲ့ မျက်ကန်းလို...........၊ စမ်းတဝါးဝါးနဲ မင်းရှိရာကို ခရီးနှင်မိတယ်..... စိတ်ညှို့ရှင်ရယ်....။

ထင်ကြေး

စကားပြောကောင်းတဲ့ သူကို..ဆက်ဆံရေးကောင်းမှာဘဲတဲ့ .....ထင်ကြေး..ထင်ကြေး..
ဒီမုန့် ကောင်းတယ်...ဂျုံကောင်းလို့ နေမှာ....ထင်ကြေး..ထင်ကြေး..
ဆိုင်ကယ်တိုက်မိတာ...လမ်းသေချာလျှောက်လို့ မရတော့ ဘူးအရိုးတစ်ခုခုဖြစ်သလား..ထင်ကြေး..ထင်ကြေး..
ဒီသီချင်းကောင်းလိုကိတာ...ခံစားချက်တွေနဲ့ နေမှာ..ထင်ကြေး..ထင်ကြေး..
ကောင်လေးကကောင်မလေးကိုချစ်တယ်တဲ့ ...တစ်ဘ၀လုံးအတွက်နေမှာ..ထင်ကြေး..ထင်ကြေး..
ဒီမိတ်ကပ်လူးတော့ အသားကိုဖြူစေတယ်ဝင်းသွားစေတယ်..........ထင်ကြေး..ထင်ကြေး..
ဒီလိုဘဲ..သူငါ့ ကိုချစ်သေးလား....ထင်ကြေး..ထင်ကြေး..
ဒီလိုဘဲ..သူငါ့ ကိုသတိရသေးလား...ထင်ကြေး..ထင်ကြေး..
ဒီလိုဘဲ..ငါကလည်းသူ့ ကို.......................

အချစ်=ဘဝ

ရင်ခုန်တိုင်းလည်း ချစ်ရအောင်
အချစ်က ရင်ခုန်စရာ မဟုတ်ဘူး။
ပျော်စရာကောင်းတိုင်း ချစ်ရအောင်
အချစ်က ပျော်စရာမဟုတ်ဘူး။
အချစ်က ....
ဝမ်းနည်းမူ့၊ ဝမ်းသာမူ့၊
ကြေကွဲမှူ့တွေနဲ အတူရှိနေတဲ့
ဘဝတစ်ခုပါ .......။
အချစ်နဲ့ဘဝမှာ ....!
အကွေ့အကောက် အတက်အကျနဲ
ဖြောင့်တန်းခြင်းက မရှိပါဘူး။

အဖြည့် ခံ......ချစ်သူ

ဖြူစင်တဲ့ မေတ္တာနဲ့ 
ကြင်နာစွာ...ချစ်ခဲ့ ဖူးတယ်

နာကျင်စွာ....နင်ငိုချိန်မှာ
ရင်နာစွာ.....ငါကြင်နာခဲ့တယ်

ဆိုးလို့ လည်း
ပိုတိုးလို့ ...ငါချစ်ခဲ့တယ်

နင့်အတွက်ဆို
မျှော်လင့်ချက်မရှိမှန်း.....သိခဲ့လည်းပဲ
လမ်းခင်းဖို့  ......နှလုံးသားကို
ငါစတေးခဲ့ တယ်...
နင်မသိတာကလွဲရင်ပေါ့

ကောင်လေးရယ်
အခုတော့ နင်...အားလုံးမေ့ လို့ 
တစ်ခြားရင်ခွင်မှာ......ပျော်နေချိန်
ငါ့ ရင်တွေအကြီမ်ကြီမ်ကွဲလို့ 
ခဏဖြစ်ဖြစ်တော့ .....လှည့်လို့ ကြည့် စေချင်လည်း
ခက်တာကနင်ကငါ့ ရဲ့ 
ချစ်သူမှမဟုတ်ပဲနဲ့ 
ငါက.....နင့်ရဲ့ ......အဖြည့်ခံ....ချစ်...သူ...လေ.....

ညီမလေးနဲ့ ပြန်တွေ့တဲ့နေ့တုန်းက ရေးခဲ့တဲ့ကဗျာ

ခေတ်မီ အင်တာနက်ကမ္ဘာကြီးရဲ့
ကြီးမြတ်တဲ့ မဟာကျေးဇူးတော်ကြောင့်
ငါတို့အချင်းချင်းကြား ဖြတ်တောက်ခြင်းခံထားရတဲ့
ဆက်သွယ်မှု တေးစာသားတွေကို
တံတားတခုအဖြစ်
ခုလို…ပြန်ဆက်ခွင့်ရခဲ့တာပေါ့ ညီမလေးရယ်….
ဆယ်စုနှစ်တွေ ဘယ်လောက်ခြားခြား
ယူဇနာမိုင်တွေ ဘယ်လောက်ဝေးဝေး
တသွေးတစိတ်တည်း ဆက်သွယ်ထားမှုမှာတော့
ခေတ်မီနည်းပညာတွေ မလိုခဲ့သလို
မာစတာနဲ့ ပီအိတ်ခ်ျဒီဘွဲ့တွေလည်း မလိုခဲ့ပါဘူး….
ညီမလေးရေ
ငါတို့ စိတ်အချင်းချင်း ထုံကူးထားခဲ့ကြတဲ့
သတင်းပွင့်နဲ့ စကားပန်းတွေရဲ့
သင်းရနံ့တွေကိုတော့
ဘယ်လို မာရ်နတ်မျိုးတွေကမှ
သူတို့ရဲ့ မာယာအတတ်တွေနဲ့
ခိုးယူလှည့်ဖျား စည်းခြားလို့ရခဲ့မှာမဟုတ်ပါဘူးကွယ်…..

တခေတ်တခါဆီက
နှလုံးသားရှိသူတွေနေတဲ့ အရပ်မှာ
ရင်ဘတ်နဲ့ စိုက်ခဲ့ကြဖူးတဲ့
အဖြူထည်သက်သက် သစ်တပင်ထက်က
ဆန္ဒသစ်ရွက် ကိုင်းဖျားခက်လက်တွေပေါ်မှာ
ခေတ်အဆက်ဆက် မနွမ်းတဲ့ပန်းတွေ
တပွင့်ကြွေရင် နှစ်ပွင့်ဝေနေမယ်ဆိုတာ
ကမ္ဘာကုန်တည်သမျှ
ယုံကြည်စိတ်ချထားပါတယ် ညီမလေးရယ် …။
ခေတ်မီနည်းပညာတွေရဲ့
ကျေးဇူးတော်အနန္တကြောင့်
အခုရေးဖြစ်တဲ့ ဟောဒီကဗျာဟာ
ညီမလေးရဲ့ ရင်ဘတ်ထဲမှာ
ခွန်အားတခုအဖြစ် ပွင့်သစ်ပါစေလို့ဆုတောင်းရင်း
တရားမဲ့ခြင်းတွေ ချုပ်ငြိမ်းစေဖို့ …….အာမင်.။

အထီးကျန်.

အကြင်နာ ဘုံဗိမာန်လေးတစ်ခု
တည်ဆောက်ပြီးလုချိန်
မုန်းတိုင်းထန် တိုက်ဖျက်
ငါ့...အသိုက်မဲ့ခဲ့လေပြီ....
ဘယ်မှာလဲ....
ငါငိုကြွေးနိုင်ဖို့
ငါတမ်းတခိုဝင်နိုင်ဖို့
ငါရင်ဖွင့်နိုင်ဖို့
ရင်ခွင်နွေးတစ်စုံ
မဲ့ခဲ့လေပြီ။။။


(ကိုယ်ပိုင်ခံစားချက်မဟုတ်ပါရှင်...
ဒါပေမယ့်မိန်းလေးနဲ့တိုက်ဆိုင်လို့
တင်လိုက်ရတာပါ......တစ်ကယ်ပဲ
မိန်းလေးလဲ.....အထီးကျန်နေတယ်)

ကျန်ရစ်သူမှာတမ်း

ချစ်သူရေ

အပြစ်မရှိအပြစ်ရှာ
အသစ်ကိုမြင်လာတော့
အမုန်းတရားလက်ကိုင်ထား
အရှုံးသမားငါ့အနားကခွဲသွားတာရှိစေတော့

အမုန်းပင်
ရင်မှာပျိုးလွမ်းစရာ
ရွှေမိုးကပြိုတော့မယ်ဟန်ဆင်
အစိမ်းရောင်ရင်ပြင်တောမှာ
အမုန်းနွယ်ပင်တွေက
ရစ်ပတ်လို့ခွေခဲ့လေတော့ဝေဒနာတွေပေါ့

ငါလိုလူ
အသည်းမြူမှာ
နူးသွားအောင်ငြိတွယ်
ထူးခြားတဲ့ဒီဆူးငယ်ကို
မနှုတ်ရက်ပါဘူး
အချစ်ဆုံးရယ်
ရှိပါစေတော့

မကြင်သူကိုစွဲလန်းလို့
အရင်လူကိုခွဲခြမ်းသွားသူ
အမုန်းတရားတွေမသိုထားပဲအပြုံးများသာ
လိုလားတဲ့ငါ့ရင်မှာချစ်တာကိုတံဆိပ်တပ်
သစ္စာသော့လေးခတ်ထားတယ်

မင်းမသိဘူး

အချိန်တိုင်း နေရာတိုင်းမှာ မင်းကို သတိရနေနေသော်လည်း မင်း မသိဘူး.................။
မင်း ပျော်ရွှင်ဖို့အတွက် ငါ့ဘက်က အကြိမ်ကြိမ် ရှောင်ဖယ်ပေးနေရတယ်ဆိုတာကို မင်းမသိဘူး.............။
မင်း အားငယ်တဲ့အခါတိုင်းမှာ ငါက မင်းဘက်မှာ အမြဲတမ်းရှိနေတယ်ဆိုတာ မင်းမသိဘူး.................။
နောက်ဆုံးတော့ မင်းကို ချစ်နေသော်လည်း မင်းမသိဘူး..............။

ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်

အစကတော့မင်းနဲ.ငါနဲ.က သူငယ်ချင်းဆိုတဲ့
အဖြူရောင်စကားလုံးလေး ရဲ့အောက်မှာ
ရိုးသားစွာနဲ.ခင်မင်ခဲ့ကြတယ်

အချိန်တွေကြာလာတော့ မင်းရဲ.ချိုသာတဲ့
စကားလုံးလေးတွေက ငါရဲ့ရင်ခုန်သံတွေကို
အသက်သွင်းခဲ့တယ်

ဒါပေမဲ့ငါ့ရဲ့ရင်ခုန်သံတွေကို ငါဥပက္ခာပြုခဲ့တယ်
ဘာကြောင့်လဲဆိုတော့မင်းမှာ ငါ့ထက်ပိုချစ်ရမဲ့
ချစ်သူရှိနေခဲ့တယ်လေ

ငါမင်းကိုပိုင်ဆိုင်ချင်ပေမဲ့ မင်းသိပ်ချစ်တဲ့မင်းရဲ့
ချစ်သူနဲ.လည်းမင်းကို မပြတ်စေချင်ပါဘူးကွာ
မင်းကိုငါမခံစားစေချင်ဘူး

အဲဒါကြောင့်ငါ့ရဲ့ရင်ခုန်သံတွေ
ကို မင်းမကြားအောင်လို.
အတတ်နိုင်ဆုံးငါ့ကိုငါ ထိန်းချုပ်ခဲ့တယ်
မင်းအတွက်ပါ
ငါမင်းရဲ့အနားမှာပဲ မင်းရဲ့အခင်မင်ဆုံး
သူငယ်ချင်းတစ်ယောက်အနေနဲ.
မင်းလိုအပ်သမျှကိုဖြည့်ဆည်း
သွားပါ့မယ်
သူငယ်ချင်းရယ်
ငါ့ဘဝမှာ
မင်းပျော်ဖို.က
အဓိကပါ.......................................သူငယ်ချင်း


ဒါကြောင့် ----
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့
ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ် ..အို သူငယ်ချင်း

အက်ဆစ်မိုး

သိသလိုလိုနဲ့ 
မသိခဲ့ရသမျှ.......
မသိသလိုလိုနဲ့ 
သိခဲ့ရသမျှ....
ရင်ဘတ်တစ်ခုလုံးသာ စုတ်ပြတ်ကျန်ခဲ့တယ်....။။
ယုံကြည်မှုဆိုတာ တဖွဖွ ရေရွတ်ရင်း....
နားလည်မှုတွေ မင်းမေ့လျော့ခဲ့တယ်....။။
အိမ်မက်ဦးမှာ မွှေးပျံ့ ခဲ့ဖူးတဲ့ရနံ့ တွေလည်း
နေရောင်မလာခင် ပျယ်လွင့်.......
မျှော်လင့်ခြင်းဆိုတာ ဒီလိုလားကွယ့်
တကယ်ဆို....ကိုယ်က မင်းသွားမယ့်လမ်းပေါ်က
တံတားတစ်စင်းပါ.......။။
တစ်ရာသီတောင် မရွာတဲ့မိုးနဲ့ 
ခဏတာ မင်းရွာချ.......
တိမ်တိုက်တွေက.........ဟိုး...အ....ဝေး.....မှာ...။။။။။။။။။

လျှို့ဝှက်တတ်တဲ့ လမင်းလေးသို့ .....

တစ်နေ့တစ်ရက်
အမေ့ခက်စွာပဲ
တမ်းတမ်းတတ
လွမ်းနေမိပြန်တယ် .....။

မင်းစတဲ့ဇာတ်လမ်း
မင်းဘက်ကပဲ အဆုံးသတ်လို့
မင်းထားခဲ့တဲ့နေရာလေးမှာ
မင်းထားခဲ့တဲ့အချိန်ကစပြီး
ယနေ့ထက်တိုင်
မင်းအလိုကျ နေပေးခဲ့တာ
မင်း သိနိုင်ဦးမလား .........။

လျှို့ဝှက်လွန်းတဲ့ လမင်းလေးရဲ့
မှော်ဆန်တဲ့ ချစ်ခြင်းတွေမှာ
ပျော်ဝင်ခဲ့တဲ့ ငါ့နှလုံးသား
ဘယ်တော့မှများ
အကောင်းအတိုင်း ပြန်ဖြစ်နိုင်ပါ့မလဲနော် ............။

ကျွန်မခေါ်သံတွေပဲ တိုးလို့ လားချစ်သူရယ်။

ကျွန်မချစ်သူက ဘာသာစကား သုံး၊ လေးမျိုး တက်တယ်။
သို့ ပေမဲ့ ကျွန်မနှလုံးသားက ပြောတဲ့စကားတွေကိုတော့ သူ နားမလည်ချင်ယောင်ဆောင်တယ်။
ကျွန်မချစ်သူက လူတွေရဲ့ နာကျင်မှုတွေကို သက်သာအောင် စွမ်းဆောင်နိုင်တဲ့ x x x တစ်ယောက်
သို့ ပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ခံစားနေရရ ကျွန်မကိုတော့ လျစ်လျူရှုထားနိုင်ပြန်တယ်။
ကျွန်မချစ်သူက ဂီတကို ချစ်တယ်၊ ကဗျာတွေကို မြတ်နိုးတယ်၊ သံဇဉ်တွေကို ဖန်တီးတက်တယ်။
သို့ ပေမဲ့ ကျွန်မနားထောင်ချင်တယ် ဆိုရင်တော့ အကြိမ်ကြိမ် request လုပ်ရတယ်။
ကျွန်မချစ်သူက သူ့ ပတ်ဝန်းကျင်က သူတွေ၊ သူငယ်ချင်းတွေကို ကူညီတက်တယ်။
သို့ ပေမဲ့ ကျွန်မနာမည်ကတော့ သူ့ စာရင်းထဲမှာ မရှိပြန်ဘူး။
ကျွန်မချစ်သူက သစ်ပင်လေးတွေ ရှင်သန်အောင် ဘယ်လိုပျိုးထောင်ရမယ်ဆိုတာ ကျွမ်းကျင်တယ်။
သို့ ပေမဲ့ ကျွန်မဘ၀လေးကိုတော့ သက်ပစ်ရက်တယ်။
ကျွန်မချစ်သူက Hamster လေးတွေ၊ ငါးလေးတွေကို ကြင်နာတက်တယ်။
သို့ ပေမဲ့ ကျွန်မက ငါးလေးမဟုတ်ဘူး၊ ကျွန်မက ကျွန်မပဲ ဆိုတော့။
ကျွန်မချစ်သူက သူ့ ကိုဘယ်လောက်ချစ်လဲလို့ ခဏခဏမေးတက်တယ်။
သို့ ပေမဲ့ ကျွန်မမေးရင်တော့ ဖြေဖို့ ဝန်လေးတက်တယ်။
ကျွန်မချစ်သူက သူဖုန်းခေါ်လို့ ချက်ချင်းမကိုင်ရင် စိတ်ဆိုးတက်တယ်။
သို့ ပေမဲ့ ကျွန်မခေါ်ရင်တော့ အနှောက်အယှက် ဖြစ်တယ်လို့  ဆိုတက်ပြန်တယ်။

ကျွန်မချစ်သူက ငိုတာကို မုန်းတယ်။
သို့ ပေမဲ့ ကျွန်မ ပါးပြင်မှာ မျက်ရည်တွေကျအောင် ဖန်တီးတက်ပြန်တယ်။
ကျွန်မချစ်သူက အထီးကျန်ညတွေကို တစ်ယောက်တည်းဖြတ်သန်းရမှာ စိုးရွံတယ်။
သို့ ပေမဲ့ ကျွန်မကြောက်ရွံ့ နေမလားဆိုတဲ့ အတွေးလေးတောင် သူမတွေးမိပြန်ဘူး ထင်ပါတယ်။
ကျွန်မချစ်သူ ၀မ်းနည်းချိန်မှာ ကျွန်မကအမြဲမျှဝေခံစားခဲ့ပါတယ်။
သို့ ပေမဲ့ ကျွန်မအလှည့်မှာတော့ နားညီးတယ် ဆိုတဲ့ တုံ့ ပြန်မှုမျိုးသာ ရတက်တယ်။
ကျွန်မချစ်သူက ကြင်နာမှုတွေနဲ့ အတူ နာကျင်မှုတွေ ပေးခဲ့တယ်။
သို့ ပေမဲ့ ကျွန်မမှာတော့ ကျွန်မချစ်သူကို နာကျည်းဖို့ နှလုံးသားတစ်ခု အပိုမပါဘူး။
ကျွန်မချစ်သူက ကျွန်မကို ဘယ်လောက်ချစ်လဲ ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
( နည်းနည်းလေးမှ မချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဟန်ဆောင်ပြီးချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အများကြီးချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။)
ကျေးဇူးပြုပြီး ချစ်တော့ချစ်ခဲ့တယ်လို့ ....သတ်မှတ်ခွင့်ပြုပါ။
သို့ ပေမဲ့ ကျွန်မကတော့ အရာရာထက်ပိုပြီး ချစ်တယ်။
ကျွန်မချစ်သူက ကျွန်မ၀မ်းနည်းစေမဲ့ နည်းလမ်းတွေကို သိတယ်။
သို့ ပေမဲ့ ကျွန်မရယ်မောအောင်လည်း သူစွမ်းဆောင်နိုင်တယ်။
ကျွန်မချစ်သူက သူ့ ကို လေသံမာမာနဲ့ ပြောတာကို မနှစ်သက်ဘူး။
သို့ ပေမဲ့ ကျွန်မကိုတော့ အမိန်တွေပေးတက်ပါတယ်။
ကျွန်မချစ်သူက မချောဘူးလို့ လူအများက လက်ခံထားတယ်။
သို့ ပေမဲ့ ကျွန်မအတွက်တော့ သူကအားလုံးထက်သာတယ်။
ကျွန်မချစ်သူက ကျွန်မနဲ့ အဝေးကြီးမှာ ဖြစ်ချင်ဖြစ်မယ်။
သို့ ပေမမဲ့ ကျွန်မရင်ထဲမှာတော့ သူအမြဲရှိတယ်။
ကျွန်မချစ်သူက အရာရာကို တွက်ချက်ပြီးမှ လုပ်တက်တယ်။
သို့ ပေမဲ့ ကျွန်မကတော့ သူနဲ့ ပတ်သတ်ရင် အရှုံး၊ အမြတ်ကို စဉ်းစားဖို့  သတိမရပြန်ဘူး။
ကျွန်မချစ်သူက ကျွန်မကို မေ့ကောင်းမေ့နေပါလိမ့်မယ်။
သို့ ပေမဲ့ ကျွန်မကတော့ သူ အရာရာအဆင်ပြေဖို့ ဆုတောင်းမြဲပါ။
ကျွန်မချစ်သူက ကျွန်မကို ဘာလို့ ချစ်တာလဲ ဆိုတာမသိပါဘူး။
သို့ ပေမဲ့ ကျွန်မကတော့ ချစ်လို့ ချစ်တာပါ။
ကျွန်မချစ်သူက ကျွန်မကို တစ်ခါတစ်ခါသတိရပါလိမ့်မယ်။
သို့ ပေမဲ့ ကျွန်မကတော့ မေ့ဖို့ မကြိုးစားခဲ့ဘူး။
ကျွန်မချစ်သူက ကျွန်မကို သူ့ ဘ၀ထဲက အပြီးအပိုင်ထုတ်ပစ်ပြီးတာလည်း ဖြစ်နိုင်ပါတယ်။
သို့ ပေမဲ့ ကျွန်မကတော့ အဝေးကနေ အရင်အတိုင်းချစ်ပါတယ်။
ကျွန်မချစ်သူက သူလုပ်ချင်တာလုပ်ပြီး sorry လို့ လွယ်လွယ်လေးပြောတက်တယ်။
ပြောခံရသူဘယ်လိုခံစားရမလဲလို့ ဘယ်တော့မှ ထည့်မစဉ်းစားတက်ပါဘူး။
သို့ ပေမဲ့ ကျွန်မကျတော့ sorry လို့ သုံးခွင့်မရှိပြန်ဘူး။
ကျွန်မချစ်သူက ကျွန်မအနားကို ဘယ်တော့ရောက်လာမလဲဆိုတာမသိပါဘူး။
ဘယ်တော့မှ ပြန်မရောင်လာနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
မနက်ဖြန်လည်း ရောက်လာနိုင်ပါတယ်။
(သိပ်ကို မိုက်မဲလွန်းတဲ့ မျှော်လင့်ချက်တစ်ခု)
ဘယ်အရာကမှ ကျွန်မကိုမတားဆီးနိုင်ပါဘူး။
ဘယ်အရာကမှ ချစ်သူကို နာကျည်းအောင် မစွမ်းဆောင်နိုင်ပါဘူး။
ကျွန်မချစ်သူကို အရမ်းချစ်ပါတယ်။
ကျွန်မချစ်သူက ခုလောက်ဆို stupid လို့ ပြောချင်ပြောမယ်။
တစ်ချက်လောက်ပြုံးချင် ပြုံမယ်။
သို့ ပေမဲ့ အဲဒီ့အပြုံးတွေကိုလည်း ချစ်တယ်။
ကျွန်မချစ်သူက ကျွန်မဘယ်လောက်နာကျင်ခံစားရလဲဆိုတာ မသိပါဘူး။
သူပျောရွှင်ဖို့ ၊ သူ့ ဆန္ဒတွေပြည့်ဝဖို့ ...ဟန်ဆောင်နေရတာ ဘယ်လောက်ပင်ပန်တယ်ဆိုတာလည်း...မသိပါဘူး။
မိုင်တွေဘယ်လောက်ဝေးဝေး၊ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
နောက်တစ်ကြိမ်ပြောပါရစေ။ (နောက်ဆုံးအကြိမ်ပါ)
ကို့  ကို အရမ်းချစ်တယ်။
မှတ်ချက်။ ။ ကျွန်မချစ်သူက ပြောခဲ့ဖူးပါတယ်....တစ်ခုခုဆို သူ့ နာမည်လေးသာ ရေရွက်လိုက်ဖို့ ပါ။
ကျွန်မခေါ်သံတွေပဲ တိုးလို့ လားချစ်သူရယ်။

နှိုင်း

သူငယ်ချင်း…..ဆိုတဲ့ကြိုးတစ်ချောင်းနဲ.

နင်ငါ့ကို ကောင်းကောင်းချည်သွားခဲ့ပြီ။


တိမ်အပြည့်နဲ. မိုးခေါင်သူလေးရေ

ပန်းခြွေတဲ့ရာဇ၀င်ကို

နင်ပြင်ဆင်မှာဖြစ်မှာပါ။


မတီးခတ်ရသေးတဲ့စောင်းကြိုးတွေမှာလည်း

ဂီတဟာခိုအောင်းနေတာပဲ။


ရေမလောင်းတဲ့သစ်စေ့လေးဟာလည်း

ပန်းပွင့်တွေက်ု သိုဝှက်ထားမှာပဲ။


သူပြောချင်သလို ပြောပါစေတော့ကွယ်……


လွမ်းတတ်သူတို.ရဲ.ဘာသာဘာဝ

နှုတ်ခမ်းကိုသာ ခပ်ဖွဖွ ကိုက်ထားလိုက်ရတယ်။ ။

ငါ မ လို တဲ့ ကြယ်ကြွေဆုတောင်း..

ဘဝ ခါးခါး တစ်ခု အတွက်
ဘယ်သူ့ ကို ဘာမှ မပြော ချင် ဘူးးး........
-------------
ဒီမှာ............
ငါ မှန် တယ် ထင် လို့ ကတော့....
သေ မင်း ကို ပါ ပန်း ပန် ပေး လိုက် မယ်....
--------------
ဒီ လမ်း ပျက် လို့ ငါ မ ငို ဘူး
နောက် လမ်း သစ် တစ် ခု ဖေါက် ထွက် သွား မယ်....
-----------
ဒီ မ နက် ထ မင်း ငတ် လို့ ငါ မ ငို ဘူးးး
ဒီ ည နေ ဘာ စား ရ မ လဲ ဆို တာ ပဲ ငါ စိတ် ဝင် စား တယ်.......
-----------
-------------------
ကြယ်ကြွေ လို့ ငါ ဆု မ တောင်း ဘူး....
ငါ့ အ တွက် ကြွေ တဲ့ ကြယ် ငါ နှ မြော တယ်..........
---------------
-------------------
ကြယ် ကြွေ မှ ဆု တောင်း ပြည့် မယ် ဆို ရင်
ဘာ ဆု မှ ငါ မ လို ဘူး....
-----
တစ်ခုပဲ......
-----
ကြယ်လေးတွေ အ မြဲ တမ်း လင်း နေ နိုင် ပါ စေ.......
--------
---------------
ဒီမှာ... မိတ်ဆွေ.............
နေမင်းကြီး နဲ့ လွဲ လို့ သင် ငို နေ ရင်..........
ကြယ် တာ ရာ တွေ နဲ့ လည်း သင် လွဲ လိမ့် မယ်............။
-----------------
-------------------------------
-----------------------------------------------
{နေမင်းကြီး နဲ့ လွဲ လို့ သင် ငို နေ ရင်..........
ကြယ် တာ ရာ တွေ နဲ့ လည်း သင် လွဲ လိမ့် မည်....}

အချစ်ဆိုတာသိမှ ကျွန်မဆီပြန်လာခဲ့မောင်.....

မိန်းမတစ်ယောက်ရဲ့စိတ်ထဲ
ဘယ်သူဝင်ဖူးသလဲ
မိန်းမတစ်ယောက်ရဲ့ နှလုံးသားနဲ့ ရေးတဲ့စာ
ဘယ်သူနင်းဖြတ်လျှောက်ခဲ့ဖူးသလဲ
မိန်းမတစ်ယောက်ရဲ့ ချစ်နိုင်တဲ့စိတ်ကို
ဘယ်သူလှောင်ရီမျက်ကွယ်ပြုဖူးသလဲ
ခုဆို ..ကျွန်မရဲ့စိတ်ကိုဖွင့်
မောင့်ကိုကမ်းလင့် ၀င်ကြည့်စေခဲ့ပြီးပြီ
ခုဆို...ကျွန်မနှလုံးသားနဲ့ ရေးတဲ့စကား
မောင့်ရဲ့ နင်းဖြတ်မှုအောက်မှာခစားကုန်ကြပြီ
ခုဆို ကျွန်မရဲ့ချစ်နိုင်တဲ့စိတ်ကို
မောင်လှောင်ရီဟားတိုက်နိုင်အောင်
ကျွန်မမိုက်မဲစွာဆုံးဖြတ်ခဲ့ပြီ

ဒါပေမယ့် မောင်ရေ
မောင်ဘက်က ချစ်နိုင်မှုကိုယုံကြည်
ကျွန်မအချစ်တွေကိုမောင့်ထံမှာမြုတ်နှံပြီးပြီ
မောင့်ရဲ့သံသယဆိုတဲ့စကားတွေကို
ကျွန်မမာနတွေကိုအရည်ဖျော်လို့
သွန်လိုသွန်မှောက်လိုမှောက်
မောင်လျှောက်ကြည့်ပါလို့
ရှိတဲ့ဘ၀ကိုရိုးသားစွာချပြခဲ့တာမှ
ကျွန်မအပေါ်မောင်သံသယထား
အချစ်ဆိုတာ ဘာများလဲလို့
ပြောလာတဲ့မောင့်ကို
ွှကျွန်မရဲ့ နှလုံးသားထောင့်တချက်ကိုတံခါးပိတ်
စိတ်သွားလျှင်လဲ အကျဉ်းချ
အသက်ရှင်ရက်သေသွားပါရစေ
အချစ်ဆိုတာသိမှ ကျွန်မဆီပြန်လာခဲ့မောင်.......................

နေရာလေးတခု

ချစ်သူရေ....

ငါ့ရဲ့ကမ္ဘာငယ်လေးမှာ
"ကို့"ကိုလွမ်းတဲ့အလွမ်းတွေနဲ့
ပူပြင်းခြောက်သွေ့နေပါတယ်

တကယ်လို့

"ကို"သာဆနရှိရင်
အရောက်လှမ်းခဲ့ပါ

ငါ့ရဲ့ဘယ်ဘက်ထောင့်နေရာမှာ
"ကို့"အတွက်
ှနှင်းပန်းတွေစိုက်ထားတယ်

Tuesday, February 16, 2010

ရင်တွင်းစကား

ငါ့ အချစ်ဟာ
အနင်းခံမြက်ဖြစ်ရင်
မနက်ဖြန်များစွာမှာ
မင်းစိတ်ကြိုက်ဖြတ်လျှောက်
ကြိုက်သလောက်သာနင်း
ငါ့ ရင်ကို ဖွင့်ခင်းထားမှာပါ။
ငါ့ အချစ်ဟာ
ပန်းတစ်ခင်းဖြစ်ရင်
နမ်းရှိုက်ရန်ခူးခူး
နင်းခြေရန်ခူးခူး
ကြိုက်သလောက်သာခူး
ဆူးမရှိစေရပါ။

အချစ် ရွက်ကြွေ

နှလုံးသားမှာ အချစ်ရွက်ကြွေစဉ်
လေပြေလေညှင်းတို့  သယ်ဆောင်ပြေးလို့ 
ဝေးသထက်ပို ဝေးသွားခဲ့ပြီး
ငါ ဒီနှလုံးသားနဲ့  အချစ်တွေကို မထိန်းနိုင်ခဲ့ဘူး

လေအောက်အဆုံးကို တပြိုင် နက်အကျ
အေးကနဲ့  ခံစားနေရပြီးပေါ့
ကယ်ပါအုံး အော်ခဲ့ပေမဲ့လည်း စကားလုံးက တစ်ဆို့ 

လည်ချောင်ဝမှာ မင်းရဲ့အဖြေမကြားရတဲ့ အခိုက်အတန့် မှာ
မြင်လာ ၊ထင်လာတဲ့ အရာဟာ
ငါ့ရဲ့ အချစ်တွေနဲ့  ယောင်ယက်ခတ်မူ့ တွေပေါ့ .......ကွယ်...

တကယ်လို့များ

တကယ်လို့များ ငါတို့အစထဲကပွင့်လင်းခဲ့ကြရင်
တကယ်လို့များ ငါတို့မာနချင်းမပြိုင်ခဲ့ကြရင်
တကယ်လို့များ ငါတို့ကြားထဲမှာအတားအဆီးတွေမရှိခဲ့ကြရင်
သူငယ်ချင်းရယ်
ခုတော့၁၀နှစ်ကျော်ခင်ခဲ့တဲ့သံယောဇဉ်ကို
ထောက်ထားပါဦးဟာ
ငါပြန်လာရင်နင့်ကိုတွေ့မြင်ခွင့်ရပါရစေဟာနော်
ငါအတ္တကြီးတယ်ဟုတ်တယ်
ဒါပေမဲ့နင့်ကိုတော့အရမ်းချစ်ပါတယ်ဟာ
ငါတို့အချစ်ကဖြူစင်ပါတယ်
နင်နားလည်ပါဟာ
အတိတ်တွေမှာရှိနေတဲ့အမှတ်တယတွေကို
တကယ်လို့များပစ္စုပန်ကိုယူလာလို့ရရင်သိပ်ကောင်းမှာပဲနော်

ရည်းစားဥိးမဟုက် သောအချစ်ဥိးသို့ 

ရာသီညီညီ နာရီတွေသိ
အချိန်တွေပြောင်း နှစ်တွေဟောင်းလည်း
ရင်မှာတမ်းတ မင်းတယောက်ကိုမှ
ဘာလို့ မမေ့ သေးတာလည်း.....။

သင့်နှင့် ငါ့ပင်လယ်မှ အ သ ည်း ကွဲ မျဉ်း ကြောင်း တိမ်း စောင်း မှု ဒီကရီ ၄၂'

ဝေး ရ မှ ဝေး ကို ဝေး ရ မှ ဆို တော့ လဲ ...

နင့် ကို ငါ ကမ္ဘာမကြေအောင် လွမ်း နေ လိုက်တယ်

အရှ့ကို လျှောက် ၊ အနောက် ကို ပြန် ပြန် ရောက် တဲ့ သတ္တ၀ါ

နင့် ကို လွမ်း ဖို့ လောက် တောင် ငါ က ခေတ် မ မှီ ဘူး

သွေး ခြေ ဥ တာ က အ စ ၊ သည်း ခြေ ပျက် တာ က အ ဆုံး

ပြက် နေ ကျ ပြက် လုံး တွေ ကြား ဘာ တွေ လာ လာ ငြိ နေ မှန်း မ သိ

အပ် ချုပ် ရာ တစ် ပေါက် နှစ် ပေါက်

အ ပျင်း ထူ နေ တဲ့ စက္ကူ ရုပ် မ နင့် နောက် ကျော ကို ငါ ဘာ ဓါး နဲ့ မ ထောက် ထား ခဲ့ ဘူး

ဒီ နေ့ က မှော် အတက် နဲ့ ဖန် ဆင်း ထား တာ မ ဟုတ် ဘူး

ဒါ ပေ မယ့် တ နေ့ လုံး သေ မင်း ဆီ ဖုန်း ခေါ် နေ တဲ့ အသံ တွေ ပဲ ကြား နေ ရ တယ်

ပြာ ဖြစ် သွား တာ လား

လက် ဖ မိုး ကို လှန် ကြည့် လိုက် ရင် ကြယ် တွေ စား ကျက် ချ နေ ကျ ည အသေ ရှိ တယ်

ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ

ကမ္ဘာ ပတ် နေ တဲ့ က ဝေ မ

သွား စမ်း သွား စမ်း . . . အံ တွေ ကြိတ် ထား ရ တာ လဲ နာ လှ ပေါ့

အ ခု အ ချိန် အ ထိ အ မှောင် တွေ ငါ့ ကျော ပေါ် ထိုး ချ နေ တုန်း ပဲ

နင့် ကို ရက် ပေါင်းများ စွာ ၊ များ စွာ ကြာ အောင် လွမ်း နေ နိုင် ဖို့

တစ် နေ့ ကို တစ် ခါ ကိုယ့် ကို ကိုယ် မသဒ္ဓါ ဆွမ်း ကျွေး ပြီး အ သက် ရှူ မ ရပ် အောင် လွမ်း ခိုင်း နေ ရ

ဝေး ရ မှ . . . ဝေး ကို ဝေး ရ မှ ဖြစ် မယ် ဆို ရင် ဝေး ကို ဝေး သွား ကြ

နိ မိတ် မ ကောင်း သူ ရယ် အောက် နှုတ် ခမ်း လှ လှ လေး ကို မ သုံး ပါ နဲ့ တော့

ဒါ ဝေး ကို ဝေး ရ မယ့် အ ခါ မို့ လို့ ဝေး ကို ဝေး ပြစ် ရ မယ်

ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ....

ဒါ ဝေး ကို ဝေး ရ မယ် ဆို တဲ့ ... အ တွေး နဲ့ တင် ငါ က ၊ က လေး တစ် ယောက် လို မျိုး

ကိုယ့် ဦး နှောက် ကိုယ် အ မဲ ပြန် လိုက် သ လို မျိုး ၊ မ ချိ မ ဆန့် က လေး ဆန် ဆန် ငို တယ်

အ ခု ချိန် အထိ နင့် ကို လွမ်း ဖို့ လောက် ငါ့ ဦး နှောက် က ခေတ် မ မှီ ဘူး . . . . .

ဝေး ရ မှ . . .

ဝေး ကို ဝေး ရ မှ ဆို တော့ လဲ . . . ။