ကျွန်မချစ်သူက ဘာသာစကား သုံး၊ လေးမျိုး တက်တယ်။
သို့ ပေမဲ့ ကျွန်မနှလုံးသားက ပြောတဲ့စကားတွေကိုတော့ သူ နားမလည်ချင်ယောင်ဆောင်တယ်။
ကျွန်မချစ်သူက လူတွေရဲ့ နာကျင်မှုတွေကို သက်သာအောင် စွမ်းဆောင်နိုင်တဲ့ x x x တစ်ယောက်
သို့ ပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ခံစားနေရရ ကျွန်မကိုတော့ လျစ်လျူရှုထားနိုင်ပြန်တယ်။
ကျွန်မချစ်သူက ဂီတကို ချစ်တယ်၊ ကဗျာတွေကို မြတ်နိုးတယ်၊ သံဇဉ်တွေကို ဖန်တီးတက်တယ်။
သို့ ပေမဲ့ ကျွန်မနားထောင်ချင်တယ် ဆိုရင်တော့ အကြိမ်ကြိမ် request လုပ်ရတယ်။
ကျွန်မချစ်သူက သူ့ ပတ်ဝန်းကျင်က သူတွေ၊ သူငယ်ချင်းတွေကို ကူညီတက်တယ်။
သို့ ပေမဲ့ ကျွန်မနာမည်ကတော့ သူ့ စာရင်းထဲမှာ မရှိပြန်ဘူး။
ကျွန်မချစ်သူက သစ်ပင်လေးတွေ ရှင်သန်အောင် ဘယ်လိုပျိုးထောင်ရမယ်ဆိုတာ ကျွမ်းကျင်တယ်။
သို့ ပေမဲ့ ကျွန်မဘ၀လေးကိုတော့ သက်ပစ်ရက်တယ်။
ကျွန်မချစ်သူက Hamster လေးတွေ၊ ငါးလေးတွေကို ကြင်နာတက်တယ်။
သို့ ပေမဲ့ ကျွန်မက ငါးလေးမဟုတ်ဘူး၊ ကျွန်မက ကျွန်မပဲ ဆိုတော့။
ကျွန်မချစ်သူက သူ့ ကိုဘယ်လောက်ချစ်လဲလို့ ခဏခဏမေးတက်တယ်။
သို့ ပေမဲ့ ကျွန်မမေးရင်တော့ ဖြေဖို့ ဝန်လေးတက်တယ်။
ကျွန်မချစ်သူက သူဖုန်းခေါ်လို့ ချက်ချင်းမကိုင်ရင် စိတ်ဆိုးတက်တယ်။
သို့ ပေမဲ့ ကျွန်မခေါ်ရင်တော့ အနှောက်အယှက် ဖြစ်တယ်လို့  ဆိုတက်ပြန်တယ်။
ကျွန်မချစ်သူက ငိုတာကို မုန်းတယ်။
သို့ ပေမဲ့ ကျွန်မ ပါးပြင်မှာ မျက်ရည်တွေကျအောင် ဖန်တီးတက်ပြန်တယ်။
ကျွန်မချစ်သူက အထီးကျန်ညတွေကို တစ်ယောက်တည်းဖြတ်သန်းရမှာ စိုးရွံတယ်။
သို့ ပေမဲ့ ကျွန်မကြောက်ရွံ့ နေမလားဆိုတဲ့ အတွေးလေးတောင် သူမတွေးမိပြန်ဘူး ထင်ပါတယ်။
ကျွန်မချစ်သူ ၀မ်းနည်းချိန်မှာ ကျွန်မကအမြဲမျှဝေခံစားခဲ့ပါတယ်။
သို့ ပေမဲ့ ကျွန်မအလှည့်မှာတော့ နားညီးတယ် ဆိုတဲ့ တုံ့ ပြန်မှုမျိုးသာ ရတက်တယ်။
ကျွန်မချစ်သူက ကြင်နာမှုတွေနဲ့ အတူ နာကျင်မှုတွေ ပေးခဲ့တယ်။
သို့ ပေမဲ့ ကျွန်မမှာတော့ ကျွန်မချစ်သူကို နာကျည်းဖို့ နှလုံးသားတစ်ခု အပိုမပါဘူး။
ကျွန်မချစ်သူက ကျွန်မကို ဘယ်လောက်ချစ်လဲ ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
( နည်းနည်းလေးမှ မချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဟန်ဆောင်ပြီးချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အများကြီးချစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။)
ကျေးဇူးပြုပြီး ချစ်တော့ချစ်ခဲ့တယ်လို့ ....သတ်မှတ်ခွင့်ပြုပါ။
သို့ ပေမဲ့ ကျွန်မကတော့ အရာရာထက်ပိုပြီး ချစ်တယ်။
ကျွန်မချစ်သူက ကျွန်မ၀မ်းနည်းစေမဲ့ နည်းလမ်းတွေကို သိတယ်။
သို့ ပေမဲ့ ကျွန်မရယ်မောအောင်လည်း သူစွမ်းဆောင်နိုင်တယ်။
ကျွန်မချစ်သူက သူ့ ကို လေသံမာမာနဲ့ ပြောတာကို မနှစ်သက်ဘူး။
သို့ ပေမဲ့ ကျွန်မကိုတော့ အမိန်တွေပေးတက်ပါတယ်။
ကျွန်မချစ်သူက မချောဘူးလို့ လူအများက လက်ခံထားတယ်။
သို့ ပေမဲ့ ကျွန်မအတွက်တော့ သူကအားလုံးထက်သာတယ်။
ကျွန်မချစ်သူက ကျွန်မနဲ့ အဝေးကြီးမှာ ဖြစ်ချင်ဖြစ်မယ်။
သို့ ပေမမဲ့ ကျွန်မရင်ထဲမှာတော့ သူအမြဲရှိတယ်။
ကျွန်မချစ်သူက အရာရာကို တွက်ချက်ပြီးမှ လုပ်တက်တယ်။
သို့ ပေမဲ့ ကျွန်မကတော့ သူနဲ့ ပတ်သတ်ရင် အရှုံး၊ အမြတ်ကို စဉ်းစားဖို့  သတိမရပြန်ဘူး။
ကျွန်မချစ်သူက ကျွန်မကို မေ့ကောင်းမေ့နေပါလိမ့်မယ်။
သို့ ပေမဲ့ ကျွန်မကတော့ သူ အရာရာအဆင်ပြေဖို့ ဆုတောင်းမြဲပါ။
ကျွန်မချစ်သူက ကျွန်မကို ဘာလို့ ချစ်တာလဲ ဆိုတာမသိပါဘူး။
သို့ ပေမဲ့ ကျွန်မကတော့ ချစ်လို့ ချစ်တာပါ။
ကျွန်မချစ်သူက ကျွန်မကို တစ်ခါတစ်ခါသတိရပါလိမ့်မယ်။
သို့ ပေမဲ့ ကျွန်မကတော့ မေ့ဖို့ မကြိုးစားခဲ့ဘူး။
ကျွန်မချစ်သူက ကျွန်မကို သူ့ ဘ၀ထဲက အပြီးအပိုင်ထုတ်ပစ်ပြီးတာလည်း ဖြစ်နိုင်ပါတယ်။
သို့ ပေမဲ့ ကျွန်မကတော့ အဝေးကနေ အရင်အတိုင်းချစ်ပါတယ်။
ကျွန်မချစ်သူက သူလုပ်ချင်တာလုပ်ပြီး sorry လို့ လွယ်လွယ်လေးပြောတက်တယ်။
ပြောခံရသူဘယ်လိုခံစားရမလဲလို့ ဘယ်တော့မှ ထည့်မစဉ်းစားတက်ပါဘူး။
သို့ ပေမဲ့ ကျွန်မကျတော့ sorry လို့ သုံးခွင့်မရှိပြန်ဘူး။
ကျွန်မချစ်သူက ကျွန်မအနားကို ဘယ်တော့ရောက်လာမလဲဆိုတာမသိပါဘူး။
ဘယ်တော့မှ ပြန်မရောင်လာနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
မနက်ဖြန်လည်း ရောက်လာနိုင်ပါတယ်။
(သိပ်ကို မိုက်မဲလွန်းတဲ့ မျှော်လင့်ချက်တစ်ခု)
ဘယ်အရာကမှ ကျွန်မကိုမတားဆီးနိုင်ပါဘူး။
ဘယ်အရာကမှ ချစ်သူကို နာကျည်းအောင် မစွမ်းဆောင်နိုင်ပါဘူး။
ကျွန်မချစ်သူကို အရမ်းချစ်ပါတယ်။
ကျွန်မချစ်သူက ခုလောက်ဆို stupid လို့ ပြောချင်ပြောမယ်။
တစ်ချက်လောက်ပြုံးချင် ပြုံမယ်။
သို့ ပေမဲ့ အဲဒီ့အပြုံးတွေကိုလည်း ချစ်တယ်။
ကျွန်မချစ်သူက ကျွန်မဘယ်လောက်နာကျင်ခံစားရလဲဆိုတာ မသိပါဘူး။
သူပျောရွှင်ဖို့ ၊ သူ့ ဆန္ဒတွေပြည့်ဝဖို့ ...ဟန်ဆောင်နေရတာ ဘယ်လောက်ပင်ပန်တယ်ဆိုတာလည်း...မသိပါဘူး။
မိုင်တွေဘယ်လောက်ဝေးဝေး၊ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
နောက်တစ်ကြိမ်ပြောပါရစေ။ (နောက်ဆုံးအကြိမ်ပါ)
ကို့  ကို အရမ်းချစ်တယ်။
မှတ်ချက်။ ။ ကျွန်မချစ်သူက ပြောခဲ့ဖူးပါတယ်....တစ်ခုခုဆို သူ့ နာမည်လေးသာ ရေရွက်လိုက်ဖို့ ပါ။
ကျွန်မခေါ်သံတွေပဲ တိုးလို့ လားချစ်သူရယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment