ချစ်သူ
မိန်းကလေး တစ်ယောက်ရဲ့
ကန့်သတ်ချက် ဣနြေ္ဒစည်းနှင့်
နှလုံးသားကို အနားကွပ်ထားတာကလွဲရင်
နှလုံးသားရဲ့ ကဗျာတွေ
မင်းဖတ်စေဖို့ မျက်ဝန်းတံခါး
အမြဲဖွင့်ထားခဲ့တယ်။
ငါ့ ရင်ခွင်တံခါး ဖွင့်ဖို့အတွက်
နားလည်မှုသော့လည်း
မင်းဆီမှာ အပ်နှင်းထားတယ်။
သဲကြီးမဲကြီး ရွာချနေတဲ့
မိုးကို အန်တု
ထီးတစ်ချောင်းအောက်မှာ
မင်းဆန္ဒနှင့် ထပ်တူကျ
မိုးတွေကိုလည်း
ငါ့ ချစ်တတ်ခဲ့တယ်။
ဒါပေမယ့် ...... ချစ်သူရယ်
မင်း ဘ၀ ရှင်သန်ဖို့အတွက်
အကြင်နာ မိုးတွေ သွန်းဖြိုးဖို့
ဝန်မလေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့
ရင်တွင်းဖြစ် ကဗျာကို
ဘာလို့ မခံစားတတ်ခဲ့တာလဲ။
တကယ်ဆိုရင်
ကျောခိုင်းသွားတဲ့
မင်း ခြေလှမ်းတွေအတွက်
အကြောင်းပြချက်တော့
မင်း ပေးသင့်တယ်။
အခုတော့
ညိုသာညိုပြီး မစွေခဲ့ရတဲ့
အကြင်နာတွေ
မျက်ရည် အဖြစ်စီးဆင်းရင်း
အတူဖြတ်သန်းဖူးတဲ့ မိုးရေထဲမှာ
အတူခိုလှုံဖူးတဲ့ ထီးတစ်ချောင်းအောက်မှာ
အသည်းကွဲ မိုးသီချင်းတွေ
ငါ့ ဆိုညည်းလို့
အထီးကျန်ခြင်း ကဗျာတွေ
ငါ့ ရေးနေမိတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment