Sunday, February 21, 2010

ဇာတ်ဆရာအလိုကျ

အရာအားလုံးဟာ
ရေစက်ပါလို့ဆုံခဲ့ကြတာပါဆိုရင်
မင်းနဲ့ငါရဲ့ ရေစက်က
ဘာလို့တ၀က်တပျက်မှာ
လမ်းခွဲဘို့ဖြစ်လာရတာလဲ

အင်းလေ....ဒါတွေဟာ
ကံဇာတ်ဆရာရဲ့
ကြိုရေးထားပြီးသား
ပြဇာတ်တစ်ပုဒ်ဆိုတော့လည်း
သူလွမ်းခိုင်းရင်လွမ်း
သူကြမ်းခိုင်းရင်ကြမ်းလို့
သူကခိုင်းတဲ့အတိုင်း ကလိုက်တော့မယ်

နင်ငါ့ကိုမေ့သွားတာ
ဇာတ်ဆရာအလိုကျဆိုရင်
တစ်စုံတစ်ယောက်ကိုမေ့နိုင်ဘို့အရေး
အတော်လေးကြိုးစားနေရသူကလည်း
ဇာတ်ဆရာအလိုကျပဲပေါ့ကွယ်

ငါ့ဘ၀နေပျော်ဘို့
ဇာတ်ဆရာဆိုတဲ့သူ
မေ့နေတာတော့မဖြစ်တန်ကောင်းပါဘူး
တစ်နေ့နေ့တော့
ငါ့အတွက် ပျော်ရွှင်ဖွယ်ရာတွေ
သူဖန်တီးပေးလိမ့်မယ်ထင်ပါတယ်.........

အဲဒီတစ်နေ့နေ့ကိုရောက်ဘို့
သူကခိုင်းတာ မညည်းမညူကရင်း
သူ့အလိုကျနေပြလိုက်အုံးမယ်ကွယ်

တကယ်တော့
အရာအားလုံးဟာ
ဇာတ်ဆရာ အလိုကျပါပဲ...........

No comments:

Post a Comment