Sunday, February 21, 2010

အစွဲအလန်းကြီးသူရဲ့ ငတ်မွတ်မှု

ငါ့ခံစားချက်တွေ
နင့်နှလုံးသားရှေ့မှာ
ခင်းကျင်းပြသဘူးတယ်....
အကြိမ်ကြိမ်အဖန်ဖန်
ကြိုးစားခဲ့သမျှ
နင်မမြင်နိုင်ခဲ့ဘူး...
ဒါကြောင့်...
နွေမှာတွေ့၊မိုးမှာဆုံ၊ဆောင်းမှာ
လမ်းခွဲခဲ့ရတဲ့ ငါ့ဘ၀က
မဖူးပွင့်နိုင်တော့ဘဲ ရိုးတံကျဲကျဲသာကျန်ပြီး
ကောင်းကင်ကိုမော့ကြည့်နေရတဲ့
သစ်ပင်တစ်ပင်နဲ့တူနေပြီ......
ဒါပေမဲ့...ဟိုအရင်တစ်ချိန်က
ငါတို့နှစ်ယောက် နားခိုခဲ့ဘူးတဲ့
နေရာဟောင်းတွေကို
တစ်ယောက်ထဲလျှောက်လှမ်းရင်း
နင့်ပုံရိပ်တွေ၊နင့်ရီ(ရယ်)သံတွေကို
မြင်ယောင်မိကြားယောင်မိနေတုန်းပဲ
အသက်တွေသာကြီးလာပြီး
လွတ်လပ်မှုတွေနည်းပါးသွားတဲ့
ဘ၀တွေကြားထဲ
နင်ရောငါ့ကို သတိရသေးရဲ့လားဟာ......

No comments:

Post a Comment