Sunday, February 21, 2010

“ဝေး”

တစ်ယောက်ကိုတစ်ယောက်က
ငဲ့ ညှာနေရင်းပဲ တဖြေးဖြေးနဲ့ 
ငါတို့ နှစ်ယောက်လုံး
ပိုနာကျင်လာရတော့မယ်
ချစ်သူရယ်....
တကယ်တမ်းတော့လဲ
အချစ်ဆိုတာငါတို့ နှစ်ယောက်အတွက်
ဘီလူးကြမ်းတွေစီးမိုးထားတဲ့ အိမ်မက်အလကာင်္
ခပ်ဆိုးဆိုးတစ်ပုဒ်ပါပဲ

တစ်ခါတလေ တမင်တကာမေ့ထားတဲ့ ပုံစံမျိုးနဲ့ 
ခွဲခွာခြင်းတရားကို ငါတို့ 
ဆက်မေ့ထားနိုင်ရင်အရမ်းကောင်းမှာပဲကွယ်
ငါတို့ နှစ်ယောက် အစကတည်းက
ခပ်စောစောလေး
ဆုံတွေ့ခဲ့ကြရင်ကောင်းသားနော်
ဒါမှမဟုတ်...
ငါတို့ နှစ်ယောက် အစကတည်းက
မဆုံတွေ့ခဲ့ကြရင်လဲအကောင်းသား

ကဗျာဆရာတာရာမင်းဝေရဲ့ 
ကဗျာထဲမှာတော့ပန်းတွေခူးရင်း
သူငယ်ချင်းတွေနဲ့ စကားပြောရင်း
နင်ငါ့ကိုမေ့သွားမှာပါတဲ့ 

ကောင်မလေးရေ...
ပန်းတွေခူးရင်းနဲ့ 
သူငယ်ချင်းတွေနဲ့ စကားပြောရင်းနဲ့ 
တစ်ခါတလေငါပို့ ထားတဲ့ 
ငါ့ ကဗျာလေးတွေကိုဖတ်ရင်းနဲ့ ပဲ
နင်ငါ့ကိုမေ့သွားနိုင်ပါစေသားကွယ်

ချစ်သူရေ....
ဝမ်းနည်းမနေပါနဲ့ ကွယ်
ခွဲခွာခြင်းဆိုတာလဲလူတိုင်းအတွက်
မတောင်းပဲ ပြည့်တဲ့ ဆုတစ်ခုကွဲ့...

အေးလေ....
အဲ့ဒီနောက်မှတော့ ငါကိုယ်တိုင်ချီနှောင်ထားတဲ့ 
အပြာရောင်ကြိုးလေးတစ်စကို ငါကိုယ်တိုင်လူမသိအောင်
တိုးတိုးတိတ်တိတ်နဲ့ ပြန်ဖြတ်တောက်လိုက်ပါ့ မယ်
အားလုံးပြီးဆုံးသွားပါပြီ
အရာအားလုံးဟာပြီးဆုံးသွားပါပြီးကွယ်
ဒါပေမယ့်
ငါတစ်ယောက်ထဲတိုးတိုးတိတ်တိတ်နဲ့ 
ဒါ.......ပေ.....မယ့်
ငါ....
တစ်....
ယောက်........ထဲ........တိုး....တိုး....တိတ်....တိတ်......နဲ့.....

No comments:

Post a Comment