ဝင်လာခဲ့ပါသူ ..............
ချစ်ခြင်းတရားရဲ့ ခန်းမဆောင်ထဲကို ရောက်လာဖို့
ဘ၀ရဲ့ ဘယ်လို အရံအတားမှ မရှိစေရဘူး။
ကြင်နာမှု အငွေ့အသက်တွေ ဖြန်းဆွတ်ထားတဲ့
နူးညံ့သော အလင်းရောင် တွေထဲမှာ ကျမ တို့နှစ်ယောက်
ရင်ခုန်စွာ ဆွေးနွေးကြရအောင်။
အယောင်ဆောင်လှည့်စားမှုတွေနဲ့ရှိနေတဲ့
မင်းနှလုံးသားမှာ ရက်စက်ခြင်းနဲ့ ထောင်ချောက်ဆင်ထားတာတွေ
ရုတ်သိမ်းပေးပါ။
လောင်ကျွှမ်းစေခဲ့တဲ့ ကြေကွဲစရာ အခန်းတွေကိုဖြိုချဖျက်ဆီးပေးပါ။
မင်းရဲ့ ချစ်ခြင်း ကို လျှို့ဝှက်စွာထည့်သိုထားတဲ့ နှလုံးသားပေါ်မှာ
အုပ်ငုံဖုံးကွယ်ထားတဲ့ သံမဏိအရေခွံဟာ တဖြည်းဖြည်းနဲ့ လုံခြုံစွာ
မကာကွယ်နိင်တော့မယ့်အချိန်။
ငြိမ်းချမ်းသော အမြင်၊ ကြည်လင်တဲ့ ဘ၀နဲ့
ချစ်ခြင်းတရား အစစ်အမှန်ဟာ မင်းရင်ထဲက တဖြည်းဖြည်း
ရုန်းကန်တိုးထွက်လာပါလိမ့်မယ်။
ဘ၀ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ပြီး ကောင်းကင်ပေါ်က
မြစ်တစင်းအဖြစ်နဲ့ ကျမ ရင်တွင်းကို စီးဆင်းပါလှည့်
မြစ်တစ်စင်းရဲ့ ခွန်အားနဲ့ နှလုံးသားပင်လယ်ပြင်တစ်ခု
ဖြစ်ထွန်းခံစားခွင့်ရတဲ့ ကျမ
မျှော်လင့်မှု အဆုံးတိုင်ရဲ့ ၀ိဥာဉ်အတိုင်း ပျော်ရွှင်ခြင်း ပီတိလှိုင်းတံပိုးတွေနဲ့
မွတ်သိပ်မှုတွေ ယိမ်းထိုးကခုန်ရင်း ကြိုဆိုပါရစေ။
ကျမ တို့နှစ်ယောက်ရဲ့ အကောင်းဆုံးအနာဂတ်ဆီ
အတူတကွလျှောက်လှမ်းကြရအောင်။
တမ်းတတ်ခြင်းရဲ့ အဆုံးမဲ့မှာ အပြစ်ကင်းစင်တဲ့ချစ်ခြင်းတို့
တည်ရှိနေတယ်ဆိုတာယုံပါ။
မင်းရဲ့ အချစ်ဆိုတာကို အပေါ်ယံလောက်ရစဉ်မှာပဲ
ကျမ နှလုံးသားကို အဆုံးခံစတေးရတော့မယ်ဆိုတာ သိခဲ့ပြီးသားပါ။
သူရယ် ..........
အချစ်ဆိုတာ တစ်မြေမှာ တစ်ပင်၊ တစ်ပင်မှာ တစ်ပွင့်၊ အဲဒီတစ်ပွင့်ဟာ
တစ်ယောက်ထဲအတွက်ပဲ ဖြစ်သင့်တယ်။
အပွင့်အများကြီးကို တစ်ဦးတည်း ပိုင်ဆိုင်တာမျိုးမှာ ဖြူစင်ရိုးသားမှု
ဆိုတာ ဘယ်သော အခါမှ မရှိနိုင်ပါဘူး။
ချစ်ခြင်းဟာ ဘ၀လောက် မကြီးကျယ်၊ မခမ်းနားမထည်ဝါဘူးလို့
ယူဆချင်တဲ့ မင်း အမြင်။
အပေါ်ယံချစ်ခြင်းအကြောင်းကို မကောင်းတဲ့ သဘောတရားတွေလို့
မင်းတွေးမြင်ခဲ့ရလို့သာ အဆိုးမြင်တာဖြစ်ပါလိမ့်မယ်။
တကယ်တန်းဆန်းစစ်ကြည့်ရင် လောကကြီးထဲမှာ ဘ၀ဆိုတဲ့ အရာဟာ
အချုပ်အချယ်ကင်းတဲ့ သံယောဇဉ်မျဉ်းတွေ ပါပဲလေ။
အကြဉ်ခံအလွမ်းနဲ့ တမ်းတခြင်း ချိုင့်ဝှမ်းများရဲ့ တန်ရာ တန်ကြေး
အဖြစ်အတွင်းသဏ္ဍာန်ရဲ့ကျေးကျွှန်စစ်စစ်သဘောလောက်သာရှိပါလိမ့်မယ် သူရယ်။
ခုတော့ ကျမ အခြေအနေဟာ ဖြစ်ရိုးဖြစ်စဉ်မကျတဲ့ ဣနြေ္ဒရရ လက်ဝါးတစ်စုံအောက်မှာ
ကျမ ကိုယ်တိုင် မဖော်စပ်နိင်သေးသလို ကိုယ်တိုင်လည်း
မမြင်မထိဖူးတဲ့ သူ့ရဲ့ အဆိပ်ဖြေဆေးဆိုတာကို သဲကြီးမဲကြီး လိုက်ရှာနေရပြီ သူရယ်။
ဘာကြောင့်လဲ ဆိုတော့ ...........
သူ့ကို တကယ်ချစ်တာ ကျမ ရင်ထဲမှာ သိလာလို့ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment