Sunday, February 21, 2010

လွင့်မျောခြင်းရဲ့ အဆုံး

နာရီတွေ လွင့်မျော
လေညင်းတွေ လွင့်မျော
အပြုံးတွေ လွင့်မျော
ခြေရာတွေ လွင့်မျော
အားလုံးကုန် လွင့်မျောလို့
ဘာကိုမှ မခံစားရ
ဘ၀ဆိုတာ လွင့်မျောရာလား
လွင့်မျောခြင်းနောက်
ကောက်ကောက်ပါအောင်လိုက်
သူ့ကို မေ့ချင်လို့ပါကွယ်
ဟော့ဒီမယ် တောင်ပံတစ်စုံ
လေဟုန်နဲ့ မျောလွင့်
လွင့်လိုက်ချင်ရဲ့
ရွက်တွေကို ဖွင့်
တံခါးတွေကို ဖွင့်
လေဟာပြင်ကို ဖွင့်
လွင့်မျောခြင်းရဲ့ အဆုံးကိုရှာ
လေမဲ့ ပေါ့ပါးခြင်းထဲမှာ ပျံဝဲရင်း
အပြင်းထန်ဆုံး ပေါက်ကွဲစမ်းပါရစေ။

No comments:

Post a Comment