Sunday, January 24, 2010

ချစ်သူတဲ့လား........ကျိန်စာသင့်ခဲ့တယ်

ချစ်

သူ

ရဲ့

အလင်းမဲ့

ကျိန်စာတွေအောက်

ကျွန်မနှလုံးသားတွေသေဆုံး

စကားလုံးကြမ်းရှရှတွေနဲ့မျက်နှာသစ်မိရင်း

ဖြူလွှလွှနှင်းစက်တွေနဲ့မာန်ဝင့်နေတဲ့မနက်ခင်းတွေအောက်

မျှော်လင့်ချက်ရောင်ခြည်တွေလမ်းထလျှောက်စေဖို့

မျက်ရည်တွေနဲ့ဟာမိုနီလိုက်ရင်း

ကျွန်မနှလုံးသားတွေသေဆုံး


ရို

မီ

ရို


နဲ့

ဂျူးလိယက်လည်းမရှိဘူး

အာဒံနဲ့ဧ၀ကိုလည်းမုန်းပစ်မယ်

ခေါင်းစဉ်ပြောင်းလဲခြင်းမရှိတဲ့ချစ်သူရဲ့ရှင်သန်ခြင်းတွေနဲ့

ထပ်တူကျနိုင်ဖို့ပန်းသီးပဲစားလိုက်ရင်ကောင်းမလား


ခပ်

လှမ်း

လှမ်း

က

နောက်ဆုတ်ခွဲခွာသွားတဲ့ချစ်သူရဲ့

အာပတ်ဖြေခွင့်မရှိတဲ့သံယောဇဉ်နှောင်ကြိုးတွေရဲ့

ရစ်ပတ်နှောင်ဖွဲ့မှုထဲမွန်းကျပ်လှောင်ပိတ်ရင်း

ကျွန်မနှလုံးသားတွေသေဆုံး

အစွဲအလန်းကြီးလွန်းတဲ့

ကျွန်မစိတ်တွေကိုငဲ့ညှာရင်း

မှောင်မိုက်လွန်းတဲ့အထီးကျန်ညတွေထဲစီးမျှောဝင်ဖို့

ကျွန်မအချစ်တွေကိုဘာကြောင့်များစတေးနေမိတာလည်းဆိုတာစဉ်းစားရင်း

ချစ်သူရဲ့အလင်းမဲ့ကျိန်စာတွေအောက်ကျွန်မနှလုံးသားတွေသေဆုံး

ကျွန်မ၀ိညာဉ်တွေပျောက်ဆုံးခဲ့ပေါ့

No comments:

Post a Comment