Thursday, January 28, 2010

နှလုံးသားထဲက....အရိပ်ကလေး

မြင်မြင်ခြင်းချစ်
နှလုံးသားထဲမှာ
မင်းပုံရိပ်လွှာ
တိုးလို့ ဝင်လာ
ဖျောက်ဖို့ ခက်တယ်
အရိပ်ကလေးရယ်...

အရှုးအမူးအရွယ်လည်း
မဟုတ်ပါပဲနဲ့ 
ရင်ကိုလာထိ
မင်းအပြုံးတစ်ချက်က
မြှားတစ်စင်းလိုပဲ
ထိချက်ပြင်းတယ်
ပြောတဲ့အခါလည်း...ဟားတိုက်လို့ရီ
မချစ်ဘူးလို့ ရှုးတယ်လို့ လဲ
မပြောလိုက်ပါနဲ့
အရိပ်ကလေးရယ်....

သူတို့ ပြောတယ်
ခဏတွေ့ အချစ်ပါ...မခိုင်မြဲပါဘူး
မေ့ သွားလိမ့် မယ်
ကြာရင်ပေါ့ ကွယ်
ပြောတော့ လွယ်...မေ့ ဖို့ ခက်သား
ခံစားဖူးမှ.....နားလည်သွားတယ်
အလွမ်းဆိုတာ...ဒီလိုပါလား
အရိပ်ကလေးရယ်......

ကိုယ်ပြောတဲ့စကား
ပြည်တွေခြားလည်း..နှလုံးသားဖြင့်
နားစိုက်လို့ ရယ်...ကြားနာပေးပါ
အယူခံတော့ မဟုတ်ခဲ့ပေမဲ့ 
ခဏတွေ့ အချစ်လဲသစ္စာရှိရင်
ခိုင်မြဲပါတယ်.....
နှလုံးသားထဲကအရိပ်ကလေးရယ်......

No comments:

Post a Comment