Sunday, January 31, 2010

ဆွတ်ပျံ့ ရာသီ

ဒါနောက်ဆုံး
ကာရန်တွေမချိုခဲ့ဘူး
ဆွတ်ပျံ့ သတိရဆဲနာရီတွေ ထပ်ဆင့်ပြိုကျ
“အမြဲတမ်းရှိခဲ့တယ်”
ဒီသီအိုရီတစ်ခုနဲ့ ပဲ ရင်ကွဲနာကို
တယုတယ ပွေ့ ဖက်မွေးမြူခဲ့ရ
ဆွေးမြေ့လွန်းတဲ့ ငါ့အချစ်က
ကန့် လန့် ကာချထားတဲ့ ကြေကွဲခန်းတွေထဲ
အတွယ်အတာမဲ့စွာပဲ ရင့်ကျက်ခဲ့ရ ပြန်တယ်
အကဲဖြတ်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ခေါင်းငုံ့ အရှုံးပေးထားရင်းမှ
တစ်ဖက်သတ်အရေးနိမ့်ခဲ့တာအတွက်
ငါဆုံးရှုံးခဲ့တာ
အသုံးချခံလိုက်ရတဲ့ ငါ့နှလုံးသား
ထားခဲ့လိုက်ပါ
ရောင်စဉ်ဖြာတဲ့ အလင်းတန်းဆီ နင်ခြေလှမ်းသွားပါ
ပိုးစုန်းကြူးငယ်ငါ့အလင်းတွေ
နင့်အတွက် ဘယ်လင်းခြင်းနိုင်ပါ့မလဲ
နာကျည်းစွာ ငါနားလည်ထားတယ်
ဒဏ်ရာတွေကို ငါအစားထိုးနေချိန်မှာ
နင့်ရဲ့ လိုအင်တွေနဲ့ ပဲ ငါ့အိပ်မက်တွေကိုတံထားထိုးပေးပါ
ပြင်ဆင်ခွင့်
နာကျင်ခွင့်မရှိလည်း
“အဆင်သင့်” ဆိုတာတစ်ခုအတွက်နဲ့ တင်
အနေတွေဝေးနေခဲ့လည်း
နင့်နံဘေးမှာ လှည့်ကြည့်ချိန်တိုင်း ငါအမြဲရှိပါရစေ .... ။

No comments:

Post a Comment