<3 ရွေ့လျားနေသော နာရီလက်တံကြောင့်
အချိန်တွေ အတိုင်းမသိ ကုန်ဆုံးခဲ့ပြီ
<3 ပါးလွှာ၍ ထက်မြင်သောဓါးလေးကြောင့်
ပန်းသီးလေးတောင် ဘ၀ပျက်ရရှာလေပြီ
<3 နီရဲ ၍ ပူလောင်သော မီးတောက်လေးကြောင့်
မီးဖိုပေါ်က အသားဟင်း တောင်စားမရဖြစ်ကုန်ပြီ
<3 နေမင်းရဲ့ ပူလောင်မှုကြောင့်
ပန်းကလေး တောင်ညှိုးနွမ်း သွားရှာပြီ
<3 မိုးနတ်မင်း ရဲ့ အကြင်နာကင်းမှုကြောင့်
သစ်ပင်ပေါ်က ငှက်တွေတောင် အအေးမိကုန်ပြီ
<3 နင့် ရဲ့ ရက်စက်ပြီး ညှို့ချက်ပြင်းသော
အကြည့်တွေကြောင့်
<3 ငါ့ အသည်းတွေတောင် ကွဲအက်ပျက်စီး ခဲ့ရလေပြီ…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment