ခြား...
လူချင်းလည်း ကွဲပြားလို့...
အသံလေး ကြားရဖို့တောင်...
နေနဲ့ညတွေက အထားမှား...
ဆောင်းရာသီရဲ့ အအေးခါးက...
တဆိတ် စိမ်းကားလွန်းတယ်...
အာရုံအလင်းတွေ တံခါးခေါက်...
အလွမ်းသွေ့ခြောက်ခြောက်နဲ့...
မနက်မိုးသောက်ဖို့...
တစ်နေ့တစ်ခေါက် ငါ နိုးပြန်တယ်...
အနာဂတ်အရေး ရှာကြံတွေး...
အတိတ်ဝေးဝေးလည်း ရေးရေးမြင်တယ်...
ပစ္စုပ္ပန်အတွက်တော့ အလွမ်းတေး...
ဧည့်ခန်းရှေ့က ဖုန်းမြည်သံပေးမှ...
ငါ ရင်အေးရတယ်...
နေ့မှာ စိတ်တွေကိုချုပ်...
အသံတိတ်နဲ့ ကဗျာတွေထုတ်...
ညညဆို အပူရုပ်နဲ့...
ကြယ်တွေရှေ့ အားအင်ယုတ်လို့...
အားလုံးခြုံ ဘုံထုတ်တော့...
တစ်ရက်မှာ ၂၄နာရီ ရဲ့ အလုပ်...
သူ့အကြောင်းနဲ့ပဲ ရှုပ်တယ်...
နေ့အခါနဲ့ ညသာသာ...
အချိန်အခါနဲ့ ရာသီအထာ...
မေ့လျော့ခြင်း ဝါသနာ...
ငါ့မှာ အချိန်ပြည့် ဝေဒနာ...
မနေ့တစ်နေ့က အဆွေး...
အိပ်ချိန်တွေကဝေးရင်...
သူ့ကို မေ့ဆေး...
ငါ့မှာ ဖြေဆေး မရှိပြီ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment