အို….ဖလောရာ
ငါ့ရင်ခွင်ဟင်းလင်း
နှင်းဆီတစ်ခင်း ကြွေဆင်းသွားတယ်
ဥသြရဲ့ နွေသီချင်း
ငါထင်းထင်းကြားတယ်
အမှောင်ညရဲ့ ပုံဆောင်ခဲ
ငါ…. တင်းတင်းဆုပ်ကိုင်ဆဲ
အတ္တပဲ ခရမ်းပြာပွင့်တွေ ပြန့်ကြဲ
မင်းဟာ လာဗင်ဒါ ပါပဲ….
ငွေရှိရင်ဆိုပြေ
ok တဲ့ အန္ဓ ဟာ
ငွေရရင် ဘာမဆို
bravo လိုဟစ်ကြွေး….
ဘာလိုသေးလဲအချစ်ရယ်တဲ့
၁... နောက်မှာ သုညတွေတိုးထား
ရိုးသားတဲ့ သုညတွေအလစ်မှာ
၁.... နေရာကိုဝင်ယူ ထိုအကြင်သူဟာ….
ရူပါလည်း မနိပ်
အရိပ်လည်း မထွက်
အရှက်လည်း ဗလာ
အနာလည်း မရှိ
အသိလည်း မထား
အသွားလည်း မဖြောင့်
ဖနောင့်လည်း တို၏
မျက်ထောင့်လည်း နီ၏
ဝီစကီစော်လည်း နံလေ၏
သူ့ကိုကြည့်လျင် သူကပြန်မကြည့်
သူ့ကိုမကြည့်လျင် သူကစွေ၍ကြည့်၏
ထို ပဟေဠိ ဖြေကြည့်ပါ အဆွေတော်။
တကယ်ပါ လော်ရယ်
မင်းနဲ့ငါ ကြယ်နှင်တံတွေနဲ့
ပစ်ပေါက် ကစားပြီး
မြှားပလိုင်းမှာ ပန်းများပွင့်၍
လေးညို့မှာ ဆောင်းခတ်သံ ကြားပါစေ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment