Friday, January 1, 2010

မလွမ်းလောက်ပါ

သစ္စာဆိုတဲ့ စကားကို
နားခါးလောက်အောင် ရေရွတ်မှာ မဟုတ်ပါ
အထပ်ထပ် ကတိတွေ ထားပြီးကာမှ
အမှားတစ်ခုကို စုံနင်း
ရောင်ကွင်းပြေးထွက်မယ်လူ မဟုတ်ဘူး
၇င်ထဲ ထည့်ပြီး လိုက်ပြီးဆိုမှ
အာနည်းချက်ရှာပြီး လမ်းခွဲ
အသစ်တစ်ယောက် တွဲမဲ့လူမဟုတ်ဘူး
ဒါပေမဲ့
သူမကြင်လို့ မခင်တော့၇င်
သူအသစ်မြင်လို သစ္စာမသိ၇င်
ဒီကလည်း အချစ်ကို ဦးညွတ်
နွံတစ်ခုထဲ အနစ်ခံလို့
မေတ္တာကျွန် ဖြစ်နေမယ့် လူမဟုတ်ဘူး.............

No comments:

Post a Comment