Friday, January 1, 2010

မျက်ရည်များရဲ့ သမိုင်းကြောင်း

သူ့ကို လွမ်းလို့
စို့သည့်မျက်ရည်
မသုတ်လေဘူး
စိုစေ ရွှဲစေ
နေပါစေတော့
ရေပြင်သမုတ်
ဖြစ်သွားစေ............။

ချစ်ခဲ့ဖူးတယ်
တကယ့်ကိုပဲ
အသည်းစွဲမျှ
လက်တွဲလို့လျှောက်
တို့နှစ်ယောက်က
အပျောက်မခံ
ခြေသံတွေကြား
စိမ်းလေလားကွယ်။
ပါးချင်းအပ်လို့
မျက်ရည်စို့ကြ
လမ်းခွဲရမယ့်
လက်ပြနှုတ်ဆက်
နောက်ဆုံးရက်တွေ
ပြန်လာမှာပဲ
စိတ်အစွဲနဲ့
နွေထဲလမ်းလျှောက်
မ တစ်ယောက်သာ
သူ့ကိုရှာလည်း
ဘယ်မှာပုန်း၍
မုန်းမေ့ရက်စက်
နင်းခြွေဖျက်သူ
ရင်ထက်အသည်း
ကြင်လျက်ကွဲပြီး
သူပဲ တမင်
ရှောင်လေသလား.........?

No comments:

Post a Comment