Friday, January 1, 2010

အေးချမ်းချင်ရင် မချစ် နဲ့ ဘေးမသန်းချင်ရင် မမုန်း နဲ့ ……

နည်းနည်း ချစ်ရင်
နည်းနည်း ပူလောင်ရတယ်။
များများချစ်ရင်
များများပူလောင်ရတယ်။
လုံးဝ မချစ်ရင်
လုံးဝ မပူလောင်ရတော့ဘူး။
ဘယ်သူ့ ကိုမှ
ဘယ်အရာကိုမှ
မချစ်လိုက်ပါနဲ့။
နည်းနည်း မုန်းရင်
နည်းနည်းဆင်းရဲရတယ် ။
များများမုန်းရင်
များများ ဆင်းရဲရတယ်။
လုံးဝ မမုန်းရင်
လုံးဝ မဆင်းရဲ ရတော့ဘူး။
ဘယ်သူ့ကိုမှ
ဘယ်အရာကိုမှ
မမုန်းလိုက်ပါနဲ့။

No comments:

Post a Comment