ငါ့လက်တို့ ပြိုလဲ အဲဒီအတိုင်း ပဲဆက်သွား
သွားနေသွားနေ သွား အစဉ်အမြဲပါ
အလင်းမိုက်ထဲ ရှောင်ပုန်း မင်းအရိပ်တို့ လိုက်ဖမ်းတိုင်း ငါမရရှိပဲနဲ့ (နင်)ထွက်ပြေးဆဲ
ဟူး…..
ပြောဖိုကြိုးစားလဲ အရှုံးသာမြင်ထားခဲ့
အလွမ်းများဖုံးလွှမ်းဆဲ အနမ်းတွေခြောက်ခမ်းခဲ့
နှလုံးသား အတ္တလှိုင်း ခံစားနေငါနေ့တိုင်း
ရူး…..
အနီးဆုံးမှာ ဝေးတုန်း မင်းအနားမှာနေလည်း
အချစ်ရဲ့အငွေ့အသက် တစ်စက်မှ မျှော်လင့်မရ
အကြောင်းပြချက်မရှိဘဲ… နှင်းပန်းတိုပြန့်ကြဲ
အလွမ်းတွေလားလိုမေး ငိုကြွေးခဲ့….
ရှုံးနိမ့်သွားပြီ တကယ့်အလင်းရောင်မရှိ
ညရဲ့ရှိုက်သံ ငါရှောင်နေမိ….
ဘာကြောင့်များလဲ နင်ချစ်ခဲ့ပြီး
အနမ်းတွေမရှိတောင် ငါမစိုးရိမ်ခဲ့
ဝေးစရာအကြောင်းလဲ တကယ်ငါမမြင်နိုင်လို့.
ငါမင်းနဲ့အတူ အချစ်လမ်းခရီး
မဆုံးရှုံးနှိုင် ငါတွေးခဲ့တယ်
အတ္တမရှိ ငါချစ်မိ…..
ငါ့ရဲ့ကမ်းခြေ တကယ်အလွမ်းတွေပြည့်
မင်းမျက်ဝန်းတွေ ငါရှာနေမိ…..
ဘာကြောင့်များလဲ ဒီအလွမ်းရဲ့မီး
ငြိမ်းစရာအချစ်မရှိ တကယ်ကျွမ်းလောင်ပြီး
ရှိုက်သံမဲ့အောင် ငါငိုနေမိ…..
နင် ပြေး အဝေး ငါ….. (ငါမုန်းလို့မရ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment