Wednesday, December 16, 2009

သို့

အချစ်ဆိုတဲ့အရာရယ်
ငါ့အတွက်တော့
နင်ဟာသိပ်ခါးလွန်းတယ်
အစစ်အမှန်ကိုမှ တောင့်တခဲ့တဲ့ဒီရင်ကို
အလွမ်းတွေနှင့်သတ် မာယာတွေနဲ့ပြုစားပြီး
စွဲလန်းခြင်းနွံမှာ ဘာကြောင့် နစ်မြုပ်စေခဲ့တာလဲ

မင်းရိုက်ချိုးခဲ့တဲ့ရင်ခွင်တံခါး
ပြန်လည်လို့ချိတ်ပိတ်ပေးပါ ချစ်သူရယ်
ငါ့ရဲ့အနာဂတ်မီးအိမ်
ငါကိုယ်တိုင်
ထွန်းညှိပါရစေ

ဖေးကူမလိုနှင့် လွတ်ချရက်သော

မျှဝေမလိုနှင့် ရင်နင့်စေသော

ရယ်မလိုနှင့် ငိုစေခဲ့သော

`သင့်ကို´
ပုဒ်မများစွာနှင့် စွဲချက်တင်မည်
တံလျှပ်များသာ ရှိသော
၁၅၀၀ လွင်ပြင်
သင် တစ်ကိုယ်တည်း
ဖြတ် . . သန်း . . ရ . . ပါ . . စေ

No comments:

Post a Comment