Saturday, December 26, 2009

ကြယ်တွေနဲ့ည


ဟိုးကောင်းကင်ကြီးမှာ ကြယ်တွေမကြွေသေးဘူး
တစ်ကိုယ်စာဆွတ်ရုံလေး
ညွတ်မိတာပါ

ငါတို့တတွေ ငါးစာတပ်ပြီး
ငါးကိုမျှားနေရတယ်
ငါးမရပဲငါးက
ငါးစာကိုပြန်ပြန်စားနေတဲ့အဖြစ်

အိပ်မက်ရထားတွေက
ငါတို့နှလုံးသားတွေထဲအကြိမ်ကြိမ်သာ
ဖြတ်မောင်းသွားတယ်
ရပ်နားခွင့်မရခဲ့ဘူး

နှုတ်ဆက်ချိန်နှင်းတွေက
မှောင်ရီဝိုးတ၀ါး
အဝေးက ကြယ်ပွင့်များရယ် လွမ်းအောင်ကူချွဲ

ကမ္ဘာမြေကြီးက
တနင့်တပိုးထမ်းထားတဲ့
မေတ္တာတရားနဲ့သစ္စာတရားတွေ
မစီးဆင်းသရွေ့ အတိတ်မှာသမိုင်းရှိတယ်
ပစ္စုပ္ပန်မှာ သမိုင်းရှိတယ်
အနာဂတ်မှာလည်းသမိုင်းတွေရှိတယ်

အဲ့ဒီသမိုင်းတွေထဲမှာ
ငါတို့ရဲ့ ကဗျာတွေ စာတွေ ရှိတယ်

No comments:

Post a Comment