ဆောင်းလေညှင်း ဖြည်းဖြည်းလေး
ငါ့ နှလုံးသားကို တိုက်စား
တဖဲ့ တဖဲ့နဲ့  လေထဲလွင့်သွား
တစ်စက်ချင်း တစ်စက်ချင်း
နှလုံးသွေးတွေယိုစိမ့်လို့ လာ
နာကျင်တာထက်… နှလုံးထဲကိုစူးရှ
နှလုံးသားရဲ့ ရင်ဘတ်ထဲသို့ 
ခြစ်မိတဲ့ ဒဏ်ရာ… ရင်ဆိုင်ဖို့ 
ငါ ကြောက်နေမိတယ်….
သဘာဝတရားကို မလွန်ဆန်နိုင်
ရရှိသွားတဲ့ အခြစ်ဒဏ်ရာတွေကို
ကျေကျေနပ်နပ်နဲ့  လောကကြီး
ငါ ရင်ဆိုင်သွားမယ်……
ဒဏ်ရာ ဒဏ်ချက်နဲ့  နူးညံ့တဲ့ 
နှလုံးသားကို…အနိုင်မယူပါနဲ့ 
နောက်ထပ် ခြစ်ရာ ဒဏ်ရာတွေ
ငါ့ရင်မှာ မဆန့် နိုင်တော့ဘူး
ကံကြမ္မာရဲ့  အပြောင်းလဲကို
ကြိုမမြင်နိုင်တော့ ….
လောကဓံရဲ့ … ၀ဋ်ကြွေး
ပေးဆပ်ရမှာကို အရမ်း
ကြောက်နေမိပြီလေ....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment