Tuesday, March 2, 2010

ငါ့ကို မချစ်ပါနဲ့

ငါ့ကို မချစ်ပါနဲ့
နှလုံးသားကို ပတ္တမြားနဲ့ထုဆစ်
ကျောက်ကပ်ကို စိန်စီ
အသည်းမှာ ပုလဲကိုခြယ်မှ
အချစ်ဆိုတာ စံချိန်မှီမှာတဲ့လား ........

မင်းနဲ့ငါ လျှောက်မဲ့ခရီး
ရွှေလမ်းတွေ အပြည့်ခင်းပြီး
ငွေမိုးတွေ ရွာချမှ
အချစ်ဆိုတာ လှပမှာလား ........

အောင်မြင်မှုကို ဆုပ်ကိုင်
ကျော်ကြားမှုကို အလံထူပြီး
ထည်ဝါမှုကို ပိုင်ဆိုင်မှ
အချစ်ဆိုတာ ခိုင်မြဲမှာလား .......

ဒီလိုဆိုရင်တော့ကောင်လေးရေ
ငါဟာ အရောင်မရှိ အဆင်းမရှိ
အနံ့မရှိ အရသာမရှိတဲ့
ရေလို လူမျိုးမို့

ဝမ်းနည်းပါတယ်ကွာ
ကျေးဇူးပြုပြီး ငါ့ကိုမချစ်ပါနဲ့ ..............

No comments:

Post a Comment