Wednesday, September 9, 2009

နယ်ကျွံမိတဲ့အချစ်

ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့ . . .

တကယ်ဆို မဖြစ်သင့်မှန်းလဲသိပါတယ်
မချစ်သင့်မှန်းလဲ သိခဲ့ပါတယ်
ဒါပေမယ့် . . .
ငါနောင်တရမိပါတယ်
မင်းကိုချစ်မိတဲ့ အတွက်တော့ မဟုတ်ပါဘူး
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို
ငါ ကျေးဇူးမတင်ဘူး

တကယ်ဆို လမ်းခွဲဖို့သင့်ပြီဆိုတာလဲ
ငါ သေချာသိနေပါပြီ
ဒါပေမယ့် . . .
မပြတ်မသားနဲ့ ရှေ့ကို ဆက်ဆက်တိုးနေမိတာလဲ
ငါ့ကိုယ်ငါ မယုံနိုင်ပါဘူး

တကယ်လို့ ငါတို့ ဝေးသွားကြမယ်ဆိုရင်
မင်းနဲ့ တစ်ဘ၀စာ မတွေ့ရတော့ဘူးဆိုရင်တောင်
မင်းကို ချစ်တဲ့နှလုံးသားတစ်ခုတော့
ငါ့မှာ တစ်သက်လုံး ကျန်ခဲ့မှာပါ
အဲဒီအတွက် . . .
ငါ ကျေနပ်တယ် ။

သြော် . . .
ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့ . . .

No comments:

Post a Comment