လွမ်း . . .
ရင်နင့်အောင် လွမ်းတယ်တဲ့လား
အပြောလွယ်သလောက် တကယ်ရော ဟုတ်ရဲ့လား . . .
ဝေး . . .
မဝေးချင်ပါဘူးတဲ့
ရင်ထဲကပြောခဲ့တာရော ဟုတ်ရဲ့လား . . .
ဆွေး . . .
နင်ထားခဲ့ရင် ငါဆွေးနေမိမှာတဲ့
အဲဒီလို ပြောခဲ့ဖူးတာ မင်းရော ဟုတ်ရဲ့လား . . .
တွေး . . .
နင့်အကြောင်းတွေ အချိန်တိုင်း တွေးနေပါတယ်တဲ့
စိတ်ထဲမှာ ရှိနေခဲ့တာရော ဟုတ်ရဲ့လား . . .
ယုံပါတဲ့ . . . ဘာကိုယုံပေးရမှာလဲ
တွဲသွားမှာကိုလား ၊ ခွဲသွားမှာကိုလား . . .
ချစ်တာကိုလား ၊ အပြစ်ရှာမှာကိုလား . . .
No comments:
Post a Comment