Friday, September 4, 2009

ဖြေသိမ့်ခြင်း

မစမ်းသင့်မှန်းသိပေမယ့်
ဆေးခါးတစ်ခွက်ကို အပြုံးမပျက်
မော့သောက်ပြစ်ချင်တရ်
စိတ်သဘောမပါတဲ့ နင့်ရဲ့အသံကိုမှ
အစဉ်အမြဲ ကြားချင်မိတရ်
မလှမ်းသင့်တဲ့ ငါ့ခြေထောက်တွေကို
နင်မကြိုဆိုလဲ မသိမသာနင့်အနားမှာရှိနေမိတရ်
ရေလာမြောင်းပေးမဟုတ်ခဲ့ပဲ ကူညီဖေးမခဲ့တဲ့အတွက်
နင့်ရဲ့စိတ်တွေေ၀၀ါးနေတရ်ဆိုရင်
အားနာမှုနဲ့ နင်ငါ့အနားမှာမနေသင့်ပါဘူး
တာဝန်တစ်ခုလိုဖြစ်တဲ့ ငါ့ကိုနှိပ်စက်အုံးမှာလား
ပိုင်ဆိုင်ခြင်းမဟုတ်တဲ့ မြတ်နိုးမှုကိုတွက်ပြီး
ပြတိုက်ထဲကရှေးဟောင်းအရုပ်ကလေးတစ်ရုပ်လို
အဝေးကပဲလှမ်းကြည့်ပြီး ဖြေသိမ့်ပါတော့မယ်ဟာ..................

No comments:

Post a Comment