မတွေ့ ကြတဲ့အခါ
မေ့ ရတာခက်ပေမယ့်လည်း
ငါ့ ရင်မှာမင်းတစ်ယောက်ပဲရှိမယ်.....။
မင်းရင်မှာငါမရှိလည်း
မင်းကိုငါချစ်မိတယ်.......။
စိတ်ဆိုးအောင်အမြဲစပြီး
မင်းလေး စိတ်ဆိုးတာ
ချစ်စရာအရမ်းကောင်းတယ်ဆိုတဲ့
စကားသံမှာလည်း
မြတ်နိုးပျော်ဝင်စွာ
ချစ်မိတယ်....။
သံသရာ မိုင်
ဘယ်လောက်ပဲဝေးပါစေ
မလွမ်းနဲ့ချစ်သူရေ မဆွေးနဲ့ချစ်သူရေ.....
ဝေးခဲ့ရတဲ့ အချိန်မှန်သမျှ
ချစ်သူက
နားလည်ခွင့်လွတ်မှု ရှိနေသမျှ
တစ်နေ့မှာ...........
မင်းအနား ကိုယ် ရောက်လာမှာပါလို့ ပြောတဲ့ ချစ်သူရေ
ငါလေမင်းကို ချစ်တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment