Wednesday, September 16, 2009
အကောင့် ဘမ်း ခံရလို့စိတ်ညစ်နေပါသလား?
အခုတလောကျွန်တော်တို့ နိုင်ငံက လူတွေတချို့ဟာ gmail, gtalk နဲ့ vzo chat အစရှိတယ် အခမဲ့ ဝန်ဆောင်မှုပေးတယ့် application တွေကို သုံးလာတာအများအပြားဖြစ်လာပါပီ အယ်ဒီလို သုံးစွဲသူတွေများပြားလာတာနဲ့ အမျှ လက်တည့်စမ်းသူတွေ အကောင့်တွေကို ban တာ hacking လုပ်တာတွေဟာ မကြာခဏ ဆိုသလို ကြားရပါတယ် ။ ကျနော် တို့လို ဖွံဖြိုးဆဲ နိုင်ငံတွေမှာ အွန်လိုင်းကနေ ဈေးဝယ်ထွက်တာ ။ credit card သုံးတာတွေ မရှိသေးပါဝူး ။ ဒါကြောင့် ပြသာနာတွေဟာ သိပ်မကြီးမားဝူးလို့ ထင်ရပါတယ် ။ ကိုယ့်ရဲ့ social သုံးနေတယ့် အကောင့် ကို ခိုးခံရပီသော လည်းကောင်း spam mail အရေအတွက် များပြားလာတာကြောင့် account password တွေကို locking ချတာဖြစ်ပေါ်တာကြောင့်လည်း ကောင်း သင့်ရဲ့အကောင့် ကို ခိုးခံရပီ လို့ သံသယ ၀င်တတ်ကြပါတယ်။အယ်ဒီလို ဖြစ်လာတယ့်အခါ တယောက်ကို တယောက် အကူအညီတောင်း နဲ့ အရမ်းကို အလုပ်တွေရှုပ်လာကြပါတယ် . ဒါပေမယ့် ကျနော် အခု ပေးမယ့်လင့်ခ် လေးကတော့ သိပီးသားသူတွေလည်း သိမှာပါ မသိသေးတယ့်သူတွေအတွက်ရည်၇ွယ်ထား တာပါ အယ်ဒီမှာ အချက်တွေကို မှန်အောင် သော်လည်းကောင်း ခန့်မှန်းခြေဖြည့်ရမှာပါ ဒီလိုနည်းလမ်းတွေ နဲ့ ကိုယ့်အကောင့် ကို လူတွေက ခြိမ်းခြောက်လာကြပါတယ် ဒါပေမယ့် သူတို့ပြောတယ့် မင်းရဲ့ contact အကောင့် (၅) ခုကို သိရင် မင်းအကောင့်ကို ခိုးခံရပီလို့ ထင်နေကြတယ် ဒါတွေက အလကားခြိမ်းခြောက်တာတွေပါ မင်းရဲ့ Most contact ထဲကလူငါးယောက်နဲ့ မင်းစတင်ပီး ဒီအကောင့်ကို ဖွင့်တယ့်နေ့ (အနီးစပ်ဆုံးပေါ့) ဒါတွေသိမှ လုပ်လို့ရမှာပါ ။ အကယ်ရ်ျ သင့်အကောင့် ban ခံရပီဆိုပါတော့ ဘယ်အချိန်က ဒီအကောင့်ကို ဖွင့်ခဲ့တာလည်း ဆိုတာကိုသင်ကိုယ်တိုင်တောင် မှတ်မိမှာ မဟုတ်ပါဝူး ။။။ ဒါကြောင့်ဒီနေရာမှာ အကြံ ပေးပါရစေ ခုခေတ်လူငယ်တွေမှာ အနည်းဆုံးအကောင့် (၃) (၄) ခုလောက်တော့ရှိမှာပါ ၊ အယ်ဒီမှာ သင့်အကောင့်တွေကို တခုနဲ့ တခု ချိတ်ဆက်ပီး သုံးရင် hacking လုပ်ဖို့ မလွယ်ကူပါဝူး ။http://lucobest.multiply.com/links/item/8ခုဖော်ပြမှာက တော့ အွန်လိုင်းက သူငယ်ချင်းတယောက်က မေးတာလေးပါ...ဒီနည်းလမ်းကတော့ filter ခံတာလေးပါ ။ တချို့သိတာတွေကတော့ filter ဆိုတာ မလိုချင်တယ့်မေးလ်တွေ spam , spyware , malware တွေကို ကာကွယ်စေချင်သောလည်းကောင်း စိတ်အနှောက်ယှက်ပေးတယ့် မေးလ်တွေ စာတွေ ကို inbox ထဲမရောက်အောင်လုပ်တာပါ ...ဒီနေရာမှာ ပထမ ဥိးဆုံးအနေနဲ့  ကိုယ့် Gmail account ထဲမှာ label ထားရမှာပါ...၁.သင့်ရဲ့ inbox (menu bar) အောက်မှာ မြှားလေး၇ှိပါတယ် ။ ဒီမြှားကို click လုပ်ပီး creat label ဆိုတာကို click ပါ..၂.ပေါ်လာတယ့် box လေးမှာ သင် နှစ်သက်ရာနာမည်ကို ပေးပါ ဥပမာ - mail striker ဆိုပါတော့၃.အယ်ဒီ label ကို သင်ပြုလုပ်ပီး ပီ ဆိုတာနဲ့ အယ်ဒီ label ထဲကို ထည့်ချင်တယ့် မေးလ်း ကို ဘေးနားမှာ ရှိတယ့် လေးထောင့် box သေးသေး လေးကို အမှန်ခြစ်ပါ၎.ပီးရင် ဒီမေးလ်တွေရဲ့ အပေါ်မှာ more action ကို click ပါ (မှတ်ချက် ။ ။ မေးလ် တခုခု ကို အမှန်ခြစ်ထားမှ လုပ်လို့ရမှာပါ )၅.ပေါ်လာတယ့် ဇယားလေးမှာfilter message like these ဆိုတာလေးကို click ပါ၆.ဒါဆိုရင် အပေါ်ကနေ item box တခုကျလာပါမယ် အယ်ဒီမှာ ဘာမှ ရေးစရာမလိုပါဝူး skip နှိပ်ပါ၇.skip the inbox (archieve it) / apply the label / Also apply filter to 90 conversation below ဒီသုံးခုကို အမှန်ခြစ်ပါ၈. နောက်ဆုံးအနေနဲ့  create filter ကို နှိပ်လိုက်ပါဒါဆိုရင် သင့် ဆီကို ရောက်လာတယ့် မေးလ်က အလိုလို အယ်ဒီနေရာကို ရောက်သွားပါလိမ့်မယ်......သင် ဖတ်ရူ ချင်လျင်တော့ အယ်ဒီနေရာကို သွားရမှာပါ...label တွေကို inbox (menu bar) တွေမှာ အစီစဉ်အလိုက် a to z ,1.2.3. သော်လည်းကောင်း စီစဉ်သွားပါလိမ့်မယ်ဒါက forward mail များကို auto သိမ်းဆည်းခြင်းပါ....အရာရာ အားလုံးအဆင်ပြေပါစေကမ္ဘာကျော် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service အသုံးပြုသူများအတွက်Offline Gmail ကို ဇန်နဝါရီလကုန်ပိုင်းတွင် Google မှ စတင်ဖြန့်ဝေလိုက်ပြီဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့်ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsof Outlook ကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှုမရှိသည့်အချိန်တွင်လည်း အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကိုမိမိ၏ကွန်ပျူတာတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Service တွင်Account တစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ (Sent mail) နှင့်ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာသိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ပြန်လည်ကြည့်ရှုနိုင်သည်။ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါကအဆိုပါ Account နှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို GmailServer တွင်သာမက မိမိကွန်ပျူတာရှိ E-mail Server တွင်လည်း တစ်ပြိုင်းတည်းdownload လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmailသုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mailAccountသို့ ဝင်ရောက်လာသော Inbox mail ၊ အခြားသူထံ ပို့လိုက်သော Sent mail နှင့်Attachment file များအားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Server တွင်လည်း တစ်ပြိုင်တည်းသိမ်းဆည်းထားနိုင်လိမ့်မည် ။ ထို့ကြောင့် Gmail သုံးစွဲသူသည်အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် သိမ်းဆည်းထားနိုင်ပြီးအင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် GoogleGear ကို အသုံးပြုကာ GoogleServer ရှိ သုံးစွဲသူ၏ Gmail ဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ အလိုအလျောက်download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါကအောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။၁။ Gmailသို့ sign-in လုပ်ရပါမည်။၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ"Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ"Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကိုလက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ်ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူမြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင်သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့် Attachmentfileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download လုပ်ပြီးသိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည် စမ်းသပ်နေဆဲ(LabVersion)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝအသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟုသိရသည်။မှတ်ချက်။ ။ကိုယ်ပိုင်သီးသန့်ကွန်ပျူတာသုံး မဟုတ်သူများ မလုပ်သင့်ပါ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment