မေမေ
မေမေရေ…မေမေ
ထမင်းဆီဆမ်းပြီးရင် သမီးကို
မေမေ့ လင်ဗန်းလေးနဲ့ပဲပေးပါ။
အဲဒါက……ဘာလဲဟင် မေမေ
အဲဒါက……ဖြစ်မယ်ထင်တယ်နော် မေမေ
အဲဒါက…… မဟုတ်ဘူး မေမေရဲ့ 
ဘာပဲဖြစ်ဖြစ် မေမေကတော့ခေါင်းငြိမ့်နေတက်ပါတယ်
မေမေ…ရယ်………………
လမင်းကြီးလို သမီးမော့ကြည့်ခဲ့ရတဲ့ မေမေ
အခု… လက်ပတ်နာရီလေးလို ငုံ့ကြည့်နေရတဲ့ မေမေ
သမီးကြီးထွားလာဖို့ မေမေကသေးနုံ့သွားတာမဟုတ်ပေမယ့်
ဆံစတွေကို ပွတ်သပ်ပေးတဲ့ မေမေ့လက်တွေကတော့
သမီးဦးခေါင်းပေါ်ရှိတုန်းပါပဲ……။
သမီးအိပ်မက်တွေမကောင်းတဲ့အခါ
ရေတစ်ခွက်မတိုက်ပါနဲ့ .. မေမေ
အိပ်ရာဝင်ပုံပြင်လေးကိုပဲ
ငယ်ငယ်ကလို တစ်ခေါက်ပြန်ပြောပြပါ….
ငှက်ကလေးတစ်ကောင်အတွေးနဲ့
ကျွန်တော်က သစ်သီးတစ်လုံးကိုက်ချီဖို့ စဉ်းစားချိန်မှာ
မေမေကတော့ သူ့သမီးအတွက် အတောင်ပံဖြစ်ပေးချင်ပုံရ
လေဟာနယ်ဖြစ်ပေးချင်ပုံရ..
သစ်ကိုင်းတစ်ကိုင်းဖြစ်ပေးချင်ပုံရခဲ့တယ်……..
တစ်ကယ်တော့…မေမေရယ်
သမီးရော မေမေရော မြူမှုန်လေးတွေပါ
မေမေက သမီးကိုချစ်တာ၊ သားကမေမေကို ချစ်တာ
ဒါကပဲ….. သမီးတို့အတွက်
စၾကာဝဠာ အနႏ ၱကမ ၻာၿဖစ္သြားတာပါ။
ကျောင်းတံခါးတွေနဲ့ ဝေါ်ရာသွားတဲ့နေ့တုန်းက
သမီးကိုခေါင်းလောင်းသံလို ဆူညံခဲ့တဲ့..မေမေ..
သမီးက.. နှင်းဆီပွင့်လေးပေးတော့
သူ ရယ်တယ်မေမေ…. ဆိုတုန်းကလည်း
သမီးရယ်….. လို့ ရေရွတ်ခဲ့တဲ့ မေမေ…..
ဘဝဆိုတာ…….
မေမေဖျော်ပေးခဲ့တဲ့ ကော်ဖီခွက်လိုမှ မဟုတ်တာကွယ်.. ဆိုတော့လည်း မေမေ….
သမီးလေ… အိမ်ကလေးကို မမြင်နိုင်တဲ့ညတွေတုန်းက
ကြယ်တွေကိုမြင်တိုင်း မေမေ့ကိုသတိရ
မေမေ့ အပြုံးလည်း အဲဒီလို တဖျတ်ဖျတ်လက်တယ်…
သမီး ရဲ့  လမ်းကဆူးတွေကို သမီး ထွင်တာတောင်
မေမေက သမီးကိုယ်စားနာကျင်နေခဲ့မှာ…….
မေမေရယ်……..
အဲဒီတုန်းက
မေမေ့ဆီ သမီးစာထည့်ဖြစ်ဘူး
မေမေ့ဆီ သမီးအသံတွေ မပို့ဖြစ်ဘူး
ဒါပေမယ့်…….. အရင်ကအတိုင်း
မေမေရေ…. မေမေ လို့တော့အမြဲသတိရ
သမီး……. ဖွဖွလေး ” တ” ပါရဲ့  မေမေ။ ။
မေမေရေ……. မေမေ
သမီးကို အိပ်ရာဝင်ပုံပြင်လေး ပြန်ပြောပြပါ။
ပြီးရင်……
ထမင်းဆီဆမ်းကို မေမေ့လင်ဗန်းနဲ့ပဲပေးပါ မေမေ။
Subscribe to:
Post Comments (Atom)
သြော် အခုတော့လည်း
ReplyDeleteအင်း.................သမီးအလိမ္မာလေးပေါ့နော်