Saturday, November 28, 2009

ကွဲအက်သံ

ရင်တခု ကွဲအက်သွားလို့ တဲ့

ဘယ်သူမှ မသိလိုက်ကြဘူး လေ

အင်းလေ တိုးတိတ်ညင်သာလွန်းတာကိုး

စိုးစိတ်အရင်ပါခဲ့စဉ်တုန်းက ဘာတဲ့ တွေးပူမနေပါနဲ့ 

နှစ်သိမ့်ခဲ့ အချစ်အဆိမ့်မှာ နစ်မျောနေခဲ့တာ

သက္ကရာဇ်တွေ ပြောင်းသွားတာ အမူမဲ့ အမှတ်မဲ့ပဲ

ရေရေလည်လည်ကျွမ်ကျင်တဲ့ စုတ်ခြတ်တွေနဲ့ 

ငါ့ဘ၀ကိုသူ့ ဆေးခြယ် နောက်ကွယ်မှာတော့ ဟားမယ်ကလေးပဲ

သူ့ ရဲ့ ရွှေ့ ကွက်တွေ ငါဥာဏ်မမီ ကွာဝေးခဲ့ အရမ်းချစ်တာပဲယုံပါနော်

အမြဲတမ်းဒါလေးနဲ့  ကျန်တဲ့ကိစ္စငါမတွေး ခဲ့ ငါ့အတွေးထဲ

သူ က ခမ်းနားမူရဲ့ ပြယုဂ် အရောင်တွေဖြာထွက်နေတာ င့ါဘ၀ကြီးစင်စင်လင်းလို့ 

အဲဒါ က တံလျှပ်တွေ ဆိုတာကို ဥာဏ် ပု တဲ့ ငါ မစဉ်းစားမိခဲ့လို့ 

လှလှ ပ ပကြီးကို ဒဏ်သင့်ခဲ့ ပြီလေ

အလွမ်းပြေတောင်စိတ်ချင်း ပွတ်သပ်ခွင့်မရှိတော့ဘူးတဲ့


ကမ္ဘာပျက်တာမဟုတ်ဘူး မရှိတော့တာ

လောက ဟာလာ ပြင်ကြီးမှာ
မှီတွယ်ရာ မဲ့  မျော နေရသလို ပါပဲ


ဘယ်ရောက်ဘယ်ပေါက်မှန်းမသိ လွင့်ပျံ

ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အမြင့်မှာ


ထားပြီး သီကုံးခဲ့ တဲ့မင်းနာမည် တွေတောင် ကြယ်နဲ့ အတူ

ကြွေခဲ့ပြီ ပဲ


နာတယ်ကွာ ဆုမတောင်းလိုက်ရဘူး မှင်သက် အံသြနေခဲ့တာနဲ့ 

No comments:

Post a Comment